Quantcast
Channel: ဒီမိုဝေယံ
Viewing all 780 articles
Browse latest View live

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် ဒီဇင်ဘာ (၃)ရက်နေ့ ဂျပန်နိုင်ငံသို့ ရောက်ရှိမည်...

$
0
0

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် ဒီဇင်ဘာ (၃)ရက်နေ့ ဂျပန်နိုင်ငံသို့ ရောက်ရှိမည်...


လာမယ့်ဒီဇင်ဘာလ ၇ရက်နေ့မှ ဒီဇင်ဘာလ ၁၇ရက်နေ့ထိ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော်ဟာ ဒီဇင်ဘာ (၃)ရက်နေ့ မနက် ၇နာရီခွဲခန့်မှာ ဗီယက်နမ် (VN310) လေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်
(Terminal 1)သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။

အဆိုပါ ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့မှာတော့ (တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့) ဆုပေးပွဲအား Shinagawa Prince Hotel Hall အတွင်း ညနေ(၅)နာရီမှ ည(၉)နာရီအထိ မှာ ကျင်းပမှာဖြစ်ပါတယ်..။ လက်မှတ် ဝယ်ယူရန်လင့်ခ် (http://au.ibtimes.com/articles/526079/20131129/522109-522126-522385-525769-525138-525150-52503.htm#.Upsb4-Il-GR). (မှတ်ချက် ယန်း၃၀၀၀တန် လက်မှတ်များ ကုန်ဆုံးသွာပြီ ဖြစ်တဲ့ အတွက် ယန်း ၁၀၀၀၀တန်လက်မှတ်များသာ ကျန်ရှိတော့ပါတယ်..)

ယခင် ၂၀၁၂ခုနှစ်က နန်းခင်ဇေယျာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss International Beauty Pageant 2012 ပြိုင်ပွဲအားလည်း ဂျပန်နိုင်ငံ တောင်ဘက်စွန်းရှိ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး တိုကျိုမြို့နဲ့ အလှမ်းဝေးကွာတဲ့ အတွက် တိုကျိုမြို့မှ မြန်မာမိသားစုများ သွားရောက်အားပေးဖို့ အခြေအနေခက်ခဲခဲ့ပါတယ်..။ ယနေ့ ကြုံတောင့် ကြုံခဲတဲ့ တိုကျိုမြို့မှ မြန်မာမိသားစုများ သိရှိရာ ရှိနာဂါဝမြို့မှ Prince Hotel Hall မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် သွားရောက်အားပေးဖို့ လွယ်ကူ အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်..။

Miss International Crown ဆုအပြင် Special awardsများအဖြစ်

Miss Friendship

Miss Photogenic

Miss Talent

Best National Costume

Miss Internet

Miss JOICFP ဆုများအားလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်..။
ယခုတကြိမ်မှာ မြန်မာပြည်သားတွေ တောင့်တနေတဲ့ Miss International Crown ဆုအပြင် မြန်မာပိုင် Miss Internetဆုအတွက်လည်း အစဉ်အလာမပြတ် အောက်မှ လင့်ခ်(၃)ခုမှာ သွားရောက် Vote လုပ်ပေးကြဖို့ တောင်းဆိုရင်း
(၁)http://359906.tbits.me/?option_id=444280 (လောလောဆယ် အဆင့် (၅)ရောက်နေတဲ့ MISS INTERNATIONAL® 2013 PEOPLE'S CHOICE)

(၂) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013?

(၃)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data

ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw

Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ပါစေကြာင်း....
ဒီမိုဝေယံ

ဒီဇင်ဘာ (၃)ရက်နေ့မှာ ရောက်ရှိမယ့် ဂုဏ်ရည်အေးကျော်အား လေဆိပ်မှာ သွားရောက် ကြိုဆိုလိုသူများ ဆက်သွယ်နိုင်ပါသည်။

Dec. 1, 2013,နေ့က Australiaနိုင်ငံMelbourne မြို့က (World AIDS day) AIDS 2014 conference သို့ တက်ရောက်ခဲ့တဲ့ အမေစုပုံရိပ်များ..

