Quantcast
Channel: ဒီမိုဝေယံ
Viewing all 780 articles
Browse latest View live
အသားတိုး ဒေသ ခံကြက်စီမံကိန်း အပိုင်း(၂) (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ) ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)
$
0
0
အသားတိုး ဒေသ ခံကြက်စီမံကိန်း အပိုင်း(၂)
(တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်) 
 ဒေသခံ ဥစား  အသားစား- ကြက်စီမံကိန်း
သဘာဝ ဒေသခံ  ကြက်များကို  အများအားဖြင့် ကျေးလက်တွင်အဓိက သဘာဝအတိုင်း လွှတ်ကျောင်းမွေးမြူကြပါသည်။  ဒီတော့ ထုံးစံအတိုင်း ကျေးရွာတွေမှာ  တခါတရံ  ကြက်နာရောဂါ ကျတတ်တော့   ကြက်နာကျလျင်  ရွာလုံးကျွတ်  ကြက်မျိုးတုံးသော  အဖြစ်များကို    မကြာခန ကြုံကြရပါသည်။  တခါ ကြက်ဥကို သဘာဝနည်းအရ  ကြက်မကြီးကို ဝပ်စေသောအခါ ကြက်ကလေးများ ပေါက်ဖွားနှုန်းမှာ  ဖေါက်စက်ဖြင့်  ဖေါက်သော နှုန်းလောက် မရနိုင်သလို  ကြက်မတစ်ကောင်သည်  ပျှမ်းမျှ-  ကြက်ကလေး ၁၂ - ကောင်လောက်ဘဲ ပေါက်တတ်ပြီး  သားခွဲချိန်အရောက်တွင်  အသားတင် ကြက်ကလေး..၆ - ကောင်လောက်သာ  ပျှမ်းမျှရနိုင်ပါသည်။
တနည်း သဘာဝနည်းဖြင့်တော့  ဒေသခံကြက်ကိုမွေးမြူပြီး နို်င်ငံတော်တွင်  ကြက်သားအထွက်တိုးရန် စီမံချက်ကို    အားကိုးလို့ မရသည်ကတော့ သေချာပါသည်။ သို့ အတွက်  ကျနော်သည်  ယခုစီမံကိန်းကို တွေးတော ကြံဆယူမိပါသည်။.  ဘယ်နိုင်ငံတွင်မှ  စမ်းသပ်ခြင်း  လက်တွေ့ ကျင့်သုံးထားခြင်း မရှိသေးသော စီမံချက်ဖြစ်ပါသည်။  တနည်း   MY  BRAIN  CHILD  PROJECT   မြန်မာလိုတော့  ကျနော်ဦးဏှောက်က မွေးဖွားလာသော စီမံချက်ဖြစ်ပါသည်။
ဒီနေရာမှာ  စကာအသုံးအနှုန်းလေးကို (သိသူများရှိပါသည်။ မသိသေးသူများကို ရည်ညွှန်းပါသည်)။  အထက်ပါ စကားစု  BRAIN  CHILD   နင့်   CHILD  BRAIN မှာ  ပြောင်းပြန်ဖြစ်နေသလို အဓိပ္ပါယ်မှာလဲ ပြောင်းပြန်ဖြစ်ပါသည်။   Child  Brain ကလေးဥိးဏှောက်  ဟု နိမ်ပြောသော ဝေါဟာရဖြစ်ပါသည်။    Brain Child ဦးဏှောက်မှ  မွေးဖွားလာသော နှင့်အဓိပ္ပါယ်  ပြောင်းပြန်ဖြစ်ပါသည်။
ယခု စီမံချက်ကို ဆက်လက် တင်ပြလိုပါသည်။  ဒေသခံရွာ  ကြက်မကြီးက  ဥများဥပြီး  ဥများလာသောအခါ   ကြက်မကြီးက  ဥများအပေါ်တွင် ဝပ်ပေးပြီး ဖေါက်ပါသည်။   ကြက်ကလေးများ ပေါက်ရန်   ၂၁ - ရက် ကြာဝပ်ရပါသည်။
ယခုနည်းတွင်  ကြက်မကြီး စတင်ဝပ်လို့  ၂-ရက်ရတာနဲ့ ကြက်ဥဖေါက်စက်ဖြင့် ဖေါက်ထားသော  ကြက်ပေါက်ကလေးများကို ထဲ့ပေးလိုက်တော့  ကြက်မကြီလဲ မပင်ပန်း  ကြက်ပေါက်ချိန် ကိုလျှော့ချပေးနိုင် လိုက်ပါသည်။  မိမိလိုချင်သော  ကြက်အကောင်ပေါက် အရေအတွက်ကို  ထဲ့ပေးနိုင်ပါသည်။
ကြက်မကြိးသည် ဝပ်နေစဉ်တွင် တရက်လျှင်  တစ်ကြိမ်သာ  ဝပ်ကျင်းမှ ဆင်းကာ  အညောင်းဖြေ.. အစာစား   ရေသောက် တကြိမ်သာပြုရသည်မှာ  အလွန်ပင်ပန်းသော ဖြစ်စဉ်ဖြစ်ပါသည်။ ပေါက်ပြန်တော့လဲ  ကြက်အကောင်ရေ အနည်းငယ်သာ ရပါမည်။
ကြက်မကြီးသည်  သဘာဝသဘောအရ  ကြက်ဥ ၁၂ -ဥ မှ ၂ဝ -ဥ ခန့် ဥပြီးလျှင်  ကြက်ဥများအပေါ် ၀ပ်ပါတော့သည်။  ယခုနည်းတွင်  ကြက်မကြီးကို  ကြက်ဥအတုများ အပေါ်ဝပ်စေပါမည်။  သဘာဝတွင် ကြက်ကလေးများပေါက်ရန် ၂၁-ရက် ဝပ်ရပါသည်။  ဒီနည်းမှာတော့ ကြက်မကြိးဝပ်ရက်..၂-  ရက်အရတွင်  ဖေါက်စက်မှ တစ်ရက်သား  နှစ်ရက်သား ကြက်ကလေးများ  (အကောင် အရေအတွက်  ( ကြက်မအရွယ်အစားကို လိုက်ပြီး ) အကောင် ၂၅-ကောင်မှ ၃၅ -ကောင်အထိ ကြက်မကြိးထဲကို   ညဘက်တွင်ထဲ့ ပေးရပါမည်။
နောက်တနေ့ တွင်  ကြက်မကြီးနှင့်  ကြက်ပေါက်လေးများကို  (၁ဝ-ပေ x ၁ဝ-ပေ) ကျယ်သော ခြံကလေးတွင်  ထားရှိပါမည်  ၎င်းခြံတွင်  ရက်သတ္တ.၂- မှ ၃-ပတ်ခန့်  အထိကြက်ပေါက်လေးများ သန်မာလာသည်အထိ ထားရှိပါမည်။
၎င်း (၁ဝ x ၁ဝ) ခြံလေးခြံကို  အောက်ခြေကို (ကြက်ပေါက်လေးများ မထွက်နိုင်အောင်) အပိတ်အစ (ပလပ်စတစ်အထူ..။ မြွေခွံအိတ်အထူ၊  တာပေါ်လင်)  စသည်ဖြင့် ကာရံထားရပါမည်။  ကြက်ပေါက်လေးများ  တဖက်ခြံဘက်သို့ ကူးသွားမိလျှင်  တဖက်ခြံမှ ကြက်မက  သေအောင် သတ်တတ်ပါသည်။  အပေါ်ပိုင်းကိုမူ ငါးဖမ်းပိုက်ကွန်အဟောင်း (ဈေးပေါသည့်) ဖြင့်ကာထားပါမည်။  ကြက်ခြံလေးခုကို  လေးဒေါင့်ဆက်စပ် ထိထားပါမည်။  အလယ်ကို လိုအပ်လျှင်  မီးအပူပေးနိုင်ပါသည်။
ကြက်ပေါက်လေးများကို  ကာကွယ်ဆေး ပြည်ပြည့်စုံစုံပေးထား  ထိုးထားမည်ဖြစ်သဖြင့်  တော်တန်ရုံကြက်နာ မကျနိုင်တော့ပါ။  ခြံအတွင်း  အစာရေစာ လုံလောက်စွာနှင့် ထားရှိသည့်အတွက်  အန္တရာယ်ကင်းပြီး ကြီးထွား နှုန်းမြင့်မားပါသည်။
ကြက်ကလေးများကို အစာရေစာ လုံလောက်စွားကျွေးမွေးပြီး   ၎င်းခြံတွင် ရက် ၂ဝ-ခန့်ထားပြီး သဘာဝ လွှတ်ကျောင်းနိုင်ပါပြီ။  နှစ်လခန့် အရတွင်  သားခွဲပါတော့သည်။   ကြက်သားခွဲလျှင်  ကြက်မကြီးကို  အဖွဲ့ သို့ ပြန်ပေးရပါမည်။ ကြက်ပေါက်ကလေးများကို  သဘာဝအတိုင်း အစာရှာ စားသောက်စေသလို မနက်ပိုင်းနှင့် ညနေအိပ်တန်းတက်ခါနီးတွင်  သဘာဝအစာများ  (ပြောင်းဆံ ..ပြောင်းဖူးစေ့) များကျွေးမွေးနိုင်သလို  သိပ္ပံစပ်ကြက်စာများလဲ ကျွေးနိုင်ပါသည်။  ၄-လမှ  ၆- လခန့် အရတွင် ကြက်ကလေးများသည် အလေးချိန် ၇၅ - ကျပ်သားခန့် စီးလာလျှင်  ရောင်းချနိုင်ပါတော့သည်။  ၈ - လခန့် အထိမွေးလျှင် လည်းပိုအသားတိုးပါသည်။  သဘာဝအတိုင်း လွှတ်ကျောင်းထားသဖြင့် ပိုးမွှားလေးများကိုလဲ စားနိုင်ခွင့်ရစေပါသည်။
၎င်းနည်းဖြင့်မွေးထားသော ရွာကြက်များကို  FREE  RANGE  ORGANIC  CHICKEN  ဟုသတ်မှတ်နိုင်ပါသည်။  အနောက်နိုင်ငံနှင့် ဂျပန်နိုင်ငံတွေမှာတော့ ဈေးအလွန်ကြီးပါသည်။  ကျနော်တို့ များများ ထုတ်လုပ်နိုင်လျင်  မီဒီယာများတွင်လည်း  သဘာဝရွာကြက်က  ယောက်ျားဟော်မုန်း ပြည့်ဝစွာပါတာကို  ရေးသားလာကြလျှင်  ကျနော်တို့  ပြည်ပဈေးကွက်ပင် တိုးလာပါမည်။
ကြက်ကလေးများ  ဈေးကွက်ရောင်းချချိန်တွင်  အဖွဲ့ သို့  ယူထားသော ကြက်အပေါက်ကောင်ရေအလိုက် (ဥပမာ-  ကြက်ပေါက် ၁ဝ- လျှင် တစ်ကောင်နှုန်း)  ပြန်ပေးဆပ်စေပါမည်။  သို့ မှသာလျှင်အဖွဲ့ တွင် ဘတ်ဂျက် တိုးပွားလာသလို  အဖွဲ့ တွင်လုပ်နေသာ အဖွဲ့ သားများကို လစာထောက်ပံ့နို်င်ပါမည်။ လက်ခံ တောင်သူတွင်လည်း  မိမိနည်းရိုးရာသဘာဝ  မွေးသည်ထက်  ဝင်ငွေအဆများစွာ ပိုမိုလာပါမည်။    WIN - WIN ဖြစ်ပါသည် ။
သို့မှသာ   စီမံကိန်းအလှုရှင်ကိုလဲ  သူ၏အလှုသည် မည်မျှတိုးပွားလာပြီး  တောင်သူမိသားစုအတွက် အဘယ်မျှ ဝင်ငွေတိုးတက် စေသည်များကို  စားရင်းဇယားအတိအကျနင့်  ပြသနို်င်ပါမည် ။  အလှုရှင်သည်မိမိအလှု  ခြောက်လလျှင် တကြိမ်  မည်မျှတိုးပွားလာနေသည်။  အဖွဲ့ တွင်လဲ  မိမိလှူထားသော ကြက် (ဥပမာ -၁ဝဝ ကောင်)မှ အဖွဲ့ အတွက် မည်မျှတိုးနေပြီ။  လယ်သမားမိသားစု  မည်မျှဝင်ငွေရရှိထားပြီ၊ ကြက်အကောင် မည်မျှအထိ တိုးပွားနေပြီကို  သီးခြားစာရင်း ဇယားများဖြင့် ပြသနေနိုင်ပါမည်။ တခါလှူရုံနင့်  ပဒေသာပင်လို တိုးပွားနေသော အလှုဖြစ်ပါမည်။
တောင်သူလယ်သမား၏  ဒုတိယဝင်ငွေ
လယ်သမားတစ်ဦးသည်  မြေနေရာအကျယ်အဝန်းအလိုက် ကြက်ပေါက်လေးများကို  အဖွဲ့ မှ ရယူနိုင်ပါသည်။  မြေကျယ်ကျယ်ရှိသူ တစ်ဦးလျင် ကြက်မ ၄ မှ ၁ဝ ကောင်အထိ မွေးလို့ ရပါသည်။ ကြက်မတစ်ကောင်လျင် ပျှမ်းမျှ ကြက်ပေါက် ၂၅  မှ  ၃၅ အထိထိန်း မွေးမြူစေနိင်ပါသည်။
လယ်သမားတစ်ဦးသည် ကြက်မ လေးကောင်ယူလျင် တစ်ကြိမ်ကို ၅- လခန့် မွေးရပါမည်။  မျှမ်းမျှ တနှစ်လျင် နစ်ကြိမ်ယူနိုင်လျှင်  ကြက်ပေါက် အကောင်ရေ  ( ၃ဝ x ဂ - ၂၄ဝ ) ရယူထားပါမည်။  အရွယ်ရောက်ကြက် အကောင် ၂ဝဝ အသားတင် ရှင်လျှင် အဖွဲ့ သို့  (၁ဝ ကောင် တစ်ကောင်နှုန်းပြန်ဆပ်လျှင် ၁၇၅ ကောင်ရောင်းချနိုင်ပါမည်။
တစ်ကောင်သည် ပျှမ်းမျှ ၇၅ ကျပ်သားခန့် လေးပါသည်။  ကြက်ပိဿာချိန် ၁၃ဝ ပိဿာရှိပါမည်။  ကာလပေါက်ဈေး (ဒိုင်သွင်းဈေး ) - ၄၅ဝဝ ကျပ် ဈေးဖြင့်သွင်းရလျှင် ၅၈ဝဝဝဝ ခန့် ဝင်ပါမည်။  အစာဖိုးနုတ်လျှင် ၄ဝဝဝဝဝ (လေးသိန်း) ခန့်ဝင်ပါမည် ။
စာရင်းစစ်အဖွဲ့ များလာရောက်စစ်ဆေးနိုင်အောင်  နေ့ စဉ်စားရင်ကိုင်းအဖွဲ့ ထားရှိထားရပါမည်။
အချုပ်အားဖြင့်
(၁) သဘာဝနည်းအတိုင်း ကြက်မကြီးကို ဝပ်စေသောနည်းဖြင့်နိုင်ငံတော် တွင်အသားအထွက် တိုးအောင်လုပ်ဆောင်ရန်   ဘယ်လိုမှ မအောင်မြင်နိုင်ပါ။
ယခုနည်းသော်၎င်း အလားတူ ပိုမိုကောင်းမွန်သောနည်းသော်၎င်း  တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ရပါမည်။  ရွာကြက်သား အထွက်တိုးလာလျှင်  သိပ္ဗံကြက်သားဈေးမှာ  ချက်ချင်းကျလာပါမည်။ သူတို့ မှာ လိုအပ်လျှင် ဈေးချနိုင်ပါသည်။
(၂) တောင်သူလယ်မားများ  မြို့ ငယ်နေ ခြံကျယ်ရှိသော မိသားစုများ ၊  တပ်မတော် မိသားစုများ ကို  ဒုတိယဝင်ငွေတိုးစေပါမည်။  သမ္မတကြီး၏  ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်  တစ်နည်းတစ်ဖုံ အထောက်အကူ ဖြစ်စေပါမည်။
(၃)ကျားဟိုမုန်းများသော  ဒေသခံ  ကြက်သားကို စားသုန်းခြင်းဖြင့်  မြန်မာနိုင်ငံသား  ယောက်ျားလေးများ  အခြာက်ဖြစ်မှု များလာမှုမှ  တားဆီးနိုင်ပါမည်။
(၄) စားသုံးသူတို့ အတွက်လည်း  အရသာပိုကောင်းသော  အဟာရပိုမိုပြည့်ဝသော။  သဘာဝကို မလွန်ဆန်  အသားကို ပေါပေါလင်လင် စားသုံးခွင့်ရစေပါမည်။
(၅) ယခုနည်းသည်  ကြက်ဥဖေါက်စက် အတွက်သာ အရင်းအနည်းငယ်ရှိပြီး  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန် လွယ်ကူပြီး  လုပ်ငန်းချဲ့ ရန်လွယ်ကူသည့်အတွက်  အလျင်အမြန်ချဲ့ ထွင်နိုင်ပါသဖြင့်  ကြက်အကောင်ရေတိုးရန်  အသားအထွက်တိုးရန်  အရင်းအနှီး အနည်းဆုံး နည်းဖြစ်ပါသည်။
(၆) မီဒီယာများနင့် ဆေးပညာရှင်များမှ  ဟော်မုန်းကိစ္စ  သဘောတူလက်ခံပြီး  ကမ္ဘာသိလာအောင် ရေးသားလာကြလျင်  မြန်မာတောရွာကြက်ဈေးကွက် ကမ္ဘာကိုဖြန့် နိုင်လာပါမည်။ FREE   RANGE  ORGANIC  CHICKEN  ဈေးကွက်ကြီး ပေါ်လာပါမည်။   ထိုင်းနိုင်ငံသည်  ထိုဈေးကွက်၏  ပင်မဖေါက်သည် ဖြစ်ပါသည်။
(၇) ကြက်မကြီးနင့် ကြက်ပေါက်လေးများ သားခွဲပြီးလျင်  မွေးမြူသူသည်  ၎င်းလုပ်နိုင်  ထိန်းနိုင်လျင် တနှစ်ကို ကြက်မနှင့် သားပေါက် ၅ ကြိမ်ခန့် အထိ ယူနိုင်ပါသည်။  ထိုပမာဏနှင့် မွေးနိုင်လျှင် တနှစ်ဝင်ငွေ ၁ဝ သိန်းခန့် အပိုဝင်ငွေ တိုးစေပါမည်။
(၈) ကျေးရွာတွေမှာ အလုပ်အကိုင်ရှားပါး၍ တနေ့ တခြားလူများမြို့ သို့ ရွှေ့ပြောင်း လာနေမှုကိုဟန့် တားနိုင်ပါမည်။
(၉) မြန်မာများကြက်သား  နှင့်ကြက်ဥဈေးပေါလျှင် များများစားလာကြသည့် အတွက်  မြန်မာလူမျိုးများ  ခန္ဓာကိုယ် ဖွံ့ ဖြိုးကြီးထွားလာပြီး  ကျမ်းမာရေး စားရိတ် လျော့ကျလာပါမည်။  ကျန်းမာသန်စွမ်းသည့်အတွက်  လုပ်အားစွမ်းရည်များလည်းတိုးပွားလာပါမည် ။
ကျနော် စဉ်းစားမိသမျှ ဝေမျှလိုက်ပါသည်။ တစ်နိုင်ငံလုံးကျန်းမာ  ချမ်းသာကြပါစေ။
လေးစားစွာဖြင့်
လှိုင်မြင့်
အသားတိုး ဒေသ ခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်) အပိုင်း(၁) ပြန်ဖတ်လိုလျှင်
မလေးရှားနိုင်ငံ ပီနန်မြို့ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း (၂၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲ
$
0
0
မလေးရှားနိုင်ငံ ပီနန်မြို့ ဓမ္မိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း (၂၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲ
 (မှတ်တမ်း ရုပ်သံ) BRO Malaysia
Tin Ko Ko မှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးသို့ ပေးစာ..