$
0
0

Dec. 1, 2013,နေ့က Australiaနိုင်ငံMelbourne မြို့က (World AIDS day) AIDS 2014 conference သို့ တက်ရောက်ခဲ့တဲ့ အမေစုပုံရိပ်များ..
ဓာတ်ပုံ Paul Crock

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကြေငြာချက်...

$
0
0
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကြေငြာချက်...

ပွဲစား (ရေးသားသူ ဦးကျော်သူ)

$
0
0
ပွဲစား

အိမ်ပွဲစား၊ ခြံပွဲစား၊ တိုက်ပွဲစား၊ ကားပွဲစား၊ ကျောက်ပွဲစား၊ စိန်ပွဲစား၊ ရွှေပွဲစား စသဖြင့် ပွဲစားများ သည် ယခင်ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းလာသော လူ့အဖွဲ့အစည်းအတွင်းရှိ ပွဲစားများဖြစ်သလို ယခု ခေတ်ကာလတွင် လက်နက်ပွဲစား၊ လူပွဲစား၊ ငြိမ်းချမ်းရေးပွဲစား ဟူ၍ ပေါ်ပေါက်လာပြန်သည်။ အမှန်စင်စစ် ပွဲစားဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပါယ်ခေါ်ဆိုနိုင်သည်။ လူ့လောကတို့တွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များလည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ ကြောင်းသိရှိခဲ့ရသည်။

ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာတွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့သည် ထိုက်သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင်ရွက်ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။ လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင် ပြေစေရန် မိမိမှ လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။

ထို့ကြောင့် ပွဲစားလောကတွင်လည်း မဇ္ဈိမပဋိပဋာစိတ်မွေးဖွားပြီး လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပါက ကုသိုလ် ကြံဖန်၍ရမည့် ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ်လည်း ခံယူနိုင်မည်ဖြစ်သည်။ သို့တည်းမဟုတ် မိမိ၏ အတ္တ စိတ်များလွှမ်းခြုံကာ ရောင်းသူနှင့်ဝယ်သူကြား မတရားအမြတ်ထုတ်လိုသော လောဘစိတ်ဖြင့် ဆောင်ရွက် မည် ဆိုပါက မိမိ၏ ဂုဏ်သိက္ခာ၊ မိမိ၏သမိုင်း၊ မိမိ၏ မှတ်ကျောက်တို့ ပြိုပျက်ကာ သံသရာဝဋ်ဆင်းရဲ ဘဝမှလွတ်ကင်းမည် မဟုတ်သလို အပယ်ဘုံမှလည်း ကျွတ်ဖို့လမ်း ရှိမည်မဟုတ်ချေ။

    အမှန်စင်စစ် ပွဲစား ဟူ၍ ပေါ်ပေါက်လာရခြင်းမှာ ရောင်းသူ/ဝယ်သူတို့၏ အချိန်မအားလပ်မှု ကြောင့်၊ လုပ်ငန်းသဘောတရား မကျွမ်းကျင်မှုတို့ကြောင့် ပေါ်ပေါက်လာသော လူအဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ပွဲစားဟူသည် အတ္တများကိုဖြုတ်၍ မှန်မှန်ကန်ကန် မဇ္ဈိမပဋိပဋာလမ်းစဉ်အား ကျင့် သုံးလိုက်နာပြီး မိမိအား ရောင်းသူဝယ်သူတို့မှ သဒ္ဒါကြေး၊ မေတ္တာကြေးကိုသာ လက်ခံရယူလျှင် ပရဟိတ ပွဲစားဟူ၍ပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။