$
0
0
Tin Ko Ko မှ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးသို့ ပေးစာ 
 ဓာတ်ခွဲခန်းထဲမှ စမ်းသပ်ခံ ကြွက်စုတ်မှ အစမ်းသပ်ခံ ပညာရေးစနစ်ကြောင့် နစ်နာခဲ့ရသော နိုင်ငံရတနာများ၏ ကိုယ်စားဝန်ကြီးသို့  ပေးစာတစ်စောင်ရေး
ပို့ လိုက်ပါတယ်။
အရင်က ဒီလိုစာမျိုး မရေးဖူးတာကြောင့် မရည်ရွယ်ပဲ အမှားများပါသွားပါက ရည်မှန်းချက်ပျောက်ပြီး ဘ၀ဆုံးနေပြီဟု ကိုယ့်ကိုယ်ကို ထင်မြင်နေတဲ့ ကျွန်တော် ကြွက်စုတ်ကို ခွင့်လွတ်စေလိုပါတယ်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှ နိုင်ငံသားတစ်ယောက်ရဲ့  ရသင့်တဲ့ အခွင့်အရေးအရ နိုင်ငံသားပီပီ သိပ္ပံနှင့်နည်းပညာဝန်ကြီးငှာန လက်အောက်ရှိ ပညာရေးစနစ်မှာ တွေ့ ကြုံနေရတဲ့ ပွင့်လင်းမြင်သာမှုအရှိဆုံး အခက်အခဲများနဲ့ နစ်နာခဲ့မှုများကို ၀န်ကြီးသိစေရန် ရေးသားပေးပို့ လိုက်ပါတယ်။
ဝန်ကြီးခင်ဗျား...
ကျွန်တော်က ၂၀၀၈ ခုနှစ်ကစပြီး သန်လျင်နည်းပညာ တက္ကသိုလ်မှာ မြို့ ပြ အင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ပညာသင်ကြားခဲ့ရသူ ဖြစ်ပါတယ်။၂၀၀၈ခုနှစ် ပထမနှစ်တစ်နှစ်ထဲမှာပဲ မြို့ ပြအင်ဂျင်နီယာအထူးပြုကျောင်းသား၊ကျောင်းသူပေါင်း
တစ်ထောင်ကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် အောင်စာရင်းမှာ BE ၀င်ခွင့်ကို လူနှစ်ရာကျော်ပဲ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပညာသင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ လက်ရှိဝန်ကြီးအပါအ၀င် ၀န်ကြီး သုံးယောက်ပြောင်းခဲ့ပါတယ်။
ဝန်ကြီးခင်ဗျား...
ကျွန်တော်အစက ပြောခဲ့တဲ့ ကျောင်းသား၊ကျောင်းသူတစ်ထောင်ကျော်ဟာ နောက်ဆုံးနှစ် BE ၀င်ခွင့်ကို လူနှစ်ရာကျော်ပဲ ၀င်ခွင့်ရခဲ့တာဟာ ကျန်တဲ့ ကျောင်းသားတွေ မကြိုးစားခဲ့လို့ ချည်း မဟုတ်ပါဘူး။သူတို့ သာ မကြိုးစားခဲ့ရိုးမှန်ရင် မြန်မာ့ပညာတတ်
အသိုင်းအ၀န်းမှာ လူတစ်ရာမှာ ၈၀ လောက်က ငပျင်းတွေလို့ ဆိုရာရောက်ပါတယ်။ ဒီလိုငပျင်းတွေသာ များခဲ့ရင် မြန်မာနိုင်ငံဆိုတာ အခုထက်ထိရှိနိုင်ပါဦးမလား။
ဝန်ကြီးခင်ဗျား...
ကျွန်တော် ပထမနှစ်ကျောင်းသားဘ၀တုန်းက အခက်အခဲတချို့ ကို တင်ပြလိုပါတယ်။အခန်းတွင်း ထိုင်ခုံလုံလောက်မှု မရှိခြင်း၊ဆရာ၊ဆရာမတွေရဲ့  စာရှင်းပြတဲ့အသံဟာ ကျောင်းသားတွေများပြားလွန်းလို့  တစ်ခန်းလုံးကြားအောင် မလွမ်းမိုးနိုင်ပါဘူး။
နောက်ပြီး နိုင်ငံတကာမှာလို စာသင်ချိန်မှာ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးခွင့် သိပ်မရခဲ့ပါဘူး။အဆိုးဆုံးကတော့ လူနှစ်ရာမှာ ဖတ်စာအုပ် ကိုင်နိုင်တာ လူနှစ်ဆယ်လောက်ပဲရှိပါတယ်။ကျောင်းသားတွေမွဲနေလို့ စာအုပ်မ၀ယ်တာ
မဟုတ်ပါဘူး။စာအုပ်ကိုကျောင်းတွေမှာ အလုံအလောက်မချထားပေးလို့ ပါ။
ဒီနေ့ ထိ ဖတ်စာအုပ်မလုံလောက်တဲ့ ပြဿနာဟာ နည်းပညာတက္ကသိုလ်တွေမှာ ရင်ဆိုင်နေရဆဲပါ။
ဆရာ၊ဆရာမတွေဘက်က ကြည့် ပြန်ရင်လည်း အရမ်းကို ပင်ပန်းလှပါတယ်။
ပထမနှစ်တုန်းက မြေတိုင်းဘာသာရပ်ကို သင်တဲ့ဆရာမဆို ကျောင်းသားပေါင်း တစ်ထောင်ကျော်(စာသင်ခန်း ၅ ခန်း) ကို သူတစ်ယောက်တည်းပဲ မရပ်မနားသင်ပေးခဲ့ရတာပါ။
အခြားဆရာ၊ဆရာမတွေကလည်း တစ်ခန်းလုံးကြားအောင် သင်ပေးနေရတာကြောင့်
အသံတွေဝင်တဲ့အထိ ဒုက္ခရောက်ကြပါတယ်။
ကိုယ်ချင်းလည်း စာမိပါတယ်။
နောက်ပိုင်း ပါချုပ်ရဲ့ စီမံမှုနဲ့ စပီကာများ၊ထိုင်ခုံများ လုံလောက်လာပေမယ့် ဖတ်စာအုပ်မလုံလောက်တဲ့ ပြဿနာကတော့ မပြေလည်ခဲ့ပါဘူး။
အရင်ကပညာကို အပတ်တကုပ်သင်ယူမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တဲ့
ကျောင်းသားအများစုကလည်း စာသင်ခန်းတွေကို ကျောခိုင်းသွားခဲ့ကြပါတယ်။
Roll Call ခေါ်ခါနီးမှသာ အတန်းလာတက်ကြပါတော့တယ်။
ဝန်ကြီးခင်ဗျား...
သိပ္ပံနှင့်နည်းပညာဝန်ကြီးငှာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များနဲ့ ကောလိပ်များမှာ ဆရာအင်အား၊ကျောင်းသုံး ပရိဘောဂ၊ဖတ်စာအုပ်တွေ လုံလောက်မှုမရှိတာကို မနှစ်က ကျွန်တော်ကျောင်းမှ ထွက်လာခဲ့သည်အထိ မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရပါတယ်။
လက်တွေ့ နှင့် သင်ထောက်ကူပစ္စည်းများဆို ပိုလို့ တောင် မပြည့် စုံပါ။နှစ်ဆုံးတော့ ဖတ်စာအုပ်တွေ မထုတ်ပေးနိုင်တော့သဖြင့် အတန်းပိုင်ဆီမှစာအုပ်ဖိုးငွေတွေပြန်တောင်းခဲ့ရပါတယ်။
နှစ်သာကုန်သွားတယ်။ဖတ်စာအုပ်မရတာ ဖြစ်သင့်ပါသလား။ဘာစာကို ဘယ်လိုကျက်လို့  ဘာကိုသွားဖြေရမှာလဲ။ဆရာရှင်းပြတာကို ဘယ်စာအုပ်ထဲမှာလိုက်မှတ်ရမှာလဲ။ထားပါတော့။ကျွန်တော်တို့ တွေ မိတ္တူအားကိုးနဲ့ ထို ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။
ဝန်ကြီးခင်ဗျား...
ကျွန်တော်တို့  2008 enrolled ကျောင်းသားအများစုဟာ sample 30 အလွတ်ကျက်စနစ်နဲ့ အသားကျခဲ့သူတွေပါ။
sample 30 ဆိုတာကလည်း အရင်နှစ်နောင်တော်တွေကို စမ်းသပ်ခဲ့တဲ့ ပညာရေးစနစ်တစ်ခုပါ။
ပထမနှစ်ထဲက ဆရာ၊ဆရာမတွေက "sample မကိုင်နဲ့ ဥာဏ်စမ်းမေးမှာ ဒီနှစ်လွယ်မှာ မဟုတ်ဘူး"ဆိုတဲ့ စကားလုံးတွေနဲ့ ဆုံးမခဲ့ပါတယ်။ဒါပေမယ့် သူတို့ ဆုံးမတဲ့အတိုင်း လက်တွေ့ မှာ မဖြစ်လာပါဘူး။စာမေးပွဲမှာ
အရင်နှစ်တွေကအတိုင်း sample 30 ထဲကပဲဆက်မေးခဲ့ပါတယ်။
ပထမနှစ်လည်း sample 30 နောက်ဒုတိယနှစ်၊တတိယနှစ်တွေ လည်း sample 30 ထဲကပဲမေးလာခဲ့တော့ ကျောင်းသားအများစုက ပေါ့ပေါ့လေး တွေးခဲ့ကြပါတယ်။
2012 ခုနှစ်မှာ အလားတူ ဆိုဆုံးမမှုတွေကြားခဲ့ရတာပါပဲ...ဒါပေမယ့် ပထမနှစ်ထဲက အပြောပဲရှိပြီး အလုပ်နဲ့ သက်သေ မပြခဲ့တာတွေက B Tech Second Year မှာကျောင်းသားတွေကို အငိုက်ဖမ်းပြီး သက်သေပြခဲ့တာ ရင်နာဖို့ ကောင်းပါတယ်။မဖြစ်သင့်ဘူးလို့ လည်း ထင်ပါတယ်။
ဝန်ကြီးခင်ဗျား...
2012ခုနှစ် B Tech ကျောင်းသားအများစုဟာ First Semeter Grade တွေမထွက်ခင်ကတည်းထဲကစာကို သေချာကြိုးစားသင်ယူခဲ့ကြပါတယ်။
ကျွန်တော့်လို ဘာမှနားမလည်လို့  အလွတ်ကျက်ဖြေတဲ့သူတောင် အတန်းမှန်မှန်တတ်ပြီး စာကို သေချာကြိုးစားခဲ့တာပါ။
ဒါပေမယ့် အဲ့ဒီ့နှစ်က မေးသွားတဲ့ မေးခွန်းတွေကလည်း တချို့ ဆို ဆရာတွေတောင် မမြင်ဖူး၊မသင်ဖူးတဲ့မေးခွန်းတွေဖြစ်နေပါတယ်။
အခုထိ အဲ့ဒီ့ မေးခွန်းတွေကို စိတ်နာလွန်းလို့ သိမ်းထားဆဲပါ။
ဝန်ကြီး လေ့လာချင်ရင် scan ဖတ်ပြီး ပို့ ပေးပါ့မယ်။ပညာရေးစနစ်ပြောင်းပြီး BE ကိုလွယ်လွယ်မပေးတော့ဘူးဆိုတဲ့ စနစ်ကြောင့် အောင်စာရင်းမှာ ကျွန်တော်အပါအ၀င် ကျောင်းသူကျောင်းသားတော်တော်များများဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ BE မပါခဲ့ကြပါဘူး။
အဲ့ဒီအောင်စာရင်းထွက်တဲ့နေ့ ဟာ ကျောင်းသားမိဘအများစုနဲ့ နိုင်ငံ့အနာဂတ်တွေရဲ့  စိတ်ဓာတ်ကို အညွန့် ချိုးခံလိုက်ရတဲ့နေ့ လို့ တောင် တင်စားပြီးပြောလို့ ရပါတယ်။
ဝန်ကြီးခင်ဗျား...
2012မှာ BE မ၀င်ခဲ့ရလို့  ကျွန်တော်ဝမ်းမနည်းခဲ့ပါဘူး။မြန်မာ့ပညာရေး အပြောင်းအလဲအတွက် ပေးဆပ်ခဲ့ရတယ်လို့ သဘောထားပြီး ဂုဏ်တောင်ယူခဲ့ပါသေးတယ်။
ဒါပေမယ့် 10.11.2013 အောင်စာရင်းမှာ အရင်ပုံစံအတိုင်း မေးခွန်းတွေကို Sample
Question ထဲကအများစုမေးပြီး အောင်စာရင်းမှာလည်း ဘန်းစကားအရ ဆွမ်းကြီးလောင်းသလို BE ပါသူတွေ အရမ်းကို များပြားခဲ့ပါတယ်။
ဝန်ကြီးခင်ဗျား...
2012 မှာ BE မပါခဲ့တဲ့ကျောင်းသားတွေဟာ အခုဆို ရည်မှန်းချက်ပျောက်သလို ခံစားနေရပါပြီ။မနှစ်က စာမေးပွဲကျခဲ့တဲ့ မိမိတို့ ရဲ့ သူငယ်ချင်းများဟာ မိမိတို့ လောက်တောင် မတော်ပဲ ယခုနှစ်မှာ လွယ်လွယ်ကူကူ BE ပါသွားတာ
ဘယ်လောက်တောင်
ခံစားရမလဲ။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပြင်းထန်ပြီး ကြီးမားတဲ့ ထိုးနှက်ချက်တွေ ဖြစ်စေပါတယ်။ ၀န်ကြီးမှာ သားသမီးရှိရင် သားသမီးချင်း ကိုယ်ချင်းစာသင့်ပါတယ်။
2011 ခုနှစ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိပါ။
2013 မှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမရှိပါ။
ဘာကြောင့် 2012 လိုကြားနှစ်ထဲမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာပါလဲ။
2012 BTech Second Year ကျောင်းသားတွေထဲမှာ တိုင်းပြည် အတွက် အမှိုက်တွေများ ပါနေလို့ အဲ့ဒီ့လို လုပ်ရပ်မျိုး လုပ်ခဲ့တာလားဆိုတာ ဝေခွဲလို့ မရပါဘူး။
2012 ခုနှစ်တစ်နှစ်တည်းကိုပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာဟာ နိုင်ငံ့ အနာဂတ်တွေရဲ့  ဘ၀တချို့ ကို ရိုက်ချိုးပစ်လိုက်သလိုပါပဲ။2013 ခုနှစ်မှာ ၀န်ကြီးနဲ့  မကင်းရာမကင်းကြောင်းတွေများပါလို့  လျောလျောလျူလျူ BE ၀င်ခွင့်တွေများ
ပေးလိုက်သလားဆိုပြီး မတွေးကောင်းတဲ့ အတွေးမျိုးတွေလည်း တွေးမိပါတယ်။
ဝန်ကြီးခင်ဗျား...
2012ခုနှစ်မှာ ပညာရေးပြောင်းလဲမှုတွေလုပ်ပြီး မဟန်မှန်းသိလို့  2013 မှာ ပညာရေးစနစ်ကို အရင်အတိုင်းပြန်သွားမယ်ဆိုရင် 2012ခုနှစ်တုန်းက နစ်နာသွားခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့  ဘ၀ကို သားသမီးချင်း ကိုယ်ချင်းစာပြီးအခွင့်အရေး ပြန်ပေးသင့်ပါတယ်။အခွင့်အရေးဆိုတာ အဝေးသင် တက္ကသိုလ်သွားတက်ခွင့်ကို ပြောတာမဟုတ်ပါဘူး။
BE ၀င်ခွင့်စာမေးပွဲကို ပြန်ကျင်းပပေးစေချင်တာပါ။
ဝန်ကြီးခင်ဗျား...
ဝင်ခွင့်စာမေးပွဲကိုလည်း နစ်နာခဲ့ရတဲ့ ကျောင်းသားတွေက အယုံအကြည်ကင်းမဲ့လာပါပြီ။
အယုံအကြည်ကင်းမဲ့ရတဲ့ အကြောင်းရင်းတွေက နီးကပ်မှ ၀င်ခွင့်စာမေးပွဲ ရှိကြောင်းသိရခြင်း၊၀င်ခွင့်စာမေးပွဲ ကျင်းပရုံသာရှိပြီး အမှန်တကယ်ခေါ်ယူလိုခြင်း မရှိခြင်းတို့ ဖြစ်ပါတယ်။တချို့ နည်းပညာတက္ကသိုလ်တွေမှာဆို ၀င်ခွင့် အောင်မြင်သူတစ်ယောက်မှ မရှိပါဆိုတဲ့ result မျိုးတွေ ထွက်ပေါ်လာပါတယ်။
ဝန်ကြီးခင်ဗျား...
ဝင်ခွင့်စာမေးပွဲတွေ ပြန်လည်ကျင်းပရာမှာ ကျောင်းသူ၊ကျောင်းသားတွေ စာပြန်လေ့လာလို့ ရအောင်အချိန်ကိုကြိုတင်ပြီး ကြေညာပေးသင့်ပါတယ်။နီးကပ်မှ
ကြေညာတာမျိုး မဖြစ်သင့်ပါ။စေတနာပါတဲ့ ၀င်ခွင့်စာမေးပွဲကိုသာလိုလားပါတယ်။ အပေါ်ယံနှမ်းဖြူး တာဝန်ကျေရုံ ၀င်ခွင့်စာမေးပွဲကို မလိုလားပါ။
ဝန်ကြီးခင်ဗျား...
ဝန်ကြီးလေ့လာလို့ ရအောင် ကျွန်တော်2012ခုနှစ်မှာ BE ၀င်ခွင့်မရခဲ့တဲ့ ကျောင်းသား၊ကျောင်းသူများရဲ့  ရင်ဖွင့်စကားသံများနဲ့  အခြားနှစ်များမှ နစ်နာခဲ့ရသူတွေရဲ့ ရင်ဖွင့်စကားသံတွေကိုစုစည်းတင်ပြလိုက်ပါတယ်။
စာရှည်နေမှာစိုးလို့  ကောင်းနိုးရာ ရင်ဖွင့်စကားသံ တချို့ ကို သာ တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။အခြားသူများရဲ့  စကားသံတွေလည်း ကျန်ရှိနေပါသေးတယ်။တောင်းဆိုမှုတွေကြောင့် နာမည်တချို့ ကို မဖော်ပြတာ နားလည်စေလိုပါတယ်။
ညီမက တောင်ကြီးTU ကနေ မနှစ်က BE ပြုတ်ထားတာပါ...
Civil Major ပါ...ညီမတို့ နှစ်က အများ ပြောကြသလိုပဲ အစမ်းသပ်ခံတွေပါ...သူတို့ တွေလုပ်ချင်သလို လုပ်ပြီးရင် အခွင့်အရေးလေးတစ်ခါလောက်တော့ ရပိုင်ခွင့် ညီမတို့ အားလုံးမှာ
ရှိသင့်ပါတယ်...
Entrance က ၄နှစ်မှာ တစ်ကြိမ်ရှိတယ်လို့ ကြားပါတယ်..
လက်ရှိ နည်းပညာ ၀န်ကြီးမှာသာ သားသမီးချင်းကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင် နောက်နှစ်မှာ Entrance ရှိဖို့မျှော်လင့်ပါတယ်...
Entrance ဆိုတာကလည်း အားလုံးပြောသလို လုပ်ဇာတ်ကြီးပါ..အမှန်အကန်ဖြေခိုင်းပြီး အမှန်အကန် ရွေးချယ်စေလိုပါတယ်.....ဒီလိုပြောခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်....
(တောင်ကြီး TU မှ ကျောင်းသူတစ်ဦး)
ညီမက တောင်ကြီးနည်းပညာတက္ကသိုလ် ကနေ ပြီးခဲ့တဲ့ နှစ်က B-Tech နဲ့ ကျောင်းပြီးခဲ့တာပါ...ညီမပြောချင်တာက ညီမတို့  နည်းပညာကျောင်းကို ၄နှစ်တက်ခဲ့တဲ့ အတောအတွင်း ၀န်ကြီးက ၃ယောက်ပြောင်းတယ်..တစ်ယောက်ပြောင်းပြီးလုပ်ချင်တာ
လုပ်ကြတယ်...ပြီးခဲ့တဲ့ နှစ်မှာ တကယ်အရည်အချင်း ရှိတဲ့ သူတွေပဲ ခေါ်မယ်ဆိုပြီး ဆရာတွေတောင် မမြင်ဖူးတဲ့ မေးခွန်းတွေမေးခဲ့တယ်...
အထူးသဖြင့် ညီမတို CIVILMAJORကိုပါ...
ညီမတို့ အနေနဲ ဒီတစ်နှစ်သာအရင်နှစ်လို
မေးခွန်းတွေမေးပြီးအရင်နှစ်လိုသာ ရှေ့လျှောက်လုပ်မယ်ဆိုရင် ညီမတို့ BE ပြုတ်ခဲ့တာကို ဖြေသာပါတယ်...ညီမတို့ အခုအောင်တဲ့သူတွေကို မကောင်းစိတ်ထားတာ မဟုတ်ပါဘူး အစ်ကို....
အခုကျတော့ ညီမတို့ အပေါ်တစ်နှစ်ကိုလည်း မလုပ်...ခုအောက်တစ်နှစ်ကိုလည်း မလုပ်ဘဲနဲ့ ညီမတို့ နှစ်မှာမှ အဲ့လို လုပ်တာဟာ လုံးဝကို တရားနည်းလမ်း မကျပါဘူးရှင်.....ဒါကြောင့်မို့တရားနည်းလမ်းကျပြီး မှန်ကန်တဲ့ ENTRANCE ပြန်လုပ်ပေးကိုပေးရပါမယ်...နစ်နာခဲ့တဲ့ ညီမတို့  အားလုံးတို့
အတွက် second chance ဆိုတာ ရှိကိုရှိရမှာပါ....
BE ပြုတ်တာ ညီမတို့ အပြစ်မပါဘူးလားလို့ မေးရင် ပါပါတယ်....ဒါပေမယ့် သူတို့က သိပ်ကိုရက်စက်လွန်းပါတယ်ရှင်...ညီမပြောတဲ့ အချက်တွေကို အစ်ကို့ ရဲ့ ပေးစာထဲမှာ ထည့်ပေးမယ်လို့ ယုံပါတယ်။
(နန်းလွင်ဝေထွန်း)
(၁) ကျောင်းတစ်ဝတ်တစ်ပျက်နဲ့ နစ်နာခဲ့ကြရတဲ့ A.G.T.I ၊ B-Tech ဘွဲ့သမားတွေအတွက် အင်ဂျင်နီယာ တစ်ယောက်ဖြစ်စေရန် မတင်းကြပ်သောဝင်ခွင့်စာမေးပွဲပြန်လည်ခေါ်ပေးရန်....
(လမ်းတစ်ဝက်နဲ့ ခံစားနေကြသူတွေအများကြီးပါ၊ အခွင့်အရေးပေးသင့်ပါတယ်။)
(၂) အမြဲမပြတ် သင်ယူလေ့လာမှုပြုနိုင်ရန် ညနေပိုင်း / အချိန်ပိုင်း Diploma သင်တန်းများ မေဂျာအလိုက် ဖွင့်လှစ်ပေးရန်....
(အင်ဂျင်နီယာတစ်ယောက်ဟာ အမြဲသင်ယူနေဖို့ နှင့် မြင့်တင်နေစေဖို့လိုပါတယ်။)
(၃) ကျောင်းပြီးစ ကျောင်းသားများကို အလုပ်ခွင်ဝင်စတွင် အဆင်ပြေစေရန်
သပနမှ အလုပ်သမားဝန်ကြီးဖြစ်ဖြစ်/ စက်မှုဝန်ကြီးဖြစ်ဖြစ် Job Taring လစာမဲ့ သင်ကြားခွင့်ရစေရန် နှင့် လုပ်သက်ရင့် အင်ဂျင်နီယာများမှ လက်တွဲခေါ်စေရန်....
(ဆေးကျောင်းများမှာ House Sergin ဆင်းစေပြီး အလုပ်အကြောင်းကောင်း
ကောင်းသိစေရန်နှင့် ဆရာဝန်အချင်းချင်း ဖေးမကူညီလေ့ရှိကြပါတယ်။)
အင်ဂျင်နီယာလောကမှာတော့ ဘာ Standard Code မှ မရှိသည့် အလုပ်မှာလည်း အောက်ခြေနေ့စား အလုပ်သမားကစကာအထင်သေးပြီး အချင်းချင်းဖေးမ လက်တွဲခေါ်မှုလည်း အရမ်းအားနည်းပါတယ်။
ဒါ့ထက်ဆိုးဝါးစွာခံစားနေရတဲ့ အင်ဂျင်နီယာလောက အကြောင်းကတော့ အများကြီးပါ။BE မရပဲ ယုံကြည်ချက် ပျက်နေပြီး ခံစားနေရတဲ့ သူတွေလည်း အများကြီးပါ။
(မျိုးမင်းထွန်း)
So i want to know and ask about the system. Onetime low marks, it can be all the time loser beyond other students in YTU. It is not fair for all of the student. Why their course are different and YIT student can do reexam.
Why? I want to know. It is not for me. I have been graduated. But I want to fair for all of my juniors. Different school can be understand for high marks. But different courses and reexams is not fair. We will do all of the
future of our country, life and so on.And I want to erase for the system of B-Tech. There are no B-tech in the world. It is rarely to see.
All people know only AGTI, BE. So why they want to born technology man. It is to choice for student. If they want they study. Not for a system. Why only one time get low marks ,their are all do B-tech.
Why? They must be choose their own decision. And they must be reexam for BE not M-Tech.Why they can't get BE(engineer), only M-tech. It is lied for young people. Who finished M-tech and it is not engineer only master in technology.This is a liar system for the young people like as the advertising of the courses.
They remarks all of the engineering students who are not from YIT is no qualification..... Why ? I want to know? Dont blame all of the students who are not from YIT. They have their cost. Dont measure their cost only one rule.
All of the young are born from the valuable person. All the young have their dream for building their life and their country.
Not too much unfair for young. Let the young for choice.Please it may be. That is not good for country, because they think their education is not unfair. I hope for the system no different courses and no reexams. Thank you very much for reading my messages finish. All the young can feel the sweets of education................
(Shwe Yee Win)
2001 ခုနှစ်တုန်းကပါ။ကျောင်းသားတော်တော်များများ Thesis နားလိုက်ရတာတွေရှိပါတယ်။ အဲဒါလဲ English စာ ကို ၂ လဆက်တိုက် ကျလို့ ဆိုပြီးတော့ပါ။တကယ်တော့  အဲဒါဟာ thesisအတွက်အရမ်းကြီးအရေးမပါပါဘူး ။
အဲ့ဒီတုန်းက ကျသွားတဲ့သူတွေရဲ့  မိဘတွေအတွက်အရမ်းစိတ်မကောင်းဖြစ်ခဲ့ ရပါတယ်။ ။ အခုအဲဒီလိုမဖြေရတော့ ပြန်ဘူး ။ အခုကျတော့  ကျောင်းသားတွေက English စာပြည့် ဝသွားပြီမို့ လို့ မဖြေခိုင်းတော့တာလားတွေးမိ
လို့ ပါ ။ကျွန်တော်တို့ နှစ်က YTU နဲ့ MTU ပေါင်းရင် ကျောင်းသား ၄၀,၅၀လောက်ရှိမယ်ထင်ပါတယ် ။ ရပ်ပစ်လိုက်ရတာပါ ။
အခုကျောင်းသားတွေကိုအဲဒီလိုစာမေးပွဲတွေဖြေခိုင်းပြီး ပြီးခဲ့ တဲ့ ကျောင်းသားတွေလို တွေ ကြုံခံစားစေချင်စိတ်လုံးဝမရှိပါဘူး ။ အဲ့ဒီ့နှစ်ကကျောင်းသူတစ်ယောက်ဆို Defထိုင်တဲ့ နေမှာ Englishစာလစဉ်ဖြေ ထားတဲ့ အောင်စာရင်းထွက်တာထင်တယ်။
Def ကိုထိုင်ခွင့် မရလိုက်ပါဘူး၊ Englishစာ ဆက်တိုက်ကျတာ ၂ ခါပြည် သွားလို့ ပါတဲ့ ။
(2001 ခုနှစ်တွင် Thesis လုပ်ခဲ့ရသော
YTU Bio Tech Major မှ ကျောင်းသားတစ်ဦး)
သူငယ်ချင်းတချို 10.11.2013 နေ့ ကအောင်စာရင်းကိုကြည့် ပြီး ပိုပြီးခံစားသွားရတယ်ကြားတော့ ငါလည်း ထပ်တူထပ်မျှစိတ်မကောင်းပါဘူး....အထူးသဖြင့် မနှစ်က သန်လျင်TU က တော်ပေမယ့် BE မပါခဲ့တဲ့ Civil က အယောက်တစ်ရာကျော်ရှိတဲ့
သူငယ်ချင်းတွေအတွက်ပေါ့....အစမ်းသပ်ခံခဲ့ရတဲ့သူတွေပေါ့
ငါကတော့ သူတို့ ကိုသူရဲကောင်းလို့ သတ်မှတ်တယ်.........
ဒီချိန်မှာ သက်ဆိုင်သူတွေကို အပြစ်ပြောလည်း ဘာမှ အကျိုးမရှိပါဘူး။
ငါပြောချင်တာက တိုင်းပြည်အတွက် ပေးဆပ်လိုက်ရတယ်လို့ သဘောထားပါကွာ...
ငါကတော့ တိုင်းပြည်ကို ကူညီနိုင်တဲ့ဘက်က ကူညီလိုက်ရတယ်လို့ ပဲ သဘောထားပါတယ်.
ငါတို့ ပေးဆပ်ခဲ့တာနဲ့ တန်အောင်
မြန်မာ့ပညာရေး အဖြေမှန်ကိုရှာတွေ့ ပါစေ.............
နောက်မျိုးဆက်သစ်တွေ ....ဓာတ်ခွဲခန်းထဲက ကြွက်လို
စမ်းသပ်ခံရခြင်းမှ ကင်းဝေနိုင်ကြပါစေလို့ ...............
ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်ကွာ..........
(သန်လျင် TU မှ Civil Major ကျောင်းသား တစ်ဦး)
ကျွန်တော်က RIT ညကျောင်းတက်ဖူးးတယ။် BUILDING နဲ့  အရမ်းကို ကြီးကျယ်ခမ်းနားသော RITယာယီကျောင်းသားဘဝကိုဖြတ်ကျော်ဖူးးခဲ့ပါတယ်။
ပေါင်းကူးကိစ္စတွေပြဿနာတက်တော့ လူ့ သဘာဝအရ GTC ပထမဆုံး
အစမ်းသပ်ခံလမ်းကြောင်းထဲပြောင်းလဲလို့ ရောက်ရှိခဲ့ရတယ်။
DIFFERENCE ဘာတဲ့လဲ ။
သင်ရိုးညွှန်းတမ်းမရှိ ထွက်လာတဲ့စာအုပ်တွေမှာတွက်နည်းကမပါ။ ကျုပ်တို့ ကဘာအားကိုးရပါ့။
လူဦးရေ၁၀၀ကျော်ကို ပြဌာန်းစာအုပ် ၃၀ ပဲဝယ်တော့ ကဲ ကျုပ်တို
အဆောင်နေကျောင်းသား စားဖို့ ဆိုနောက်ထား ။
ဒိုင်ပင်ထိုးပြေးတိုးပြီး ဝယ်ခဲ့ရတဲ့ ပညာရေးပေါ့။ဆရာနဲ့ အယူအဆ ကွဲလွဲပိုင်ခွင့်မရှိတဲ့ ပညာရေး ။ငါနားမလည်ရင်အမှတ်မပေးနိုင်ဘူးဆိုတဲ့ပညာရေး ။
ဘာတဲ့လဲဗျာ ကျုပ်မိဘတွေကဝန်ထမ်းတွေ ဘယ်လိုလုပ်
ကျုပ် လန်းနေနိုင်မှာလ။ဲ ငါ့ကျုရှင်မတတ်ငါ့တပည့်မဟုတ်ဘူးဆိုတဲ့ အစမ်းသပ်ခံပညာရေး။
ကျုပ်လူးခဲ့ရတာပေါ့။ B Tech ပေါင်းကူးကျုပ်မပါခဲ့ဘူး။
ကိုယ်ညံ့လို့ မပါတာ ဘာမှမပြောလိုဘူး။
အမှတ်စရင်းက ၆ လကြာမှထုတ်လို့ ရတာ။
ရလာတော့ကျုပ်အဆင့်က Roll 28 ။
ဌာနမှူးကိုမေးတော့ အသနားခံစာတင်ရမယ်တဲ့။
ကျုပ်မှားနေလို့ ကတော့ သွားပေါ်အောင်ပြုံးပြုံလေးနေပြမယ် ။
ဒါပေမယ့်ဒီကိစ္စ ကျုပ်မှားခဲ့သလားဗျာ။
ကျုပ်အန်ထုပ်ချင်ခဲ့တာပေါ့။
ကျုပ်မိဘကဝန်ထမ်း။
ကိုယ်ဖြစ်ကိုယ်ခံ ဆိုလိုကတော့ ကျုပ်ကတော့ လာထားအာဘွားပဲ။
ပဒေသရာဇ် စနစ်အရ ကိုယ်ဖြစ်ကိုမိဘတော့မခံစေလိုဘူး
ရင်ပိုပြီးနာစေတာကကျုပ် မလေးရှားကိုသွားတော့ ကျုပ်ပညာရေးကိုဒင်းတို့ $ဂရုမစိုက်ဘူး မင်းဘာလက်မှတ်ပဲကိုင်ကိုင်
ဒီလစာ ကြိုက်ရင်လုပ်တဲ့။
ဘာခံစားမိလဲ မိဘကကိုယ့် သားသမီးအောက်မကျအောင်အငတ်ခံသင်ပေးထားတဲ့ပညာရေး။
အေး နောက်ဆုံးကျ@#$% ပဲကွာမပြောရရုံပါပဲ။
ကျောင်းဆင်းကာစကလေးတွေမေးကြည့်။မင်းတို့ ဘာသိ။
ဘာမှမသိ SELF STUDY နဲ့ မယူတတ်လို
ကတော့ပိုရာသာကပ် ဝန်ထမ်းလုပ်ကြပေတော့။
ကျုပ်ပြောချင်တာတွေများနေသေးတယ်ဗျာ။
PHONE နဲ့ ဆိုတော့စိတ်သွားသလောက်မလိုက်နိုင်ဘူး။
ကိုတင်ကိုကိုရေ စိတ်ဝင်စားရင်တော့ ကျေးဇူးပါ ။
အနောက်အယှက်လို့ ထင်ရင်တော့ I REALLY OPPOLOGIZE TO U.
THX 4 READ MY FEEL.
(ဖြိုးဝေကျော် ... RIT ကျောင်းသားဟောင်းတစ်ဦး)
ဒါလူတစ်ယောက်ချင်းစီရဲ့ ဘ၀တွေပါ။ ကလေးကစားစရာတွေ မဟုတ်ပါဘူး။
(2012 တွင် BE မပါခဲ့သော သန်လျင် TU မှ ကျောင်းသားတစ်ဦး)
ဝန်ကြီးခင်ဗျား...