    သို့သော် ယခုခေတ်ကာလ အတိုင်းအတာအရ စီးပွားရေး ကပ်ဘေးအမျိုးမျိုး၊ လူမှုရေး ကပ်ဘေး အမျိုးမျိုး၊ ငြိမ်းချမ်းရေး ကပ်ဘေးအမျိုးမျိုး၊ သဘာဝဘေး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေရသောကြောင့် ပွဲစားတည်းဟူသော လောကတွင်လည်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းခြုံခံရမှုတည်းဟူသော အဓမ္မဝါဒီများ ဆုပ်ကိုင်ထားသော အတ္တသမားများ ပေါ်ပေါက်လာခဲ့ရပါသည်။

သို့ရာတွင် အကျိုးဆောင် ပေးမှုတည်းဟူသော စကားလုံး၏ တန်ဖိုးအား တန်ဖိုးမြှင့်တင်ရန်၊ တန်ဖိုးရှိရန်၊ နတ်လူအပေါင်း သာဓုခေါ် ဆိုနိုင်ရန်အတွက်မှု မိမိတို့ အကျိုးဆောင်ပေးမှု လုပ်ငန်းသည် လူသားတို့အတွက်၊ ကမ္ဘာ့ပြည်သူတို့ အတွက်၊ မြန်မာပြည်သူပြည်သားများအတွက် အကျိုးရှိသော၊ တန်ဖိုးရှိသော  သာဓုခေါ်ဆိုနိုင်သော လုပ်ငန်းရပ်ဖြစ်ဖို့ အရေးကြီးသည်။

    လောဘ၊ ဒေါသ၊ မောဟများကြောင့်၊ လူပွဲစား၊ လက်နက်ပွဲစား၊ ငြိမ်းချမ်းရေးပွဲစားများ ပေါ်ပေါက် လာခဲ့သည့်အပြင် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော၊ ပွဲစားလုပ်ငန်း တစ်ရပ် ပေါ်ပေါက်လာပြန်တော့သည်။ ယင်းပွဲစားသည်ကား “မသာပွဲစား … အသုဘပွဲစား … လူသေ ပွဲစား … နာရေးပွဲစား” ဟူ၍ပင် ဖြစ်တော့သည်။

လူသားတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်ရှိပြီး ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားချိန်တွင် ဝမ်းနည်းပူဆွေးသောကများဖြင့် အပူမီးများ လွှမ်းခြုံခံနေရသော လူတို့ထံမှ လူသားချင်းစာနာစိတ်မွေးဖွား၍ ကူညီဖေးမကာ အပူမီးများ ငြိမ်းအေးပေးရမည့်အစား ထိုအပူသည်၊ ဒုက္ခ သည်တို့ထံမှ မညှာမတာ လူသားချင်းစာနာစိတ် မထားဘဲ လူစိတ်ပျောက်ကာ မိမိရလိုမှုတည်းဟူသော လောဘစိတ်တို့ဖြင့် အမြတ်ထုတ်ကြသည့် လောဘသားများ၊ အတ္တသမားများ၊ အဓမ္မဝါဒီသမားများ၊ လူစိတ်ပျောက်နေသည့် သူတို့ပင် ဖြစ်တော့သည်။

    ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် လူတစ်ယောက် သေဆုံးသွားသည့်အခါ နာရေးရှင် မိသားစုတို့ဘက်မှ သက်ဆိုင်ရာဆရာဝန်၏ အမှန်တကယ်သေဆုံးကြောင်း ထောက်ခံစာ၊ ထို ရပ်ကွက်မှာ နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ၊ မြို့နယ်ဒေသန္တရဆေးခန်း၏ ထောက်ခံစာ (သေဆုံးကြောင်း အမှတ်စဉ်နံပါတ်ပါရှိသည်။) စသည့် အထောက်အထားများပြည့်စုံလျှင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၇ဝ၉၂၇၇၊ ၇ဝ၄၇၈၄၊ ဝ၉ ၃၁ဝ ၄၃၉၁၅၊ ၅၈၁ ၉၂၄ များအား ဆက်သွယ်လျှင် အသင်းရုံးချုပ်ရှိရာမှ နိဗ္ဗာန်မော်တော်ကားမောင်းသူ၊ ယာဉ်နောက်လိုက်တို့နှင့်အတူ အသင်းသူ/သားတစ်ဦး အနည်းဆုံးလိုက်ပါကာ သေဆုံးသူ၏ နေအိမ် (သို့) ဆေးရုံရှိရာသို့ အမြန်ဆုံးလာ ရောက်ကာ ကွယ်လွန်သူ၏ရုပ်ခန္ဓာအား နိဗ္ဗာန်ယာဉ်မော်တော်ကားဖြင့် သက်ဆိုင်ရာသုဿန်များသို့ ပို့ဆောင်ပေးပြီး ကျန်ရစ်သူမိသားစု၏ ဆန္ဒအရ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခြင်း (သို့) အအေးခန်းထားပေး ခြင်းတို့ကို (အခမဲ့) ဝန်ဆောင်ပေးမှုတို့အား လုပ်ဆောင်ပေးလျှက်ရှိသည်။

အအေးခန်းထားရှိပါက (၃) ရက်စာ အအေးခန်းထားခ ကုန်ကျငွေအား ရန်ကုန်မြို့စည်ပင်သာယာအဖွဲ့သို့ ကျွန်တော်တို့အသင်းမှ ကာယကံရှင် မိသားစုများကိုယ်စား နာရေးအကူငွေအဖြစ် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ခ ကုန်ကျစရိတ်အားလည်း အကူငွေအဖြစ် ပေးဆောင်ကုသိုလ်ယူလျှက်ရှိသည်။ အအေးခန်းထားပြီးသင်္ဂြိုဟ် မည့် နေ့ရက်တွင်ခန်းမငှားခြင်း၊ ဂူသွင်းခြင်းတို့ကိုမူ နာရေးရှင်များမှ ပေးဆောင်စေခဲ့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းအဖွဲ့အနေဖြင့် အများပြည်သူတို့မှ စေတနာထက်သန်စွာဖြင့် လှူဒါန်းထားသော အလှူငွေတို့အား အပူမီးများ လွှမ်းခြုံခံနေရသော အများပြည်သူအပေါင်းတို့အား  ကူညီ ဖေးမအားပေးမှုများကို စိတ်စေတနာသန့်စွာဖြင့် အနစ်နာခံကာ လူသားချင်းစာနာစိတ်များ မွေးဖွားကာ ဆောင်ရွက်ပေးနေသော ပရဟိတစစ်စစ် အသင်းအဖွဲ့ တစ်ခုဖြစ်ပါသည်။

    ဤတွင် လူတစ်ယောက် သေဆုံးသွားပါလျှင် ထိုသေဆုံးသွားသော လူ၏မိသားစုများ မိတ်ဆွေ အပေါင်းအသင်းများမှ နာရေးအတွေ့အကြုံမရှိခဲ့ပါလျှင် အထက်တွင် ကျွန်တော်ဖော်ပြထားသော “မသာ ပွဲစား … အသုဘပွဲစား … လူသေပွဲစား … နာရေးပွဲစား” များတို့သည် လူသားချင်းစာနာစိတ်ကင်းမဲ့စွာဖြင့် အမြတ်ထုတ်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့တော့သည်။