အခုပညာရေးစမ်းသပ်မှုကြီးကို ရပ်သင့်ပါပြီ။
အလွယ်စနစ်နဲ့ အသားကျနေတဲ့ ကျောင်းသားများကို ကျောင်းပြီးခါနီး(BE) ရခါနီးမှစနစ်သစ်နဲ့ စမ်းသပ်မယ်ဆိုရင် ကျောင်းသားတွေရဲ့ ဘ၀တွေလည်းဆုံး၊တိုင်းပြည်အတွက်လည်း အကျိုးမရှိပါဘူး။
ပထမနှစ်ထဲက အဆင်မပြေတဲ့ပညာရေးကို နောက်ဆုံးနှစ်မရောက်ခင်မှာ ရုတ်တရတ် ပြောင်းလဲလိုက်ရင် ပိုလို့ တောင်အဆင် မပြေပါဘူး။
ဥပမာပေးရရင် ABCD လောက်ပဲ ရေးတတ်တဲ့ကလေးကို Essay သွားရေးခိုင်းသလို ဖြစ်နေပါတယ်။
စာမေးပွဲမှာတော့အင်္ဂလိပ်လိုဝါကျတစ်ကြောင်းလောက်
ဖြောင့်အောင်ရေးတတ်တဲ့ ကလေးက ပိုသာသွားတာကလွဲလို့  ဘာမှ မထူးခြားသွားပါဘူး။
အမှန်တကယ်မြှင့်တင်ဖို့ လိုအပ်နေတဲ့ ပညာရေးက စာတွေ့ ပိုင်းမဟုတ်ပါဘူး။
လက်တွေ့ ပိုင်းကို မြှင့်တင်ရမှာပါ။
ဒါကိုတော့ အကျယ်ချဲ့ ပြီးမတင်ပြတော့ပါဘူး။
အခုခေတ်အင်ဂျင်နီယာကျောင်းဆင်းတွေကို လက်သမား၊ပန်းရံဆရာတွေတောင်
အထင်သေးနေတာ မြင်သာလွန်းတဲ့ ကိစ္စပါ။
ဝန်ကြီးခင်ဗျား...
ပညာရေးစနစ်သစ်ဟာ သစ်လွင်ပြီးတက်ကြွနေတဲ့ ပထမနှစ်ကျောင်းသားတွေနဲ့ ပဲ သင့်လျော်ပါတယ်။
ဒါပေမယ့် နောက်မျိုးဆက်သစ်ကျောင်းသားလေးတွေကိုလည်း ၀န်ကြီးတစ်ခါပြောင်းတိုင်းစနစ်သစ်နဲ့ တစ်ခါစမ်းသပ်လိုက်၊ နောက်တစ်နှစ်မှာ
နောက်တစ်မျိုးစမ်းသပ်လိုက်မလုပ်ကြပါနဲ့ တော့လို့ တောင်းဆိုလိုပါတယ်။
ကျွန်တော်တို့ အပါအ၀င် ခေတ်အဆက်ဆက် နောင်တော်ကြီးများရဲ့ မျက်ရည်တွေ၊ မိဘတွေရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးခံရပြီး စမ်းသပ်ခံခဲ့ရတဲ့ ပညာရေးစနစ်တွေကို ကျွန်တော်တို လက်ထက်မှာပဲ အဆုံးသတ်လိုက်ပါတော့။နောက်မျိုးဆက်သစ်တွေရဲ့  အိပ်မက်တွေကို မထိခိုက်စေချင်တော့ပါဘူး။
ကျွန်တော်တို့ ဟာလူတွေပါ။ ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံကြွက်တွေ မဟုတ်ပါဘူး။အခုချိန်မှာ အရင်ဝန်ကြီးလက်ချက်၊အခုဝန်ကြီး လက်ချက်ဆိုပြီး လက်ညှိုးထိုးရမယ့် အချိန်မဟုတ်ပါဘူး။နစ်နာခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဘ၀ကို စာနာသုံးသပ်ပြီး အခွင့်အရေးတစ်ကြိမ်လောက်တော့ ပေးသင့်ပါတယ်။
တိုးတက်ဖွံ့ ဖြိုးတဲ့နိုင်ငံတော်သစ်ကို အင်ဂျင်နီယာ စွမ်းအားနဲ့  တစ်ဖက်တစ်လမ်းကအကျိုးပြုဖို့ ကျွန်တော်တို့ တွေအားလုံးဝန်ကြီးရဲ့ 
ဆုံးဖြတ်ချက်ကိုမျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေပါတယ်။
ဂရုဏာတရားကြီးမားပြီးမှန်ကန်စွာဆုံးဖြတ်မယ့်ဝန်ကြီးရဲ့ ဆုံးဖြတ်ချက်ကို
နိုင်ငံအ၀ှမ်းမှာရှိတဲနစ်နာခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူများစွာက
မျှော်လင့်ချက်ကြီးမားစွာ စောင့်မျှော်နေကြောင်း
လေးစားစွာတင်ပြအပ်ပါတယ်။
ရိုသေလေးစားစွာဖြင့်
Tin Ko Ko
(ဓာတ်ခွဲခန်းထဲမှ အစမ်းသပ်ခံကြွက်စုတ်တစ်ကောင်)
တိုကျိုမြို့မှာ ကျင်းပတဲ့ မြန်မာပွဲတော် မြင်ကွင်းများ...
$
0
0
ဦးဆောင်ကျင်းပတဲ့ ဂျပန်ဝန်ကြီးချုပ်အာဘေးဇနီး 
တိုကျိုမြို့မှာ ကျင်းပတဲ့ မြန်မာပွဲတော် မြင်ကွင်း... 
ဓာတ်ပုံ ဒီမိုဝေယံ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (ဘာသာပြန် ဆောင်းပါး)
$
0
0
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (ဘာသာပြန် ဆောင်းပါး)
အသက် ၁၅ နစ်အရွယ်မိန်းခလေး  ဖိအားပေးခံရပြီး လိင်အသားပေး ဇါတ်ကားများမှကဲ့သို့  ပြုမှုခံနေရခြင်း..
အမေရိကန်  Massachuset ပြည်နယ် ၊ Boston မြို့ ဆင်းရဲသားရပ်ကွက်များမှ  မိန်းခလေး ၃၂၈ တို့ ကိုသုသေသနပြုချက်အရ  လိင်ဇါတ်ကားများက  ဆယ်ကျော်သက် အရွယ်များအပေါ် လွှမ်းမိုးသက်ရောက်နေမှု အရေးမှာ  ပူပန်စရာ ဖြစ်လာပါသည် ။
လူမှုရေးဆေးပညာဌာန၏ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သူ Emily  Rothman, မှ  ဖီလာဒဲဖီးယားအပတ့်စဉ် Philadelphia weekly.com  သို့ ပြောပြချက်အရ  မိန်းခလေးများဟာ  သူတို့ ရဲ့  ရည်းစားဖြစ်သူက လိင်ကားများကြည့်တတ်လျင်  အဖေါ်တစ်ယောက်ပိုသော (ယောက်ျားများစွာပါသော) လိင်ဆက်ဆံမှုကို  ငါးဆ ပိုပြုလုပ်နိုင်ခြေ ရှိနေပါသည်။(MPS Multi Person Sex)
ထိုကဲ့သို့  MPS လုပ်ဆောင်သူများတွင်  ၅ဝ% သည် မိမိ၏ရည်းစားက လိင်ကားတွင် ကြည့်ရှုထားသောနည်းများကို  လုပ်ဆောင်ပေးကြရပါသည် ။
မိန်းခလေးများစွာသည် ရည်းစားဖြစ်သူ၏ ဖိအားပေးမှုကြောင့် သုံးဦးတစ်ပြိုင်တည်း သို့ မဟုတ် အုပ်စုလိုက်မုဒိန်းကျင့်မှု တို့ လုပ်ရန် ဖိအား အပေးခံကြရပါသည်။
အသက် ၁၅ နစ်အရွယ်များပင်  အုပ်စုလိုက် လိင်ဆက်ဆံမှုတွင် ပါဝင်နေကြပါသည်။ အမေရိကန် သုသေသနပြုချက်များအရ ထက်ဝက်ခန့် ကျော်သည် ရည်းစားလုပ်သူ၏ ဖိအားပေးခြင်းကြောင့် လုပ်နေကြရပါသည်။
ဘော့စတွန်မှ သုသေသီတို့ ၏စာရင်းအရ  မိန်းကလေး ၁၃ ယောက်မှာ တစ်ယောက်သည် MPS တွေ့ ကြုံဖူးကြောင်းသိရပြီး  အများစုမှာ လိင်ကားကြည့်တတ်သူရည်းစား၏ ဖိအားကြောင့်ဖြစ်၏။
MPS ကြုံဖူးသူ တို့ ၏ပျှမ်းမျှအသက်အရွယ်မှာ  ၁၅.၆ နှစ်သာရှိကြသေးသည့်အတွက်  ထိုပြည်နယ်၏  ဥပဒေအရ အလိုတူ လိင်ဆက်မှုခွင့်ပြုချက် အသက်အရွယ်အောက် ဖြစ်နေပါသည်။
ထိုအထဲမှ  ထက်ခန့် က သူတို့ ၏အဖေါ်များသည်  ကွန်ဒန် အသုံးမပြုကြဟုဆိုပါသည်။
ဘာသာပြန်.. Dr.AT
မြန်မာနိုင်ငံတွင်လည်း ၁၉၉၆ခုနှစ်က မြန်မာပြည်ပေါက် မလေးရှားနိုင်ငံသား တဦးမှ  မြန်မာမိန်းခလေးများအား စိတ်ကြွ ဆေးတိုက်ပြီး အုပ်စုလိုက်ပြုကျင့်မှုအား ခိုးရိုက်ကူးထားသည့် ရုပ်သံဖိုင်အား  ရန်ကုန်လေဆိပ်မှ အထွက်တွင်  ထောက်လှမ်ရေးမှာ ဖမ်းဆီခဲ့ရမှု တစ်ခုဖြစ်ဖူးသည်။
လက်ရှိ မြန်မာနိုင်ငံတွင်း လိင်အသားပေး ဆင်ဆာမဲ့ အခွေများ၏ လွှမ်းမိုးမှုကြောင့် crime rape victims သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
ပေးပို့သူအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ
ဓမ္မပန်းကုံး ပန်ဆင်သုံး လူတိုင်းပြုံးရမည်.. မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
$
0
0
ဓမ္မပန်းကုံး ပန်ဆင်သုံး လူတိုင်းပြုံးရမည်..
                                                                                                           မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
          ကျနော်တို့တတွေသည် ငယ်စဉ်ကလေးဘ၀အရွယ်မှစလို့ ယနေ့ချိန်ထိစာပေတွေ ဖတ်မှတ် ဆည်းပူး လေ့လာ သင်ယူ နေကြရပါတယ်။ ဒါကိုဘယ်အထိလုပ်နေရမှာလဲဆိုရင် သေဆုံးသည်အထိ လုပ်နေကြရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်ပညာဆို တာမဆုံးနိုင်သောကျယ်ပြန့်သောခရီးဖြစ်လို့ပါပဲ။ မဆုံးနိုင်သော ကျယ်ပြန့်သော ပညာခရီးကိုလျှောက်ဖို့မိမိတို့မှာ ကိုယ်ပိုင် တွေးခေါ်စဉ်းစားနိုင်ဖို့လိုပါတယ်။ယနေ့ကမ္ဘာ့ပညာ့ရေးကိုကြည့်ရင် ဒီအချက်ကို ကောင်းစွာတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ယနေ့ ထိမြန်မာ့ပညာရေးသည် ဒါရေးဒါကျတ် ဒါတွေမှတ် ဒါတွေဖြေအဆင့်က မလွန်မြောက်သေးပါဘူး။
မိမိတို့ငယ်စဉ်ကစာတွေသင်ခဲ့ &ဖတ်ခဲ့ရပါတယ်။ သင်ခဲ့ရတဲ့စာပေတွေ ဖတ်မှတ်ခဲ့တဲ့စာပေတွေကို ပြန်ဖတ်ကြည့်ပါ ပြန်စဉ်းစာကြည့်ပါ။ယနေ့အတန်းတွေ မြင့်လာတယ်၊ ဘွဲ့ကြီးတွေရလာတယ် ဒါပေမဲ့ ကိုယ်ငယ်ငယ်ဖတ်ခဲ့ မှတ်ခဲ့သင်ခဲ့တဲ့စာတွေကို ပြန်ဖတ်ကြည့်တဲ့အခါမှာ ငယ်စဉ် ကလိုပဲ ဘာမှပြောင်းပြီး တိုးတတ်ပြီး မမြင်ဘူးဆိုရင် မိမိအားနည်းတာကို မြင်ရပါမယ်။ ပြင်ရပါမယ်။
          မိမိတို့ငယ်စဉ်က သူငယ်တန်းဖတ်စာမှာ ‘’ခ” ခရေးကုံးမလေးပြုံး ဆိုတာကို သင်ခဲ့ရပါတယ်။ ငယ်စဉ်သူငယ်တန်းဘ၀မှာ ဖတ်စာအဖြစ် ရေးတတ်ဖတ်တတ်ရင် လုံလောက်ပေမဲ့ အခုလိုအတန်းတွေမြင့်လာ တက္ကသိုလ်ကြီးတွေ ရောက်ဘွဲ့ကြီးတွေ ရပြီးပါမှ သူငယ်တန်းဖတ်စာကို ဖတ်ကြည့်တဲ့အခါမှာ ငယ်စဉ်ကလေးဘ၀ အရွယ်ကလိုပဲ “ခ” ခရေးကုံးမလေးပြုံး လောက်နဲ့ နိဂုံးချုပ်မယ်ဆိုရင်တော့ ပညာသင်ရကျိုး နပ်မည်မဟုတ်ပါ။ မိမိတို့ပညာတွေသင်ကြားသည်မှာ ငယ်စဉ်ကလေးဘ၀နဲ့ အတွေး အခေါ်အယူအဆတွေ မတူချင်လို့ တိုးတက်မြင့်မားချင်လို့ ပိုမိုကျယ်ပြန့်စွာ နားလည်ချင်လို့သင်ကြားကြခြင်းဖြစ်ပါတယ်။
ငယ်စဉ်ကလေးဘ၀လိုပဲ မတွေးခေါ်တတ်ဘူး မစဉ်းစားတတ်ဘူး ဖတ်တတ်ယုံ အဆင့်မှာပဲဆိုရင် မိဘတွေကမိမိတို့ကို ပညာသင် ပေးလိုက်ရတာဟာ အဟောသိကံ အချည်းအနှီးပါပဲ။ အခုတင်ပြပေးထားတဲ့ ခ ခရေးကုံးမလေးပြုံးဆိုတာကို ဆွေးနွေး အဖြေရှာ ကြည့်ကြရအောင်ပါ။ စာရေးသူက ဒီလိုဆွေးနွေးပြလို့ စာရေးသူနဲ့ အတွေးတူရမယ်။ ဒီလိုပဲ တွေးရမယ် လို့မဆို လိုပါဘူး။ မိမိတို့လည်း မိမိရှု့ထောင့်ကနေ ကြိုက်သလို တွေးခေါ်ယူဆလို့ရပါတယ်။ စာရေးသူ မြင်သလောက်လေးကို ချပြပြီးဆွေးနွေး အဖြေရှာ ကြည့်ခြင်းဖြစ်ပါတယ်။
          မလေးတစ်ယောက်ပြုံးနေတယ်ဆိုတော့ သူမမှာ ပြုံးရခြင်း အကြောင်းရင်းတစ်ခုရှိရပါမယ်။ သူမဘာ ကြောင့်ပြုံးရ တာလဲ။ လူတစ်ယောက်ဟာ အကြောင်းမရှိပဲ ပြုံးနေတယ် ရယ်နေတယ်ဆိုရင် ဒီလူဟာ လူကောင်းမဖြစ်နိုင်ပါဘူး။ အကြောင်းရှိလို့ တာပြုံးနေခြင်းဖြစ်ပါတယ်။ မြတ်စွာဘု၇ားရှင်ပြုံးတော်မူတဲ့အခါ အရှင်အာနန္ဒာက အရှင်ဘုရား ဘယ်အကြောင်းကို မြင်တော်မူ လို့ပြုံးတော်မူပါသလဲဘုရားလို့ မေးလျှောက်လေ့ရှိပါတယ်။ အဲဒီလိုလျှောက်တဲ့အခါမှာ မြတ်စွာဘုရားရှင်က ပြုံးတော် မူရခြင်းအကြောင်းကို အမြဲဖြေကြားပေးလေ့ ရှိပါတယ်။
          ပညာသင်တယ်ဆိုတာ အကြောင်းအကျိုးကို  သိရှိနိုင်အောင်စဉ်း စားဝေဖန်ပိုင်းခြား တွေးခေါ်ရခြင်းလို့ နားလည်ပါတယ်။ ပညာ သင်ကြားခြင်းမှာ ဒီအချက်ကို နှုတ်လိုက်ရင် ဘာမှအဓိပ္ပါယ် မရှိတော့ပါဘူး။ယနေ့ကမ္ဘာလောကကြီး တိုးတက် ပြောင်းလဲလာခြင်း သည် အကြောင်းအကျိုးတွေကို ဆက်စပ်တွေးခေါ်စဉ်းစားစူးစမ်းရှာဖွေ တီထွင်ကြံဆကြ အဖြေ ထုတ်ကြလို့ ကျောက်ခေတ်ကနေ ယနေ့သိပ္ပံခေတ်ထိ အဆင့်ဆင့်တိုးတတ် ပြောင်းလဲလာ ခြင်းဖြစ်ပါတယ်။ ယနေ့မြန်မာ နိုင်ငံကြီး ကမ္ဘာ့အပြင်ဘက်မှာ ပြတ်ပြီးကျန် နေခဲ့ခြင်းဟာစာ သင်နည်းကြောင့် ဖြစ်ပါတယ်။
 တွေးခေါ်စဉ်းစားကာ စူးစမ်းလေ့လာပြီး တီထွင်ကြံဆနည်းလမ်းတွေထွန်းကား အောင်သင်ပြမပေးပဲ ဒါရေးဒါမှတ် ဒါတွေကျတ် ဒါတွေရေးလို့ ဒါတွေ ဖြေဆိုတဲ့ ကျတ်တူရွေးပညာသင်နည်းပဲ ထွန်းကား နေလို့ဖြစ်ပါတယ်။တကယ်တွေးခေါ်စဉ်းစား ပြောင်းလဲပေးနိုင်တဲ့ ပညာရှင်တွေကို ရှေ့တန်းမတင်ပဲ ဒါရေးဒါမှတ်သမားတွေပဲ နေရာရနေလေတော့ မြန်မာနိုင်ငံဟာ နောက်အကျဆုံး ကျန်နေခဲ့တာ မဆန်းပါဘူး။
 ဒီဘ၀က လွတ်မြောက်နိုင်ဖို့အားလုံးမှာ တာဝန်ရှိပါတယ်။ မိမိတို့အားလုံးတက်ညီလက်ညီ ၀ိုင်းဝန်းဆွေး နွေးအဖြေရှာကြရပါမယ်။ ဒါရေးဒါမှတ် သမားတွေထား တဲ့အတိုင်းမိမိတို့ဘ၀တွေကို နေလိုက်လို့ မဖြစ်ပါဘူး။ ရုံးထွက်ကြရပါမယ်။
ယနေ့ထိငယ်ငယ်လေးကတည်းက သင်ခဲ့ရတဲ့ စက်မှုလယ်ယာ အားပေးပါ၊ ထွန်းစက်နှင့် ထွန်ယက် ပါဆိုတာ စာအုပ် ထဲမှာပဲ ရှိနေပါသေးတယ်။ အပြင်မထွက်သေးပါဘူး။ ဒါကြောင့်ယနေ့ထိ ဟိုးကမ္ဘာဦးက အတိုင်းပဲ ဟိုနွားဒီနွား မှီအောင် မလိုက်ဘူးနဲ့နွားနဲ့ ဖက်ပြီးရုံး နေကြရတုန်းပဲရှိပါ သေးတယ်။ မြန်မာတွေစာတွေ ဆိုးရိုးစကားပုံတွေ ဆိုင်းဘုတ်တွေ ရေးတာသိပ် ကောင်းပါတယ်။ ဒါပေမဲ့ လက် တွေ့အကောင်အထည်ဖေါ်မှု လေးလေးနက်နက် စဉ်းစားမှုမရှိကြတာ များပါတယ်။ အရင်က မိမိတို့ထက်နောက်ကျတဲ့ ထိုင်းနိုင်ငံဟာ စက်မှုလယ်ယာ အားပေးပါဆိုတာ ရေးမထားပါဘူး။ ဒါပေမဲ့ သူတို့တစ်နိုင်ငံလုံး စက်မှုလယ်ယာ ခေတ်ရောက်သွားပါပြီ။
သူတို့တတွေက စီမံကိန်း တွေချပြီးအကောင် အထည်ဖေါ်ကြသည့်အတွက် တဆင့်ထက် တဆင့်တိုးတတ်ပြောင်း လဲလာခြင်းဖြစ်ပါတယ်။ ဒါကြောင့်မိမိသည် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် တွေးခေါ် စဉ်းစား အဖြေထုတ် စေချင်ပါတယ်။ အကောင် အထည်ဖေါ်စေချင်ပါ တယ်။ ရေးထား တာလောက်နဲ့ နိဂုံးမချုပ်စေချင်ပါ။
          မလေးတစ်ယောက် ပြုံးရခြင်းအကြောင်းတရားကို ရှာကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မလေးသည် ခရေးပန်းကုံးမဟုတ်ပဲ လက်ခုပ်ပန်းဆိုရင် ပြုံးနိုင်ပါ့မလားစဉ်းစားကြည့်ဖို့လိုပါတယ်။ တကယ်သာ မလေး သည် ချေးဆော်နံတဲ့ လက်ခုပ်ပန်းကို ပန်ဆင် မယ်ဆိုရင် မပြုံးရသည့်အပြင်မဲ့တောင် မဲ့ရအုံးမှာဖြစ်ပါတယ်။ ’’ဟဲ့မလေးဒီကလေးမလေး စိတ်မှကောင်းရဲ့လား” ဒီလောက် ချေးဆော်နံတဲ့ပန်းကို လူကြားထဲကို ပန်ဆင်လာရသလားလို့ မလေးကို လူအများက ၀ိုင်းကဲ့ရဲ့ကြမှာ ဖြစ်ပါတယ်။ လူလယ် ကောင်ကို မလေးတစ်ယောက် လက်ခုပ်ပန်းပန်ဆင်လာရင်တာ ၀ိုင်းပြောကြမှာ ကဲ့ရဲ့ပြောဆိုကြမှာဖြစ်ပေ မဲ့မိမိတို့ ကိုယ်တိုင်ကတော့ လက်ခုပ် ပန်းကို ခေါင်းပေါ်တင်ထားရတဲ့ ဘ၀ကလွတ်ကြပြီလားဆိုတာကို သေချာစဉ်း စားကြဖို့ ကြတော့မေ့နေကြပါတယ်။
မိမိတို့ ခေါင်းကို သေချာပြန် စမ်းကြည့်ကြပါအုံး၊ ဘယ်လိုလူတွေကို မိမိတို့က ခေါင်းပေါ်မှာ အတင်ခံထား ရတာလဲ သေချာစဉ်းစားပါ။ တခြားနိုင်ငံကို သွားဘူးတဲ့ သူတွေဆိုပို သဘောပေါက်ပါ လိမ့်မယ်။ မိမိတို့တခြားနိုင်ငံဝင်ပြီဆိုရင် ဘယ်လောက် အောက်ကျသလဲ၊ မြန်မာပစ်ပို့စ် မြင်တာနဲ့ မသင်္ကာတဲ့ မျက်လုံးနဲ့ကြည့်တယ်။ ရုံးခန်းကိုလွှတ်တယ်။ သူများနိုင်သား တွေကျ တော့ တန်းပြီးတခါ တည်းအစစ်ဆေးမရှိတန်းပြီးဝင်ခွင့်ပေးလိုက်တယ်။မိမိတို့က ဘာဖြစ်လို့ အဲဒီလိုဖြစ်တာလဲဆိုတော့ မိမိတို့ ခေါင်းပေါ်မှာ ချေးဆော် နံတဲ့လက်ခုပ်ပန်းနဲ့ တူတဲ့ တိုင်းသူပြည် သားတွေရဲ့ တာဝန်ကို ဘာမှမယူပဲ နှိပ်ဆက်ညှင်းပန်းနေတဲ့ ပညာမတတ် အဆင့်မရှိသူ တွေ အုပ်ချုပ်ရေးအကြီးအကဲနေရာ မိမိတို့ ခေါင်း ပေါ်မှာ အတင်ခံထား ရလို့ဖြစ်ပါတယ်။
             ဒါကြောင့်မြတ်စွာဘုရားရှင်က မင်္ဂလသုတ္တန် မှာ အသေ၀နာစ ဗာလာနံ လူမိုက်ကို မပေါင်းသင်းရလို့ အခိုင်အမာဆို ထားခြင်းဖြစ်ပါတယ်။ လူမိုက်ဆိုတာ ကောင်းကျိုးမပေးပဲ ဆိုးကျိုးတွေပေးတတ်လွန်းလို့ ရှောင်ခိုင်း ရခြင်းဖြစ်ပါတယ်။ ဒါကိုမြန်မာ နိုင်ငံသား အများစုက တွေ့တဲ့သူနဲ့ တဲ့အောင်ပေါင်း၊ ကိုယ်ကောင်းခေါင်း မရွေးပါဘူး ပေါင်းသာ ပေါင်းပါဆိုပြီး တလွဲ တွေလုပ် လိုက်ကြတော့ သာပေါင်းညာစားတွေ အချောင်သမားတွေများ လာတာပေါ့။ ဒါဟာမြတ်စွာ ဘုရားရှင် ဟောထားခဲ့တဲ့ ဓမ္မ တရားကို လေးလေးနက်နက် မစဉ်းစား မပန်ဆင် ကြလို့ မပြုံးပျော်ရပဲ မဲ့နေကြရ ငိုနေကြရခြင်းဖြစ်ပါတယ်။
          မလေးတစ်ယောက်ပြုံးပျော်ရတဲ့အကြောင်းကတော့ မလေးသည် မွှေးလည်းမွှေး သီကုန်းလိုက်တော့ လှလည်း လှတဲ့ ခရေးပန်းကုံးကို ခေါင်းမှာပန်းဆင်လိုက်သည့်အတွက် အလှပေါ်အယဉ်ဆင့်ဆိုသလို် ဘေးကလူတွေကလည်း ၀ိုင်းချီး မွန်းကြတော့ မလေးဟာ ပိုပြီးပြုံးပျော်ရွှင်နိုင်ပါတယ်။ သက်မဲ့ပစ္စည်းလေးတွေကလည်း မိမိသုံးတတ်ရင် သုံးတတ်သ လောက် တန်ဖိုးရှိပြီး မသုံးစွဲ တတ်ပြန်ရင်လဲ တန်ဖိုးတွေကျ ဒုက္ခတွေရောက်နိုင်ပါတယ်။
ဒါကြောင့်မြတ်စွာဘုရားရှင်က လမ်းမှန်စွာပေါင်းတတ်သင်းတတ်ဖို့ ပြုံးပျော်နိုင်ဖို့ ပဏ္ဍိတာနဉ္စ သေ၀နာ ပညာရှိ သူတော်ကောင်းကို ပေါင်းသင်းရမယ်လို့ မင်္ဂလာတရားတော်မှာဆိုထားခြင်းဖြစ်ပါ တယ်။ ပညာရှိဆိုတာ အကြောင်း အကျိုးကို ခွဲခြားစိတ်ဖြာပြီး ဒီလမ်းကမှန်တယ် ဒီလမ်းကမှားတယ်ဆိုပြီး နည်းပေးလမ်းပြပေးတဲ့ သူတွေကို ဆိုခြင်းတာဖြစ်တယ်။ ဒီလိုပညာရှိမိတ်ဆွေတွေနဲ့ပေါင်းမယ်ဆိုရင် မိမိဟာ မလေးလိုပဲ ပြုံးပျော်နေရမှာဖြစ်ပါတယ်။     မြန်မာနိုင်ငံအုပ်ချုပ်ရေးနေရာတွေမှာ အကြောင်းအကျိုးကို ခွဲခြားစိတ်ဖြာသိနိုင်စွမ်းရှိသူတွေ ပြည်သူပြည်သားတွေရဲ့ဘ၀တွေ ပိုမိုမြင့်မားပြီး လုံခြုံမှုရှိလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ ပညာရှိသူတော်ကောင်းတွေကို ပေါင်းသင်းကြရမည်ဆိုလျှင် မြန်မာပြည် သားတွေလည်း ရောက်လေရာမှာ ပြုံးပျော်နေကြရမှာဖြစ်ပါတယ်။
          ဒါကြောင့်မြတ်စွာဘုရားရှင်၏ အဆုံးအမသြ၀ါဒ ဓမ္မတရားတော်တွေကို တကယ်လက်တွေ့ ပန်ဆင်သုံးကြမည်ဆိုလျှင် ထာဝရပြုံးပျော်ရွင်နေကြရမှာဖြစ်ပါကြောင်းကို အသိပေးပြေားကြားရင်း ..............
                                                                                                                မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ho will be Miss International 2013? မှာ မြန်မာမှတပါး အခြားမရှိကြောင်း မြန်မာ့ကိုယ်စားပြု ဂုဏ်ရည်အေးကျော်အားVote ခြင်းဖြင့် အားပေးကူညီကြပါ..
$
0
0
Who will be Miss International 2013? မှာ  မြန်မာမှတပါး အခြားမရှိကြောင်း  မြန်မာ့ကိုယ်စားပြု ဂုဏ်ရည်အေးကျော်အားVote ခြင်းဖြင့် အားပေးကူညီကြပါ..
လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ Miss International Beauty Pageant 2013အတွက် မြန်မာကိုယ်စားပြု ဂုဏ်ရည်အေးကျော်ဟာ လာမယ့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။ အဆိုပါ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့  ဒီဇင်ဘာလ ၁၇ရက်နေ့မှာတော့ တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့ Shinagawa Prince Hotel Hallမှာ ကျင်းပမှာဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ မြန်မာဝတ်စုံများနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု သင်္ကေတများ ကိုင်ဆောင်ကာ ပြိုင်ပွဲ ကျင်းပရာ အတွင်းအပြင်မှ သွားရောက် အားပေးကြမှာ ဖြစ်ပါတယ်..။
ယခုလက်ရှိ အွန်လိုင်း Vote နှစ်ခုထားရှိပြီး
ပထမတခုဖြစ်တဲ့ Who deserves the crown? (သရဖူနဲ့ ထိုက်တန်သူ)
ဆိုတဲ့နေရာမှာတော့ ယခင်အကြိတ်အနယ် ဖြစ်နေတဲ့ ဂျီဘရော်တာ နိုင်ငံမယ်ကို မြန်မာတွေရဲ့ မျိုးချစ် တန်ခိုးနဲ့ မဲပေါင်း ၁သောင်း၎ထောင်ကျော် အသာနဲ့ ရာဇဝင်ထဲမှာ ထားခဲ့နိုင်ခဲ့ပါပြီ။
(မှတ်ချက် Page ကို Liked လုပ်ပြီး တနေ့ (၅)ကြိမ်Voteနိုင်ပါတယ်.. https://apps.tradablebits.com/tb_app/349344လင့်ခ်)
သို့ပေတည့်
နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
 Who will be Miss International 2013? မှာတော့ ယမန်နေ့များက ဖိလစ်ပိုင်နိုင်ငံသူက ဦးဆောင်နေပြီး ယနေ့မှာတော့ မျိုးချစ်မြန်မာများရဲ့ ကြိုးစားအားပေးမှုကြောင့် မြန်မာ ၃၆ရာခိုင်နှုန်း ဖိလစ်ပိုင် ၂၈ရာခိုင်နှုန်းနဲ့ ပြန်လည် ဦးဆောင်နေပါပြီ။ ရာဇင်ထဲမှာ ဂျီဘရောတာမယ်ကို မဲအပြတ်နဲ့ ထားရစ်နိုင်ခဲ့သလို ဖိလစ်ပိုင်မယ်ကိုလည်း ထပ်မံအပြတ်အသတ် ကျော်ဖြတ်နိုင်ဖို့ ဒီလင့်ခ်မှာ ထပ်မံ https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data ထပ်မံ Vote ပေးကြရအောင်လားဗျာ..
(ဒုတိယလင့်ခ် Vote နည်း လင့်ခ်ကိုသွားပါ Liked လုပ်ပါ (ကွန်ပြူတာ သုံးသူများ) Ctrl Keyနဲ့ F Key ကိုတွဲနှိပ်ပြီး ကွက်လပ်ပေါ်လာရင် Myanmar ဆိုတာရိုက်ပြီး ရှာပါ ပြီးရင် လေးထောင့်ကွက်မှာ အမှန်ခြစ်ပြီး အောက်ကို ဆွဲချပြီး Voteကိုနှိပ်ပြီး ကြိုက်သလောက် အမုန်းVote နိုင်ပါတယ်..)