ကာယကံရှင်မိသားစုများထံသို့ ဝင်ရောက်ကာ အားပေးနှစ်သိမ့်သည့် ပုံစံမျိုးဖြင့်ဝင်ခဲ့ပြီး မိမိမှာ နာရေးကိစ္စရပ်များအား အတွေ့အကြုံ များစွာရှိပါကြောင်း။ ထို့ကြောင့် မိမိမှ ဤနာရေးကိစ္စရပ်အား အစအဆုံး ကူညီပေးပါမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ယာဉ်ခေါ်ဆိုခ၊ မီးသင်္ဂြိုဟ်ခ၊ အအေးခန်းထားခ၊ ပန်းအလှပြင်ခ၊ ဆီမီးအမွှေးတိုင်ထွန်းခ၊ ကန်တော့ပွဲ တင်ခ၊ ဘုန်းကြီးပင့်ခ၊ သံဃာတော်များအား ဝတ္ထုငွေလှူခ၊ အလောင်းအား ရေချိုးအလှပြင်ခ၊ အုန်းသီးခွဲ၍ သင်္ဂြိုဟ်ပေးခ၊ စည်ပင်ဝန်ထမ်းများအား စေတနာကြေးငွေပေးခ၊ သင်္ဂြိုဟ်မည့် အခမ်းအနားအား ကြီးကျယ် ခမ်းနားစွာဖြင့် ကျင်းပနိုင်ရန် ခန်းမအတွင်း ကော်ဇောခင်းခ၊ ထိုင်ခုံခင်းခ ဟူ၍ ကာယကံရှင်မိသားစုတို့ ရိုးသားလျှင် ရိုးသားအလျှောက်၊ ‘အ’ လျှင် ‘အ’ သလောက်လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖျား၊ သွေးဆောင် ကာ အခကြေးငွေတို့အား ကိုယ်ချင်းစာနာစိတ်မဲ့ကာ မတရားကြေးဟူ၍ အကုသိုလ်ယူခြင်းပင် ဖြစ်တော့ သည်။

ထို့ကြောင့်ကြမ်းတမ်းသော လူမှုဘဝများအား ရင်ဆိုင်ကြုံတွေ့နေရသော၊ လောကဓံတရား လှိုင်းတံ ပိုးများကြား လူးလိမ့်ခံစားနေရသော အပူသည် မိဘပြည်သူများအနေဖြင့် ဟန်ဆောင်မှု၊ လှည့်ဖြားမှု၊ ဖြား ယောင်းမှု၊ သွေးဆောင်မှုများဖြင့် ယုတ်ညံ့သော စိတ်ဓာတ်တို့ဖြင့် မတရားသောနည်းလမ်းဖြင့် ရှာဖွေစား သောက်နေကြသော ထိုထိုသော မသာပွဲစား၊ နာရေးပွဲစား၊ လူသေပွဲစားများအား မိမိတို့ ခံစားနေရသော အပူမီးများ လောင်ကျွမ်းခံရမှု ကြုံတွေ့နေရသော အချိန်ကာလအတွင်း သတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြဖို့ အရေးကြီးလှပေသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း စည်ပင်သာယာအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာကာ အပူသည်နာရေးရှင်တို့အား လုပ်အားပေး လူမှုရေးသမားမောင်မယ်များမှ အသင်း၏ ပေးဆပ်မှုများ၊ တာဝန်ယူမှုများအား သိရှိစေရန် ရှင်းလင်း ပြောကြားခြင်းနှင့် အသင်းမှ ဆောင်ရွက်ပေးမှုများအား ငွေကြေးတစုံတရာပေးဆောင်ရခြင်း မရှိပါကြောင်း ကာယကံရှင်တို့အား လက်မှတ်ရေးထိုးစေမှုများအား သက်သေ အထောက်အထားဖြင့် ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။