ကြုံတောင့် ကြုံခဲ  လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ  ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် တိုကျို၊ နာဂိုယာ၊ အိုဆာကာနဲ့ အနယ်နယ် အရပ်ရပ်မှ မြန်မာမိသားစုများ တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့ Shinagawa Prince Hotel Hallမှာ ပြိုင်ပွဲ ပြုလုပ်မှာ ဖြစ်တဲ့အတွက် လာရောက် အားပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်..။
ဒီမိုဝေယံ
https://www.facebook.com/GonyiAyeKyaw
(Miss Myanmar မန္တလေးသူ ဂုဏ်ရည်အေးကျော် လင့်ခ်)
UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
$
0
0
UNFC ၏ ပြည်ထောင်စု တပ်မတော် မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
===========================================
(ဧရာဝတီ)
မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး နှင့် ပြည်ထောင်စု တပ်မတော် ထူထောင်ရေး အတွက် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြောတယ်။ ပြည်ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော် ပဲ ဖြစ်ရမှာ ပေါ့´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး ဆိုသော မူဝါဒ ၂ ခုတွင် တိုင်းရင်းသားများနှင့် NLD အမြင်မတူ သော်လည်း သဘောထားကွဲလွဲခြင်းမဟုတ်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊အဓိက အားဖြင့် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ထွန်းကားရေးဖြစ်ကြောင်း ပြောဆိုကြသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ အတွင်းရေးမှူး ဦးနိုင်ဟံသာက ဒေါ်အောင်ဆန်းစုကြည် သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း မှတဆင့် ထိုးဖောက်ဝင်ရောက်မည်ဖြစ်ပြီး UNFC သည် လွှတ်တော်လမ်းကြောင်းမှ ၀င်ရောက်ဆောင်ရွက်၍ မရသောကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိသော ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမည်ဖြစ်ကြောင်း ပြောသည်။
“စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်။ ဒါကကျနော်တို့ ဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးပွဲ မဟုတ်ပါဘူး။ ကျနော်တို့ အပြင်မှာနေတဲ့လူတွေက လွှတ်တော်ထဲမှာလည်း ၀င်တိုးလို့မရဘူး။ ဒီဖွဲ့စည်းပုံ အနေအထားအရ လွှတ်တော်ထဲမှာလည်း ပြင်ဖို့ မလွယ်ဘူးလို့ မြင်တယ်။ ဒါကြောင့် အန်ကယ် တို့ကတော့ အသစ်ရေးတာကတော့ မြန်တယ်။ လွယ်တယ်လို့ပဲ ယူဆတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရမယ်လို့ ယုံကြည်ပြီးတော့ အဲဒါကို ပြောပြတာ´´ဟု ဦးနိုင်ဟံသာက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသား အရေးအတွက် အသိသက်သေအနေဖြင့်သော်လည်းကောင်း၊ ၀ိုင်းဝန်းကူညီသူအနေဖြင့်သော်လည်း အမြဲတမ်းကြိုဆိုဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လိုအပ်ကြောင်း ဦးနိုင်ဟံသာက ဆက်လက်ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေအနေနဲ့ရော ၊ ၀ိုင်းဝန်းကူညီနိုင်တဲ့ အနေအထားကနေ ပါဖို့ရော အန်ကယ်တို့ က အမြဲတမ်းဖိတ်ခေါ်နေပါတယ်။ထာဝရ ငြိမ်းချမ်းရေးရဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုတာ တော်တော် လေးကို အဓိကကျတဲ့ အခန်းဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်နိုင်ဖို့က ပြည်ထောင်စုအစိုးရကို အာဏာ တချို့ အပ်ပြီးတော့မှ ပြည်နယ်အစိုးရတွေမှာ ထိုက်သင့်တဲ့ အာဏာတွေ လွဲအပ်ပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ အချင်းချင်း ဆိုတဲ့နေရာမှာ တန်းတူညီမျှရှိဖို့ လိုအပ်ပါတယ်´´ဟု ဦးနိုင်ဟံသာက ရှင်းပြသည်။
အခြေခံဥပဒေ နှင့် ပတ်သက်၍ UNFC နှင့် ချည်းကပ်သည့် လမ်းစဉ်မတူသော်လည်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် နှင့် UNFC သဘောထား မကွဲလွဲကြောင်း၊ အဓိကမှာ စစ်မှန်သော ပြည်ထောင်စု စနစ် တရပ် ပေါ်ထွန်းရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
“ ဒီကိစ္စပေါ်မှာ အခြေခံပြီးတော့ စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးလိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုပဲ။ အဲဒီ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဒီပုံစံနဲ့ တော့ မရဘူးဆိုတာ ကျမတို့ အားလုံး လုံးဝ သဘောတူတယ်။ အားလုံးအတူတူလက်တွဲပြီးတော့ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ´´ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။
UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်သည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော်အခွန်။ သဘာဝပတ်ဝန်းကျင်။ လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း (ဒီမိုဝေယံသို ပေးစာ)
$
0
0
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော်အခွန်။ သဘာဝပတ်ဝန်းကျင်။
လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း
နိုင်ငံတော်အခွန်ဘဏ္ဍာများဆုံးရှုံးရခြင်း(ပထမနာခြင်း)
မြိတ်မြို့အင်းလေးမြိုင်စက်မှု့ဇုံ(ငါးလေလံ)တွင် ကင်းမွန်ပြုတ်ခြောက်ပြုလုပ်၍
စီးပွားရေးလာ ရောက်လုပ် ကိုင်လျက်ရှိသော တရုတ်ပြည်မှ ပြည်ကြီး တရုတ်အစစ်များသည် ကင်းမွန်များအား ဆားများဖြင့် ပြုတ်၍ နေလှန်းကာ တရုတ် ပြည်သို့ ကားများဖြင့် တစ်ရက်ခြားတစ်ကြိမ် တင်ပို့နေတာကို အားလုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပြည်ကြီးတရုတ်တွေလုပ်တဲ့လုပ်ငန်းက သစ်တောနဲ့ရော ငါးဦးစီးနဲ့ရောဆိုင်ပါတယ်။ အင်းလေမြိုင် စက်မှုဇုံဖြစ်တဲ့ ငါးလေလံမှာ ကင်းမွန်ပြုတ်ခြောက် လုပ်တဲ့ရုံအားလုံး(၁၁)ရုံရှိပါတယ်။ အဲဒီကထွက်တဲ့ ကင်းမွန်ခြောက်တွေကို ယခင်က မှန်လုံကား၊ (၆)ဘီးကားနဲ့ အခုဆိုရင်(၁၂)ဘီးကားတွေနဲ့ကို တင်ပို့နေတာကိုတွေ့ရပါတယ်။ ငါးလုပ်ငန်း ဦးစီးမှာ မျှောလုပ်တော့(၁)စောင်ကို (၁၂)တန်လုပ်တယ်၊ သယ်တော့ တန်(၇၀)လောက်ခိုးသယ်တယ်၊ မျှောမှာက ကား(၁)စီး ထွက်တော့(၅)စီး ၊ ငါးလုပ်ငန်းဦးစီးကလဲ စစ်ဆေးပြီးတင်တာမရှိဘူး၊ အကောက်ခွန်ကလဲ စစ်ဆေး တာမရှိဘူး၊ အေ(၃)လုံးကုမ္ပဏီနဲ့ ဟိန်းမြန်မာကုမ္ပဏီ(၂)ခုကလုပ်ဆောင်နေတာ လုပ်ငန်းခွန်လဲ မရှိဘူး၊ အမြတ်ခွန်လဲမရှိဘူး၊ မြိတ်မှာလဲ အခွန်မဆောင်တာမရှိဘူး၊ ဓနိမိုးထရံကာနဲ့ လုပ်တယ်ဆိုပေမယ့် ရင်းနှီးမြှပ်နှံမှုက အနည်းဆုံး ကင်းမွန် ပြုတ်ခြောက်ရုံတစ်ခုက သိန်းပေါင်း(၅၀ဝ၀)လောက်နဲ့လည်ပတ်နေတာ ဒါကို အခွန်မရှိဘူး။
 နိုင်ငံသားကုမ္ပဏီတွေ ကိုလည်းကြည့်ပါအုံး အားလုံးပိတ်ထား ဒုက္ခကို လှလှတွေ့နေရတယ်။ ကင်းမွန်ပြုတ်ခြောက် စက်ရုံတွေမှ အလုပ်သမား ဥပဒေလဲမရှိဘူး၊ အလုပ်သမားခံစားခွင့်ဆို ဝေလာဝေး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလဲ ဒါကို စိစစ်ဖို့ လိုပါတယ်..။ တစ်ရက်လောက် ငါးလေလံကို လာရောက် လေ့လာကြည့်စေလိုပါတယ်။ ကင်းမွန်ဝင်တဲ့အချိန်ကို ပြောတာပါ။
သဘာဝပတ်ဝန်းကျင်ဆုံးရှုံးရခြင်း(ဒုတိယနာခြင်း)
သဘာဝပတ်ဝန်းကျင်ဆုံးရှုံးတာတော့ သိချင်သူများလာရောက်ရောက်ကြည့်ကြပါ။
ဒီရေတော သစ် ပင်တွေနဲ့ ထင်းစိုက်နေတာ တစ်ရုံကို တန်ရာချီ ပြီး ထင်းထိုးနေတာ။ (၁၁)ရုံဆို ဒီရေတော ထင်း တန်သောင်းချီ ပြီး ဆုံးရှုံးတာလေ-- တရုတ်တွေ ဒီရေတော သစ်ပင် တစ်ပင်စိုက်ဖူးတဲ့ကောင်တွေ မဟုတ်ဘူး--အဲအခုတော့ သစ်တော က ဝင်စစ်နေပြီလေ ထင်ခွန်လေး (၁)နှစ်ကို ၅၀ဝ၀ဝိ/- ဆောင်ပြီး တန်သောင်းချီတဲ့ ဒီရေတော သစ်ပင် တွေ ကို ဖျက်ဆီးနေတာ သက်ဆိုင်ရာဌာနတွေနဲ့
အစိုးရအဖွဲ့ရုံးက လူကြီးတွေလာရောက် စစ်ဆေးဖို့တော့လိုပါတယ်။
နောက်တစ်ခုက စွန့်ပစ်ပစ္စည်း ပြုတ်ပြီးသား ဆားရေပူတွေကိုလည်း စနစ်တကျ
ရေနှုတ်မြောင်း များမရှိဘဲ အနီးပတ်ဝန်းကျင်နားတွေသာ သွန်ပစ်ခြင်း၊ ဆားရေပြုတ်အဟောင်း တွေရဲ့အနံ့ကတော်တော်ကိုဆိုးပါတယ်။ နိုင်ငံသားပိုင် စက်ရုံတွေကြတော့ ငါးဦးစီးက စစ်လိုက်တာ၊ ရစ်လိုက်တာ၊ စွန့်ပစ်ပစ္စည်းများကို ရေဆင်းရေလာ ကောင်းရမည်။ ကလိုရင်းသုံးရမယ်၊ ငါးမှုန့်စက်ရုံဆိုရင်လဲ ခေါင်းတိုင်က မြင့်ရမယ်၊ တရုတ်ကျတော့ ခေါင်းတိုင် လဲမရှိဘုး၊ ရေဆင်းရေလာလဲ မရှိဘူး၊ လုပ်ချင်သလိုလုပ် နေတာကို မစစ်ဘူး၊ မျှောတစ်စောင်လုပ်ရင် အဆင့်ဆင့်ရနေတာကို ငြိမ်နေတာပေါ့ ပြောရရင်လဲ အောင်မင်းလွန် ရာကျမယ်။ အခုတော့ သစ်တောဦးစီးဌာနက ဝင်စစ်ပါလေရော ဒါပေမယ့် တရုတ်တွေကတော့ မရပ်ဘူးဗျာ ဆက် ပြုတ်နေတုန်းဘဲ-- သစ်တော ဘယ်လို အရေးယူမလဲ--- ပြည်မကြီး နိုင်ငံခြားသား တရုတ်တွေကို..
တစ်နှစ်သုံးသမျှ ဒီရေတောထင်းကို တနင်္သာရီတိုင်း ဒေသကြီးမှာ ငါးနှစ်စိုက်တာတောင် မရဘူး။ အဲဒိတော့
ဒီရေတောသစ်ပင်တွေကို မစိုက်ဘဲ စိုက်ပြီးသား သစ်ပင် တွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းဖို့တော့ လိုအပ်ပါ တယ်။ ဒီရေတောတွေမရှိတဲ့အတွက် ငါးသားပေါက်၊ ပုစွန်သား ပေါက်တွေနေစရာမရှိဘူးဖြစ်နေ တယ်ဗျာ-
- ဝါလပ်/ဝါတန်းတွေကိုလည်းကြည့်ပါအုံး ရပ်ထားကြတယ်။
မြေမျိုခံရတာမဟုတ်ပါဘူး-လူမျိုးခံရတာပါ(တတိယနာခြင်း)
လူကိြုွေမမျိုခံရရင်တောင် သက်သာအုံးမယ်ဗျာ- အခုတော့ မြိတ်သူအချောအလှလေးတွေကို
တရုတ်နဲ့ နောက်လိုက် အလိုတော်ရိတွေရဲ ဝါးမျိုခြင်းကို မြိတ်မှာခံစားနေရပါတယ်ဗျာ-- ကင်းမွန်ခြောက်ရုံတွေမှာ ယောက်ကျားလေးထက် မိန်းကလေးဦးရေက ပိုပြီးများပါတယ်။ အဲဒီထဲကမှာ ရုပ်ရည်လေးသန့်တယ်ဆို၊ ထမင်းချက် ဟင်းချက်၊ အလုပ်သမားခေါင်းဆိုပြီးခန့်တယ်၊ လစာပိုပေးတယ်၊ အလုပ်သမားတွေ ညနေပြန်တော့ ဒီကောင်မလေးက မပြန်ရသေးဘူး ထမင်းကျွေးရသေးတယ်။
 နည်းမျိုးစုံးနဲ့စည်းရုံးတယ် ကြာတော့ တရုတ်မယားငယ်ဘဝကို ရောက် ရော--လူမှုရေးအရ နာမည်တွေတော့ မပြောချင်ပါဘူး၊ လဝကတွေ ဘာလုပ်နေတုန်း၊ နိုင်ငံသားပိုင် ဝါးလပ်၊ ဝါးတန်းတွေ ပင်လယ်ပြင်ထွက်ခါနီး တန်းစီပြီးတော့ လူစစ်တယ်၊ တရုတ်တွေ မြိတ်သူလေးတွေကို တစ်ယောက်ပြီး တစ် ယောက်ယူတယ်၊ ဖျက်ဆီးတယ်၊ အချိန်တန်တော့ ဒီကောင်တွေက ပြန်သွားရော- ကလေးတစ်ယောက်နဲ့ ကျန်ခဲ့ပါ လေရော ဒီကလေးနဲ့ အဖေဘယ်လိုတပ်မလဲ ၊ ဒီကလေးကို နိုင်ငံသားပေးမှာလား၊ အက်ဖ်အာစီပေးမှာလား ၊ အလုပ် သမားလူအခွင့်ရေးတွေ နဲ့ လဝကတွေ ကင်းမွန်ခြောက်စက်ရုံတွေကို စစ်ဖူးကြရဲ့လား၊
ကျွန်တော်တို့ တိုင်းဒေသကြီး မှာ လူကြီးနေရာယူထားတဲ့သူတွေ ဘာလုပ်နေကြတုန်းဗျာ--အများပြောသလို အိပ်ငိုက်နေကြသလား-- တရုတ်နဲ့ညားတဲ့ မြိတ်သူ(၁၁)ယောက်မှာ ကလေးရသူ(၄)ယောက်ရှိတယ်ဗျာ အတိအကျကို ပြောလိုက်ပြီ--တဖြေးဖြေးနဲ့ နာမည်တွေပါ ရိုက်ထည့်လိုက်တော့မယ်---နောက်နှစ်ကျတော့ ဒီ တရုတ်စုတ်က မလာတော့ဘူး-- အဲဒီတော့ မြိတ်သူလေးခဗျာ ဒုက္ခနဲ့ လှလှ တွေ့ပါရော-- ဒူးနဲ့မျက်ရည်သုတ်နေရုံ ကလွဲပြီး ဘာမှမလုပ်နိုင်ဘူး-- ကဲ ဦးလူဝကြီးတို့ အပိုင်းကို သေသေချာချာလုပ်သလို့  လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးအဖွဲ့၊ ဝန်ထမ်း ဥပဒေရေးရာတွေလဲ ဆင်းပြီး စစ်သင့်တဲ့အချိန်ကို ရောက်ပြီ အဲဒီတော့ နာ(၃)နာကို အဆုံးသတ်လိုက်ပါ တော့မယ်- ပြောပြန်ရင်လဲ
အောင်မင်းလွန်ရာကျမယ်----------။----
အောင်မင်း(မြို့သစ်ရပ်၊ မြိတ်)
နိုဝင်ဘာလ(၂၇)ရက်နေ့က သြစတြေးလျနိုင်ငံရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ..
$
0
0
နိုဝင်ဘာလ(၂၇)ရက်နေ့က သြစတြေးလျနိုင်ငံရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ..
http://www.youtube.com/watch?v=Hrr79diHyFc&feature=share
Sydney Opera House တွေ့ဆုံပွဲ (ရုပ်သံ)
သတင်းမီဒီယာ ကြယ်တစ်ပွင့်ကြွေလွင့်ခြင်း..
$
0
0
သတင်းမီဒီယာ ကြယ်တစ်ပွင့်ကြွေလွင့်ခြင်း...
လွတ်လပ်တဲ့အာရှအသံ RFA (Radio Free Asia) သတင်းဋ္ဌာန၏ Website Editor တစ်ဦးဖြစ်သူ မောင်မိုးသူအောင် အသက် (၂၄) နှစ်သည် ၂၅.၁၁.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ကွယ် လွန်သွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီပေးခဲ့သည်။
လွတ်လပ်တဲ့အာရှအသံ RFA (Radio Free Asia) သတင်းဋ္ဌာနအား ရန်ကုန်မြို့ တွင် ပထမဦးဆုံး ရုံးခွဲဖွင့်လှစ်ခဲ့ရာ မောင်မိုးသူအောင်သည် ပထမဦးဆုံး ပြည်တွင်းသတင်းထောက်တစ်ဦး ဖြစ်ပြီး မိုးသူအောင် အမည်နာမသည် ကလောင်အမည်ဖြစ်ပြီး အမည်ရင်းသည် ဝေဖြိုးဟန် ဖြစ်သည်။ မိုးသူ အောင်သည် သွက်လက်ပေါ့ပါးပြီး ရိုးသားကြိုးစားသူ၊ ချစ်ခင်စရာကောင်းသူ၊ အရည်အချင်းရှိသူဖြစ်ပြီး RFA သတင်းဋ္ဌာနအတွက် အားအထားရဆုံးသော လူငယ်သတင်းထောက်တစ်ဦး ဖြစ်သည်။
    ၂၉.၁၁.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင် မောင်ဝေဖြိုးဟန် (ခ) မိုးသူအောင် (ခ) ဖိုးသား ကြီး အသက် (၂၄) နှစ်၏ ဈာပန အခမ်းအနားအား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှုဖြင့် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ် များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများတို့မှ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့တော့သည်။
    သတင်းမီဒီယာလောက၏ ကြယ်တစ်ပွင့် စောစီးစွာ ကြွေလွင့်ခဲ့ပြန်ပါပြီ။ သတင်းထောက် မိုးသူအောင် ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ။
နာရေးကူညီမှုအသင်း (ရန်ကုန်)
ဦးကျော်သူ၏ ဗြဟ္မစိုရ် စကားလုံးများနှင့် Here & Now Dance Crew အဖွဲ့တို့၏ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ဖျော်ဖြေမှု အစီအစဉ်..
$
0
0
 ဦးကျော်သူ၏ ဗြဟ္မစိုရ် စကားလုံးများနှင့် Here & Now Dance Crew အဖွဲ့တို့၏ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ဖျော်ဖြေမှု အစီအစဉ်..
နှစ်သစ်ကိုကြိုတော့မည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ၏ ဗြဟ္မစိုရ်ခြေလှမ်း ဟောပြောပွဲများအား စိတ်သစ်၊ အယူအဆအသစ်၊ တင်ပြမှုအသစ်၊ ဟောပြောမှုအသစ်များဖြင့်
ဒီဇင်ဘာလမှ စတင်ကာ လျှောက်လှမ်းတော့မည့် အစီအစဉ်များ....
ရှေးဟောင်း သာသနာမြေပေါ်တွင် ကျူးကျော် ၀င်ရောက်သူများအား ထိရောက်စွာ အရေးယူ ဖယ်ရှားပေးပါရန်.. (တိုင်ကြားစာ)
$
0
0
 ရှေးဟောင်း သာသနာမြေပေါ်တွင် ကျူးကျော် ၀င်ရောက်သူများအား ထိရောက်စွာ အရေးယူ ဖယ်ရှားပေးပါရန်.. (တိုင်ကြားစာ)
ပဲခူးမြို့၊ ဥသာမြို့သစ်၊ ရပ်ကွက်ကြီး(၅)၊ မြေတိုင်း(၁၅)၊ မြို့ရှောင်လမ်းမကြီးဘေးတွင် တည်ရှိသည့် ဓမ္မစေတီမင်းကြီး တည်ထားကိုခဲ့သော ရှေးဟောင်း သာသနာ့မြေမှာ ပဲခူးခရိုင်အုပ်ချုပ်ရေးရုံးနှင့် ပဲခူးမြို့နယ် မြေစာရင်းဌာနတို့မှ (အစိမ်းရောင်)သာသနာမြေအဖြစ် သတ်မှတ်ပေးထားသော ရှေးဟောင်း သာသနာမြေဖြစ်ပါသည်။
 ယခုအခါ ယင်းမြေနေရာဝန်းကျင်တွင် လေဆိပ်စီမံကိန်းနှင့် မြို့ရှောင်လမ်း 
စီမံကိန်းများကြောင့် မြေကွက်ဈေးများမှာ အဆမတန်ဖြစ်နေပါသည်။ ထိုသို့ ဈေးများ အဆမတန်ဖြစ်နေသည့်အချိန်တွင် ယင်းရှေးဟောင်း သာသနာမြေအတွင်း (ပုံတွင်ပါရှိသောသူများ)မှ  ရှေးဟောင်းအုတ်ရိုးများကို ဖြိုဖျက်ကာ ခြံစည်းရိုးများခတ်ပြီး ကျူးကျော် ၀င်ရောက် နေရာယူထားကြပါသည်။
 အဆိုပါကိစ္စများအား တိကျသေချာဖြေရှင်းပေးပါရန် သက်ဆိုင်ရာ ရုံးအဖွဲ့ အစည်းများနှင့် အာဏာပိုင်အဖွဲ့အစည်းများအား တားမြစ်ဖယ်ရှားပေးနိုင်ပါရန် ရှေးဟောင်း သာသနာ့နယ်မြေတွင် တည်ရှိသော ဗုဒ္ဓရက္ခိတဓမ္မ၀ိဟာရကျောင်း ဆရာတော်ဥူးခေမိန္ဒနှင့် ဘုရားဂေါပက အကျိုးဆောင်အဖွဲ့ မှ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ဖြစ်သော်လည်း၊ ယခုအချိန်အထိ မည်သို့မျှလုပ်ဆောင်မှု မပေးသေးပဲ မြေစာရင်းဌာနမှ ရှေးဟောင်းသာသနာမြေ အုတ်ရိုးအတွင်း မြေကွက်နေရာများ ချထားမှုရှိလာခဲ့ပါသည်။
သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများသည်  ဗုဒ္ဓဘာသာများဝင်များပီပီ သာသနာမြေကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခေါင်းရှောင်မှု မလုပ်ကြပဲ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန်ကို အင်တာနက်မှတဆင့် သက်ဆိုင်ရာဌာဆိုင်အသီးသီးသို့ မေတ္တာရပ်ခံ တင်ပြတိုင်ကြားအပ်ပါသည်။
ပူးတွဲပါ - မြေပုံ
တာဝန်သိ ပြည်သူတစ်ဦး
သင်သည်လည်းလူ ဘယ်လိုလူလဲ (မင်းသုည ဗုဒ္ဓတက္ကသိုလ်)
$
0
0
သင်သည်လည်းလူ ဘယ်လိုလူလဲ
မာသာထရီဇာ လူလော့ကလာတော့
လူတွေကိုကူညီသွား မေတ္တာတွေပွါးသမို့
သူ့ကိုချစ်ကြတမ်းတကြ၏။
အာဏာရှင်ဟစ်တလာ လူလောကလာတော့
လူတွေကိုသတ် လွန်နှိပ်စက်လို့
သူ့ကိုမုန်းကြ မတမ်းတကြ။
ဒို့ရဲ့ဖခင် သခင်ဗိုလ်ချုပ်အောင်ဆန်း
ဒို့ပြည်မှာ သူစွမ်းတော့
လူတွေကိုကူညီသွား မေတ္တာပွါးသမို့
သူ့ကိုတမ်းတ လွန်ချစ်ကြ၏။
အာဏာရှင်ယုတ် နေ၀င်းဗိုလ်စုတ်
ဒို့ပြည်မှာသူအုပ်ချုပ်တော့
တိုင်းပြည်လည်းစုတ် လူလည်းစုတ်မို့
သူ့ကိုမုန်းကြ သတ်ချင်ကြ၏။
ဒို့ပြည်ရဲ့မိခင် အောင်ဆန်းစုကြည်သခင်ရဲ့
ကြင်နာ မေတ္တာ ကရုဏာ တရား
ပြည်သူတွေပေါ်ထားသမို့
ပြည်သူလည်းချစ် ကမ္ဘာလည်းချစ်ပေါ့။
အာဏာရှင်ကြီးသန်းရွှေ
ဒို့ပြည်ကို သူမွှေလို့
သခင်ဘ၀မှ ကျွန်ဘ၀တွေဖြစ်ရ
နွံထဲနှစ်ရ လူလုံးမလှသမို့
သူ့ကိုမုန်းကြ ရှင်းချင်ကြ၏။
ဒီမယ်အမောင် သင်….ဤလူ့ဘောင်ကို
ရောက်တုန်းရောက်ခိုက် ရောက်သည်ခိုက်မှာ
သင်သည်လည်းလူ ဘယ်လိုလူလဲ
လူတွေချစ်ရ တန်ဖိုးရသလား
လူတွေမုန်းပွါး အာဃာတထားသလား
သင့်ကိုယ်သင်မေး ပြန်စစ်ဆေးပါ
သင်သည်လည်းလူ ဘယ်လိုလူလဲ…..