သို့ရာတွင် အချို့သော နာရေးပွဲစားများသည် သူတို့အိတ်ထဲသို့ ထည့်သွင်း လိုက်သော ငွေကြေးတစုံတရာအား ကျွန်တော်တို့အသင်းအား ပေးဆောင်ရသည်ဟူ၍ ထင်ယောင်ထင် မှား ဖြစ်စေရန်၎င်း၊ ကျွန်တော်တို့အသင်းမှ သဘာဝပတ်ဝန်းကျင်သစ်တော ထိန်းသိမ်းမှုအတွက်၎င်း၊ ငွေကြေးချွေတာမှုကြောင့်၎င်း ကွယ်လွန်သူအား အလူမီနီယမ်အခေါင်းဖုံးဖြင့် တစ်နည်း မှန်ခေါင်းဖြင့် ပြင်ဆင်ပေးပြီးသည့်နောက် မီးသင်္ဂြိုဟ်စက်တွင်းသို့ သေဆုံးသွားသူတို့၏ ရုပ်အလောင်းအား ထည့်သွင်းပြီး သည့်နောက် သင်္ဂြိုဟ်စက်အတွင်းတွင် သစ်သားကဒ်ဖြင့် ရုပ်အလောင်းအား မီးသင်္ဂြိုလ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ကျန်ရစ်သူ ကာယကံရှင် မိသားစုတို့အား “ခင်ဗျားတို့ရဲ့ အဖိုး၊ ဦးလေး၊ အဒေါ် တို့ရဲ့ နောက်ဆုံးသင်္ဂြိုဟ်ပေးမှုကို ပက်လက်ကြီး သင်္ဂြိုဟ်မှာလား” ဟူ၍၄င်း၊ “အခေါင်းလေးနဲ့ ဆိုရင်ပိုပြီး တင့်တယ်ပါတယ်ဗျာ” ဟူ၍ တစ်နည်း သစ်သားခေါင်းဝယ်ရန် သွေးဆောင်ဖြားယောင်း လှည့်စားမှုများ ပြုလုပ်ကာ အခေါင်းရောင်းဆိုင်မှ ကော်မရှင်ရယူခြင်း ကာယကံရှင်တို့မှ အခေါင်းဖိုးအား အဆမတန် ဈေးမြှင့် တောင်းဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။

ထို့အပြင် အဆိုးဝါးဆုံးသော လုပ်ရပ်တစ်ခုမှာ လူမှုရေး လုပ်ငန်း လုပ်ဆောင်မှုအားအသုံးချကာ ထိုထိုသော နာရေးပွဲစားများ၊ မသာပွဲစားများဖြင့် ပူးပေါင်း၍ သင်္ဂြိုဟ်ပေးရမှု အလောင်းဦးရေ စံချိန်ချိုးရမှုများကို လုပ်ဆောင် ကြသော အသင်းများလည်းရှိပါသည်။ ထိုကဲ့သို့သော အသင်းအဖွဲ့များနှင့် ပါတ်သက်မိသော နာရေးကာယကံရှင် များအနေဖြင့်(အခမဲ့) သင်္ဂြိုဟ် ပေးခွင့်ရခဲ့သော်ငြားလည်း တကယ်တမ်း ကုန်ကျငွေများသည် (အခမဲ့) မဟုတ်ချေ။

 ထို နာရေးပွဲစား များနှင့် ချိတ်ဆက်ထားသော အသင်းအဖွဲ့အနေဖြင့်( အခမဲ့) ကူညီပေးခဲ့သော်လည်း နာရေးပွဲစား များ၏ စည်းရုံးလှည့်ဖြားမှုတို့ကြောင့် အခေါင်းဝယ်စရိတ်၊ ပန်းပြင်ဆင်စရိတ်၊ လူစီးကားငှားစရိတ်၊ ဘုန်းကြီးပင့် ဝတ္ထုငွေစရိတ်တို့အား ညှိနှိုင်းဈေးများဖြင့် အနည်းဆုံး(သုံးသောင်း) မှ (တစ်သိန်း)ခန့် ကုန်ကျတော့မည် ဖြစ်ပေသည်။ နဂိုကတည်းက မိမိတို့၏ စားဝတ်နေထိုင်ရေးအရ မီးသင်္ဂြိုဟ်စရိတ်မတတ်နိုင်၍ (အခမဲ့) ကူညီသည် ဟူသော ကူညီမှုအသင်းများကို အကူအညီတောင်းခါမှ ကုန်ကျငွေများ ထပ်မံကုန်ကျရသည့် အတွက် နာရေးရှင်များအနေဖြင့် ဘဝရပ်တည်မှုများ နိမ့်ပါးသည်ထက် နိမ့်ပါးကုန်ကြရတော့သည်။