                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား..
$
0
0
Photo: အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား  အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။  ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။  ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။  ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။  ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်းလုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။  အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစားလုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။  နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။  ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။  ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။  ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။  (ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)
အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား
အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။
ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။
ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။
ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်းလုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစားလုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။
နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။
ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
EMG
(ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)
အာဏာသင်္ခါရ (ကဗျာရှင် နေရဲနီ)
$
0
0
အာဏာသင်္ခါရ
(ကဗျာရှင် နေရဲနီ)
ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို အရွယ်စိုက
များရှင်ပြည်သူ လန့်ကြောက်မူ၍
နှိပ်စက်ကလူငါလျှင်ပြုခဲ့
၅(ည)ဟူသည်ငါ့လက်နက်။
စိုးစဉ်းအာဏာ ရှိပိမ့်ငါသည်
မာန်လည်းတင်းတင်း စိတ်ဟင်းလင်းနှင့်
အကြံဆိုးယုတ် တွေးကာထုတ်၍
ငါသာငါထက် မာန်ကိုတက်ကာ
အထက်နေမင်း ရာဟုနင်းသို့
အချိန်မတော် အိမ်ပေါက်ကျော်ချင်း
အတင်းဝင်ရောက် တောင်သူယာတဲ
ကျားယုတ်ဆွဲသို့ ထိတ်ထိတ်ပြာပြာ
ရှင်လူတကာ ကြောက်စိမ့်ငှာဟု
အာဏာအလွဲ ငါသုံးစားခဲ့။
တိမ်ညိုမိလ္လာ တိမ်စူကာနှင့်
တိမ်ပြာရောယှက် မရမ်းဖက်၍
တိမ်သက်တန့်ရောင် အဝါပေါင်ဝယ်
ညိုခဲ့တလီ ရီခဲ့တဖုန်
မှုန်ခဲ့တချက် ယုဂန်ထက်ဝယ်
လေးဖက်လုံးခြုံ တိမ်ဂဠုန်လည်း
နဂါးရုံကြွေ့ ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင် ဂုဏ်ချင်းဆိုင်သို့
ဆရာနှင့်ပင် အာဏာပြိုင်ခဲ့။
ငါနှင့်ငါ့ဆရာ အာဏာမြဲရေး
ရှင်လူတကာ ဘဝအဖုံဖုံ
ပျက်ခဲ့တုံလည်း
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
ငါ့အာဏာကား မကြာချက်ချင်း
ပြိုပျက်ယွင်းခဲ့။
ငါ၏အာဏာမြဲစိမ့်ငှာဟု
အာဏာမှုန်ယို ဟိုတချိန်က
ငါသာငါထက် မာန်ကိုတက်၍
 နှိပ်စက်ကလူ ငါပြုခဲ့သမျှ
လက်အုပ်ချီမိုး မာန်ကိုချိုး၍
တိုးလျှိုးဝပ်စင်း တောင်းပန်နှင်းသည်
ရှင်လူတကာ သည်းခံပါလော့။
အာဏာကိုလိုသူက တပည့်တော်၏ဆရာ
လမ်းညွှန်အမိန့်ပေးသူက ဘုရားတပည့်တော်
 အထက်အမိန့်အရဟူ၍ ထင်တိုင်းကြဲကာ
ပြည်သူကို နှိပ်စက်ခဲ့ကြသူများက
တပည့်တော်၏ နောက်လိုက်နောက်ပါများ
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်
ဘုရားတပည့်တော်နှင့်တကွ
 နောက်လိုက် နောက်ပါ အဖွဲ့သားများလည်း
ထောင်နန်းစံ၍ ဘဝတွေလည်းပျက်ခဲ့ပြီးပါပြီ။
ဗိမ္မိသာရကိုသတ်သူက အာဏာပါးကွက်သားများ
အမိန့်ပေးစေခိုင်းသူက သားတော်အဇာတသတ်
နောက်ကွယ်က ကြိုးကိုင်သူက ရှင်ဒေဝဒတ်
ကြံဖော်ကြံဖက် ဤသုံးဦးစနက်တွင်လည်း
ဒေဝဒတ်နှင့် အဇာတသတ် ဆရာနှင့်တပည့်သည်လည်း
လောဟကုမ္ဘိငရဲမှ ပြေး၍မလွတ်ပါဘုရား။
တနေကွယ် သေနယ်သို့တချိန်ကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အကြိမ်များရင်ဖြင့်
သေနယ်ရွာ တချိန်သွားရမယ်
တားမရဘူး။
နတ်ပြည်တဝင်းဝင်း
ဝက်စားကျင်းတရှုပ်ရှုပ်
ယမပြည် တိုးမပေါက်အောင် စည်သော်ငြားလည်း
မြို့နန်းတည် ဘုရားဒါယကာမင်းတရားသော်မှ
အကုသိုလ်များခဲ့လျှင်
သစ်ကြမ်းပြင် သံမှိုရိုက်သွင်းသကဲ့သို့
ယမမင်းခေါ်သံကြားရင်ဖြင့်
ငရဲသို့လားရမည်
မုချမလွဲ။
နေရဲနီ
အသေထွက် ကျော်သူ (နိုင်မြန်မာ)
$
0
0
အသေထွက် ကျော်သူ
(နိုင်မြန်မာ)
    “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊ ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏ နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်းဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီအတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့် ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။
    “ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။
ယင်း “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ် ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေးသီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။
    ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင် ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။
    ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမားတစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊ ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။
ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့် ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။
ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား  “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။
အသေထွက်
လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ
အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …
ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ
နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။
    နိုင်မြန်မာ
                                              ၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ်  တို့  လူ  ကြီး  “ ကို  ကျော် သူ ”  ၅ ၄  နှစ်  ပြည့်  မွေး  နေ့  အ  မှတ်  တ  ရ)
ချောက်မြို.က ( သခင်ဖိုးလှကြီး ) ရုပ်တုဖွင့်ပွဲ..
$
0
0
‌ ချောက်မြို.က ( သခင်ဖိုးလှကြီး ) ရုပ်တုဖွင့်ပွဲ.. 
 ရေနံ‌မြေသပိတ်‌‌ခေါင်း‌ဆောင်‌ သခင်‌ဖိုးလှကြီး ရုပ်ထုဖွင့်ပွဲအား ‌ချောက်‌မြို့အလုပ်‌သမား‌ မေ‌ဒေး‌ ကျောက်‌တိုင်‌ကွင်းပြင်‌တွင်‌ ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ ဦးညိုထွန်း
ပစ်မှတ် စိစစ်ခြင်းနှင့် ရန်ကုန်မြို့တွင်း မူယစ်ဆေးဝါး Ecstasy ဆေးပြားများနှင့် WY ဆေးပြားများ စီးဝင်ရေယက်မှု အခြေအနေ တင်ပြချက်... (ပြည်ထဲရေးဝန်ကြီးဋ္ဌာန)
$
0
0
၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pion...eer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။
(၂) စစ်ကြောဖော်ထုတ်ချက်များအရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအမှတ် မ-၄/င နေ အေးထွန်း (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက်)သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး အပြန်တွင် အပြာရင့်ရောင်လင်းပိုင်တံဆိပ် ECSTASY ဆေးပြားများအား သယ်ဆောင်လာခဲ့ကြောင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ECSTASY ဆေးပြားများကို အမေရိကန်နိုင်ငံမှပင် ဒုတိယအကြိမ်သယ်ဆောင်ခဲ့ကြောင်း၊ ECSTASY ဆေးပြားများကိုညီဖြစ်သူ ဗိုလ်ကြီးဟောင်း ထင်ပေါ်ထွန်း၊ သူငယ်ချင်း မြင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း၏သား မျိုးမင်းတင်ထွန်း၊ ဗိုလ်ကြီးဟောင်း နေထွန်းတို့နှင့်အတူ Hot Short Club၊ကန်တော်ကြီး ဟိုတယ်နှင့် BME2 Club တို့တွင်သွားရောက် ကခုန်ရင်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ၂ဝဝ၅ ခုနှစ်တွင် အေးထွန်းသည် ဗိုလ်ချုပ် စောထွန်း၏သားမက် သားပေါက် (ခ) ကျော်နိုင်ဦးနှင့်ရင်းနှီးရာမှ သားပေါက်၏ နေအိမ်နှင့် Club များတွင် ဂန္တဝင်၊ မိုးဟေကိုတို့နှင့်အတူ ECSTASY ဆေးပြားများ သုံးစွဲခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင်လည်း မောင်ဝိတ်ထံမှရရှိသည့် ECSTASY ဆေးပြားများကို သားပေါက်မှတစ်ဆင့်ရရှိခဲ့၍ သုံးစွဲခဲ့ကြောင်းသိရှိရပါသည်။
XXXXXXX
(၅) ၂ဝဝ၆ ခုနှစ်တွင် အောင်ဇော်ရဲမြင့်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုစဉ်က မလေးရှားနိုင်ငံရှိ လူမိုက်ဂိုဏ်းတစ်ခုမှ မန်နီးဆိုသူလာရောက် တွေ့ဆုံကြောင်း သိရှိရပါသည်။ မန်နီးက အောင်ဇော်ရဲမြင့်အား ထိပ်တန်း စားသောက်ဆိုင်များ၊ ကလပ်များသို့ ခေါ်ယူဧည့်ခံခဲ့ပြီး တွေ့ဆုံသူတိုင်းကို အောင်ဇော်ရဲမြင့်မှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်းကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ကာစီနိုဝိုင်းသို့ သွားရောက်သည့်အခါ အောင်ဇော်ရဲမြင့်အား မောင်ဝိတ် Family ဟု အမည်စာရင်း ကြိုတင်ပေးခဲ့ကြောင်း သိရှိရပါသည်။ မလေးနိုင်ငံသား မန်နီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြအောင်တို့၏ ၁၃-၅-ဝ၇ နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော မင်္ဂလာပွဲသို့ လာရောက်ခဲ့ပြီး ရွှေမြန်မာဟိုတယ်၌ ၁၂-၅-ဝ၇ နေ့နှင့် ၁၃-၅-ဝ၇ နေ့တွင် တည်းခိုခဲ့ကြောင်း သိရှိရပါသည်။
WY စိတ်ကြွဆေးပြားများစီးဝင်မှု
၇။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ် ၁၂ တွင် အောင်နိုင်ဆိုသူထံမှ စိတ်ကြွဆေးပြား ၂၆၆၂ ပြား ဖမ်းဆီးရမိခဲ့ပါသည်။ အောင်နိုင်သည် အဆိုပါဆေးပြားများအား တန့်ယန်းမြို့နယ်၊ နမ့်ပေါင်ရွာနေ ညီစမ်း ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ညီစမ်းမှာတန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ သွားရောက် ဝယ်ယူခြင်း ဖြစ်ပြီး ဆန်ရုန်းအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ထောက်လှမ်း စုံစမ်းလျက် ရှိပါသည်။ xxxxxx
၈။ အောင်နိုင်သည် အဆိုပါဆေးပြားများအား ညီစမ်းမှတစ်ဆင့် တန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးပြား ၁ဝဝ ပြားပါ တစ်ထုပ်လျှင် ၂ သိန်း ၆ သောင်းကျပ်ဖြင့် ဆေးပြား ၇၅ ထုပ်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ပေး၍ ကိုယ်တိုင်သွားရောက် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ အောင်နိုင်သည် လားရှိုးမှ မန္တလေးသို့ ဆလွန်းကား၊ ကားစပါယ်ယာဘီးထည့်သည့် အံဝှက်ထဲတွင်ထည့်၍ သယ်ဆောင်ခဲ့ပြီး မန္တလေးမှ ရန်ကုန်သို့ လီယို၊ နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်များဖြင့်သယ်ဆောင်ခဲ့ပြီး ဗဟန်းမြို့နယ်ရှိ EXCEL ဟိုတယ်၊ မင်္ဂလာဒုံ မြို့နယ်ရှိ Myanmar Life ဟိုတယ်တို့၌ တည်းခိုရင်း သိမ်းဆည်းထားကာ ထက်ထက်အောင်၊ စည်သူ၊ မဖြိုး၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနှင့် ၄င်းတို့၏ဦးလေး ကိုအောင်ထံ ရောင်းချကြောင်း၊ ထိုသူများက တစ်ဦးလျှင် တစ်ပါတ် တစ်ကြိမ် ဆေးပြား ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
၉။ ယခုစီးဝင်မှုလမ်းကြောင်းတစ်ခုမှာ မဖြိုး (ခ) ဖြိုးသူသူဝင်းသည် ၂ဝဝ၂ ခုနှစ်ခန့်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့်အတူ နေထိုင်လျက်ရှိရာမှ WY စိတ်ကြွဆေးပြားများကို စတင်သုံးစွဲတတ်ပြီး ၂ဝဝ၃/၂ဝဝ၄ ခုနှစ်တွင် မဖြိုးကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်လာခဲ့ပါသည်။ ဆေးပြားများကို အလုံမြို့နယ်၊ သီတာရုပ်ရှင်ရုံအနီးနေ ကချင်အမျိုးသမီး ဆိုင်ခေါန်ပန်းနှင့် စမ်းချောင်းမြို့နယ်နေ ကချင်လူမျိုးအဂွမ်းတို့ထံမှ ဝယ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ထိုအချိန်ကမဖြိုးသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက် အေးထွန်း၊ ကျောက်စိမ်းနဂါးကုမ္ပဏီ နေလင်းထွန်း၏သား တင်အောင်ဦးနှင့် ကောင်းမြတ်သူတို့ မူးယစ်ဆေးဝါးကိစ္စဖြင့် ဖမ်းဆီးခံရသည်ကို ကြောက်ရွံ့၍ ဆက်လက်မသုံးစွဲဘဲ ခေတ္တရပ်တန့်ထားခဲ့ပါသည်။
၁ဝ။ မဖြိုးသည် WY ဆေးပြားများကို ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ်အတွင်း ဖြန့်ဖြူးခဲ့သူလည်း ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထက်ထက်အောင်မှ မိတ်ဆက်ပေးမှုကြောင့် အောင်နိုင်နှင့် စတင်သိကျွမ်းခဲ့ပြီး WY ဆေးပြားများကို တစ်ပြားလျှင် ၃ဝဝဝိ/-နှုန်းဖြင့် အောင်နိုင်ထံမှ ဝယ်ယူခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး (ကွယ်လွန်) နှင့် ၄င်း၏တပည့် ဖိုးကျော် (အကယ်ဒမီ)၊ စိုးမြတ်ကလျာ၊ မင်းထိုက်အောင်၊ မောင်မောင်သိန်းနှင့် ဖမ်းဆီးရမိသူ အဓိကတရားခံမင်းနိုင်တို့အား ပြန်လည်ဖြန့်ဝေ ရောင်းချခဲ့ပါသည်။ ရုပ်ရှင်မင်းသား ဒွေးမှ တစ်ပါတ် ဆေးပြားတစ်ကြိမ်ယူလျှင် ၁ဝဝ မှ ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိပြီး တစ်ခါတစ်ရံ နယ်ရိုက်ကွင်းများသို့ လိုက်လံ၍ စိတ်ကြွဆေးပြားများကို ပို့ပေးခဲ့ရကြောင်းလည်း သိရပါသည်။ ၂ဝဝ၇ ခုနှစ်မှစ၍ ဒွေးသည် မဖြိုးထံမှ WY စိတ်ကြွ ဆေးပြားများကို ဒိုင်ခံဝယ်ယူသုံးစွဲခဲ့ပြီး မကွယ်လွန်မီအချိန်အထိ မဖြိုးနှင့် ဆက်သွယ်မှုရှိ၍ စိတ်ကြွဆေးပြား များကို ဝယ်ယူသုံးစွဲခဲ့သူဖြစ်ပါသည်။ ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှာ ငွေကြေးမပြည့်စုံသည့် အတွက် ဒွေးက ဝေခြမ်းခွဲဝေ ပေးသည့် စိတ်ကြွဆေးပြားကိုသာ သုံးစွဲရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။ ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာနှင့် စိုးမြတ်ကလျာတို့မှာ တစ်လလျှင် ၂ ကြိမ်ခန့်ဝယ်လေ့ရှိပြီး တစ်ကြိမ်ဝယ်လျှင် စိတ်ကြွဆေးပြား ၅ဝမှ ၁ဝဝ ထိဝယ်ယူ တတ်ကြောင်း၊ ဆေးပြားဖိုးကျသင့်ငွေကို ဆေးပြားလာရောက်ယူဆောင်သူ အိမ်ဖော်မိန်းကလေးနှင့် တပါတည်း ထည့်၍ ပေးကြောင်း သိရှိရပါသည်။ - (ဆက်ရန်)
(မှတ်ချက် - အစီရင်ခံစာနဲ့ စစ်ချက်တွေ ပေါင်းရင် စာမျက်နှာ ရာနဲ့ချီတာမို့ ဖြတ်တောက်ထား ပါတယ်။ အမြီးရှည်ရှည်နဲ့အကောင်တွေနဲ့ပတ်သတ်နေလို့ ပြည်ထဲရေးက လျှော့လျှော့ပေါ့ပေါ့နဲ့ ရေးထားရတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။)
Moe Zaw Nyein Facebook
ပစ်မှတ် စိစစ်ခြင်းနှင့် ရန်ကုန်မြို့တွင်း မူယစ်ဆေးဝါး Ecstasy ဆေးပြားများနှင့် WY ဆေးပြားများ စီးဝင်ရေယက်မှု အခြေအနေ တင်ပြချက်... (ပြည်ထဲရေးဝန်ကြီးဋ္ဌာန) အပိုင်း-၂ *
$
0
0
အပိုင်း-၂ *
-------------------------------
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။
၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတ...ွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။
အောင်ဇော်ရဲမြင့်
၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။
အောင်ဇော်ရဲမြင့်နှင့်မူးယစ်ဆေးဝါး
၁၅။ အောင်ဇော်ရဲမြင့်သည် မီကာဆာဟိုတယ် အခန်းအမှတ် ၄၂၅ တွင် ရဲတံခွန်ဆောက်လုပ်ရေး ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်ထားပြီး သူငယ်ချင်းများဖြစ်သည့် ကိုဇေ၊ ကျော်လှိုင်၊ ချမ်းကျော်၊ သရုပ်ဆောင် ချောချစ်၊ ကျော်ဘုန်းနိုင်၊ ကျော်စွာမြင့်နှင့် နေလင်းကျော်တို့နှင့်အတူ ရုံးသုံးပစ္စည်းများထားသည့် အိပ်ခန်းထဲ၌ မူးယစ်ဆေးဝါးအတူ သုံးစွဲတတ်ကြကြောင်း၊ တစ်ခါတစ်ရံ အောင်ဇော်ရဲမြင့် တစ်ယောက်တည်းလည်း စိတ်ကြွဆေး သုံးစွဲတတ်ကြောင်း သိရှိရပါသည်။
၁၆။ ၂ဝဝ၆ စက်တင်ဘာလတွင် SAKURA ဟိုတယ်၌ အောင်ဇော်ရဲမြင့်၊ ချမ်းကျော်၊ ကျော်နိုင်ဦး (ခ) သားပေါက် (ဗိုလ်ချုပ်စောထွန်း၏သားမက်) နှင့် အုန်းမွှေးလုံးတို့ရှိနေစဉ် အောင်ဇော်ရဲမြင့်မှ အေးထွန်း (ဗိုလ်ချုပ်ကျော်ဘ၏ သားမက်) အား ဖုန်းဖြင့်လှမ်းခေါ်ခဲ့ပြီး အေးထွန်းရောက်ရှိလာကာ WY နှင့် ရှူသည့်ကိရိယာဗူးများ ယူလာခဲ့ပြီး WY ဆေးပြားများကို အတူသုံးစွဲကြသည်။ ကလပ်မှ အပြန်တွင်လည်း အေးထွန်း၏အိမ်သို့ လိုက်သွား၍ WY ဆေးပြားများကို အတူသုံးစွဲတတ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။
၁၇။ ကျော်လှိုင်၊ ဖြူဖြူ၊ အောင်ဇော်ရဲမြင့်၊ မောင်ဝိတ်နှင့် ချမ်းကျော်တို့သည် တစ်ခါတစ်ရံတွင် အင်းယားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ Ralex KTV တွင် ၃/၄ ကြိမ် သွားရောက်၍ WY, Ecstasy နှင့် Katamin Powder ကို သုံးစွဲကြကြောင်း၊ တစ်ခါသုံးလျှင် ၁၅ ပြားမှ အပြား ၂ဝ အထိ သုံးစွဲကြကြောင်း သိရသည်။ WY ဆေးပြားနှင့် Katamin Powder များကို မောင်ဝိတ်မှ ယူလာပေးပြီး ဝေငှသုံးစွဲကြကြောင်း၊ မောင်ဝိတ်ထံတွင် WY, Ecstasy, Katamin Powder ဆေးပြားများအပြင် Happy ဆေးပြားများရှိနေပြီး Club သို့လာလျှင် ပါလာတတ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို မောင်ဝိတ်၏ တပည့် ကျော်ဖုန်းနိုင်နှင့် အုန်းသီးတို့အားပေးထားတတ်ကြောင်း သိရှိရပါသည်။
၁၈။ ဖမ်းဆီးရမိ တရားခံ မင်းနိုင်သည် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိုင်အိုးနီးယားကလပ်သို့ သွားစဉ် နဝရတ်မှ မိတ်ဆက်ပေးသည့်အတွက် အောင်ဇော်ရဲမြင့်မှ စတင်သိရှိခဲ့သည့်နောက် Ecstasy ဆေးပြားများနှင့် စိတ်ကြွဆေးပြားများကို အပြန်အလှန်ပေး၍ သုံးစွဲခဲ့ကြသည်။ ၂ဝဝ၈ခုနှစ် မတ်လ ပထမပတ်တွင် အောင်ဇော်ရဲမြင့်က မင်းနိုင်အား ပိုင်အိုးနီးယားကလပ်တွင် WY ဆေးပြား ၇ဝ ပြားကို မွေးနေ့ လက်ဆောင်အဖြစ် ဘောင်းဘီအိတ်ထဲသို့ ထည့်၍ပေးခဲ့သည်။ ၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း တရားခံမင်းနိုင်၏ မွေးနေ့အတွက် Ecstasy ဆေးပြား ၃ဝ ပြားကို Pioneer ကလပ်တွင်ပေးခဲ့ပြီး ရင်းနှီးမှုအရ WY ဆေးပြားများနှင့် Ecstasy ဆေးပြားများကို ပိုင်အိုးနီးယားကလပ်နှင့် BME ကလပ်တို့တွင် အပြန်အလှန် ပေးခဲ့ကြောင်း သိရှိရပါသည်။ အောင်ဇော်ရဲမြင့်သည် အထက်ပါ ကလပ် ၂ ခုတွင် စိတ်ကြွဆေးပြားများအား ခင်မင်ရင်းနှီးသူ သူငယ်ချင်းများကို လိုက်လံဝေငှပေးလေ့ရှိကြောင်း သိရှိရပါသည်။
၁၉။ အောင်ဇော်ရဲမြင့်သည် BME ကလပ်သို့ သွားရောက်၍ တစ်ခါတစ်ရံတွင် Ecstasy ဆေးပြားများ သုံးချင်သည့်အခါ ကျော်နိုင်ဦး (ခ) သားပေါက်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူလာခိုင်းတတ်ကြောင်း၊ ထိုဆေးပြားမျာကို သားပေါက် (ခ)ကျော်နိုင်ဦး၊ ဖြူဖြူ (ခ) အုန်းမွှေးလုံး၊ သရုပ်ဆောင်ပြည့်ဖူးခိုင်နှင့် သရုပ်ဆောင်ချောရတနာတို့မှ ခွဲဝေသုံးစွဲကြောင်း၊ တစ်ခါတစ်ရံ ရန်ကင်းမြို့နယ်ရှိ သားပေါက် (ခ)ကျော်နိုင်ဦး၏ နေအိမ်သို့သွားရောက်၍လည်း ဆေးပြားများသုံးစွဲကြောင်း သိရှိရပါသည်။
၂ဝ။ အောင်ဇော်ရဲမြင့်သည် ၄င်းနေထိုင်သည့် အောက်ကြည့်မြင်တိုင်လမ်း၊ ရဲတံခွန်တာဝါ ၁၁ လွှာရှိ ၄င်း၏အခန်းသို့ ခင်မင်ရင်းနှီးသူ သူငယ်ချင်း ကျော်နိုင်၊ ကိုဇေ၊ ချမ်းကျော်၊ ချောချစ်၊ ကျော်သူဝင်း၊ ဘိုဘိုနိုင်၊ ဘိုဘိုနိုင်၏ဇနီး ခင်လွင်မာဝင်း၊ နဝရတ်၊ ပြည့်ဖူးခိုင်၊ နိုင်လင်း၊ မင်းနိုင်၊ ဂန္တဝင် တို့နှင့်အတူ စိတ်ကြွဆေးပြားများကို သုံးစွဲလေ့ရှိပါသည်။ ဆေးပြားများကို ဘီဒို (သို့) ဘောင်းဘီအတွင်းမှ ထုတ်ပေးလေ့ရှိပြီး ခွက်တစ်ခု အတွင်းသို့ အပြား ၅ဝ ခန့်ထည့်၍ပေးလေ့ရှိပြီး တစ်ခါတစ်ရံ ဆေးပြား ၂ဝဝ ပြား ခန့်ထိ ချထားပေးကြောင်း၊ လာရောက်သူ မိတ်ဆွေများကို ဧည့်ခန်းတစ်ခု အတွင်း နေရာချထားပေးပြီး နေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် ဆေးပြားများကို ကော်ဗူးဖြင့် ထည့်၍တင်ထားပေးကြောင်း၊ သုံးစွဲနိုင်ရန်နှင့် ဆေးပြားသုံးစွဲရာတွင် လိုအပ်သည့် ရေဗူး၊ ပိုက်၊ ခဲပြား အစုံအလင်တို့ကို အသင့်ထားရှိပေးကြောင်း သိရှိရပါသည်။ ထွက်ချက်များအရ အောင်ဇော်ရဲမြင့်သည် WY ဆေးပြားများကို ပို၍ကြိုက်နှစ်သက်ပြီး တစ်လုံးပြီးတစ်လုံး ဒလစပ်သုံးစွဲပြီး တစ်ခါတစ်ရံတစ်နေ့လျှင် ဆေးပြားအလုံး ၅ဝ ခန့်အထိ သုံးစွဲကြောင်း၊ ဖော်ထုတ်သိရှိရပါသည်။ တစ်ခါတစ်ရံ ၃/၄ ရက် ဆက်တိုက် အိပ်နေတတ်သလို အောင်ဇော်ရဲမြင့်သည် ၄င်း၏ရဲတံခွန် ၁၁ လွှာ အဆောက်အဦအတွင်း CCTV ကင်မရာများ တပ်ဆင်ထားပြီး ထိန်းချုပ်သည့် မော်နီတာ တစ်လုံးထားရှိပြီး ၄င်းမှ အမြဲစစ်ဆေး ကြည့်ရှုနေတတ်ကြောင်း သိရှိရပါသည်။
၂၁။ အောင်ဇော်ရဲမြင့်သည်ျွှ့ ဆေးပြားများကို ၂ဝဝ၆/၂ဝဝ၇ ခုနှစ်အတွင်း အောင်မိုး၊ အမှတ် ၃၁၇၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်နေသူထံမှလည်း ဝယ်ယူရရှိခဲ့ပြီး အောင်မိုးအား ၁-၁၂-၂ဝဝ၇ ရက်နေ့တွင် ရန်ကုန်မူးယစ် (အရှေ့) အထူးအဖွဲ့မှ ဖမ်းဆီးရမိပြီးဖြစ်ပါသည်။ ထို့အပြင် မောင်ဝိတ်၏တပည့် ကျော်ဖုန်းနိုင်ထံမှ လည်းကောင်း၊ သားပေါက် (ခ)ကျော်နိုင်ဦးထံမှ လည်းကောင်းရရှိပြီး ရွှေဂုဏ်သူအိမ်ရာနေ ဆံရှည်ဖိုးချို (ခ) ပြူးကြောင် ထံမှလည်း အမြဲဝယ်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။
၂၂။ အောင်ဇော်ရဲမြင့်သည် ၂ဝဝ၅/၂ဝဝ၆ ခုနှစ်၊ မန္တလေးသင်္ကြန်တွင် မောင်ဝိတ်နှင့်အတူ သင်္ကြန်မဏ္ဍပ်တွင် လာရောက်၍ ရေကစားသူများကို Ecstasy ဆေးပြားများအား နာရီဝက်လျှင်တစ်ကြိမ် ပါးစပ်ထဲသို့ လိုက်၍ ထည့်ပေးကြောင်း၊ မောင်ဝိတ်နှင့်အောင်ဇော်ရဲမြင့်၏ တပည့်များက စိတ်ကြွဆေးပြားများကို အမှုန့်ကြိတ်ပြီး Coke အအေးဗူးများထဲသို့ထည့်၍ မဏ္ဍပ်သို့ လာရောက်သည့် အဆိုတော်များ၊ ရုပ်ရှင် သရုပ်ဆောင်များ၊ ရေကစားသူများကို လိုက်၍ တိုက်ခဲ့ကြောင်း၊ ထိုနှစ် သင်္ကြန်ကာလများအတွင်း Ecstasy ဆေးပြားများ သုံးစွဲရန်အတွက် မောင်ဝိတ်ကုမ္ပဏီမှ MD အောင်မင်းက Ecstasy ဆေးပြားများကို မလေးရှားနိုင်ငံသား ရေလုပ်ငန်း လာရောက်လုပ်ကိုင်သူ Mr. Peter Teo Huat How၊ နိုင်ငံကူးလက်မှတ်အမှတ် ၁၆၁၄ဝ၁၄၆၊ အခန်း ၂ဝ၁၊ တိုက် ဘီ ၃ အောင်ဇေယျရိပ်မွန် အလုံမြို့နယ်နေသူထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။
၂၃။ လတ်တလောတွင် မလေးရှားနိုင်ငံ၌ရှိနေပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၁ဝ ကြိမ်၊ ၂ဝဝ၈ ခုနှစ်အတွင်း ၃ ကြိမ် ဝင်/ထွက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ Mr. Peter Teo Huat How သည် ရန်ကုန်မြို့သို့ စိတ်ကြွဆေးပြားများ သွင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ၄င်းအား ကူညီဖော်ထုတ် ဖမ်းဆီးပေးရန် ၂၁-၅-၂ဝဝ၈ ၂၂-၅-၂ဝဝ၈ နေ့ထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပသည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များ၏ ပစ်မှတ် (Target Meeting)တွင် ပစ်မှတ်တင်၍ ဆွေးနွေးခဲ့ ပါသည်။
အောင်ဇော်ရဲမြင့်၏လူမှုရေးကဏ္ဍ
၂၄။ အောင်ဇော်ရဲမြင့်သည် ရိုင်းစိုင်းကြမ်းတမ်းသူတစ်ဦးဟု ၄င်း၏ ပတ်ဝန်းကျင်မှ သတ်မှတ်ခံရသူဖြစ်ပါသည်။ ကလပ်များသို့ရောက်ရှိချိန်တွင် ၄င်း၏ဖခင်မှာ မြန်မာနိုင်ငံတွင် နံပါတ် ၅ အဆင့်ရှိကြောင်း ဖခင်အရှိန်အ၀ါသုံး လုပ်ဆောင်မှုများရှိကြောင်း၊၄င်းအားကလပ်ထဲတွင် သီးသန့် နေရာပေးရခြင်း၊ ဂရုတစိုက်ကြည့်ပေးရခြင်း၊ အရိုအသေပေးရခြင်းကို ကလပ်ဝန်ထမ်းများက ပြုလုပ်ပေးခဲ့ရသူဖြစ်ပါသည်။ကလပ်တွင်းရှိ အခြားသူများနှင့် ပြဿနာဖြစ်မည်စိုးသဖြင့် ကလပ်ထဲသို့စတင်ရောက်ရှိချိန်မှ ပြန်သည့်အချိန်အထိ ကလပ်ဝန်ထမ်းများ ဂရုတစိုက်ကြည့်ရှု စောင့်ရှောက်ပေးနေရ၍ ကလပ်ဝန်ထမ်းများက အောင်ဇော်ရဲမြင့် ကလပ်လာမည်ကိုပင် မလိုလားကြကြောင်း၊ လူအများအပေါ်တွင် အနိုင်ကျင့်ပြုမူဆက်ဆံခြင်း၊ စကားအပြောအဆို ရိုင်းစိုင်းခြင်းနှင့် တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက် စော်ကားခြင်းများပြုလုပ်သဖြင့် ကလပ်သို့ လာသူများမှ ရှောင်ရှားခံရသူ ဟုလည်း သိရှိရပါသည်။ တစ်ခါတစ်ရံ စားပွဲထိုးဝန်ထမ်းများအား စိတ်တိုင်းမကျပါက လူပုံအလယ်တွင် ဒူးထောက်ခိုင်းခြင်း၊ ပါးရိုက်ခြင်းများပြုမူတတ်ကြောင်း၊ 
အရက်မူးသည်ဖြစ်စေ၊ မမူးသည်ဖြစ်စေ လူအများ အပေါ်တွင် နိုင်ထက်စီးနင်းပြောဆို တတ်ခြင်း၊ ကလပ်ထဲတွင် ဖန်ခွက်များရိုက်ခွဲခြင်း၊ ဘေးနားရှိလူများနှင့် ဝန်ထမ်းများအား အကြောင်းမဲ့ ပြဿနာရှာခြင်းများ ပြုလုပ်သဖြင့် ဝန်ထမ်းများမှ မုန်းတီးလွန်း၍ သတ်ဖြတ်ပစ်ရန်ပင် ကြံစည်ကြဖူးကြောင်း ထွက်ဆိုသိရှိရပါသည်။ ထို့အပြင် ကလပ်သို့ ရောက်ချိန်တွင် ဖွင့်ဆဲသီချင်းများကိုပိတ်ပြီး ၄င်းထံတွင်ပါလာသည့် မြန်မာသီချင်းများ၊ တစ်ခါတစ်ရံ ဘုရားရှိခိုးခွေများကို ဖွင့်ခိုင်းခြင်းများ ပြုလုပ်တတ်၍ ကလပ်သို့လာရောက်သည့် သူများမှာထ၍ ပြန်သွားကြောင်း၊ ကလပ်သို့ ရောက်လျှင် အရက်ပုလင်းအဆင်သင့်မချထားပါက ဝန်ထမ်းများအား လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
(-ဆက်ရန်)
Moe Zaw Nyein Facebook
Viewing all 780 articles
Browse latest View live