ထို့ကြောင့် နာရေးကိစ္စသော်၎င်း၊ ကျန်းမာရေးကိစ္စသော်၎င်း၊ ပညာရေးကိစ္စသော်၎င်း၊ သဘာဝဘေးကိစ္စ သော်၎င်း အကူအညီတောင်းခံကြမည့် အပူသည် ဒုက္ခသည်များအနေဖြင့် မိမိတို့ အကူအညီတောင်းခံ ကြမည့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်ခဲ့မှုများ၏ သမိုင်းရာဇဝင် အချက် အလက်များအား သိရှိထားရန်လိုအပ်ပေသည်။ အများပြည်သူတို့အား အမှန်တကယ် အနစ်နာခံ၍ ပေးဆပ်ကူညီဖေးမခဲ့သော အသင်းအဖွဲ့ဟုတ်မဟုတ်၊ အများပြည်သူတို့အား ကူညီသယောင်ယောင်ဖြင့် ကိုယ်ကျိုးရှာ နာမည်ကြီးချင်သော ပရဟိတအမည်ခံ အတ္တသမားများဟုတ်မဟုတ် အများပြည်သူတို့ အနေဖြင့် လေ့လာသုံးသပ်ထားဖို့ အချိန်တန်ပြီဖြစ်တော့သည်။

    ကျွန်တော်အနေဖြင့် ကျွန်တော်တို့၏ ပရဟိတတည်းဟူသော လုပ်ငန်းရပ်ကြီးအား အများပြည်သူ တို့အား ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ဖိဖိစီးစီး ကူညီဖေးမပေးမှုများ လုပ်ကိုင်နိုင်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများအား သတိပေးစာသားဆောင်ပုဒ်အား နာရေးဝန်ထမ်း (ယာဉ် မောင်း/နောက်လိုက်)များ နေ့စဉ်တွေ့မြင်နိုင်သော တာဝန်ကျနေရာချိတ်ဆွဲထားသည်။ ယင်းဆောင်ပုဒ်မှာ
ရဲ ဘော် တို့

        ‘ ငို ’ မ ပြ နဲ့ . . . ‘ ကြွေ ’ မ ပြ နဲ့
        ‘ လမ်း ကြောင်း ’ ရင် . . . ‘ လိုင်း ပြောင်း ’ သွား မယ်။
        ‘ ဂွ င် ဖန်’  ရင် . . . ‘ အ နှ င် ခံ ’ ရ မယ်။
                                    ဒါဘဲ
                                     ကျော်သူ

    ထို့အပြင် အသင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အကူအညီတောင်းကြသော နာရေးရှင်များ သိရှိရန်အတွက်လည်း အောက်ပါစာသားအား ကျွန်တော်၏ လက်ညိုးထိုးထားသောပုံဖြင့် ချိတ်ဆွဲထား ရတော့သည်။

“မ သာ ပွဲ စား   မ လာ ရ”
                         ပုံ / ကျော်သူ

    ကျွန်တော်သည် ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်မှာ (၁၃) နှစ်တာကာလသို့ ရောက်ရှိလာခဲ့သည်နှင့်အညီ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်မှန်သောပရဟိတ၊ တန်ဖိုးရှိသောပရဟိတ၊ ပြည်သူများ၏ပရဟိတ၊ လူသားတိုင်း၏ပရဟိတ ဟူသော မှတ်ကျောက် အတင်ခံ နိုင်ရန်အတွက် ညီနောင်ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ထိုကဲ့သို့သော ပရဟိတ လောကအား နာမည်ဖျက်မည့် ပွဲစားများနှင့် ပါတ်သက်မှုမရှိစေဘဲ စီးပွားရေး၊ နိုင်ငံရေးသမားများ၏ အနု နည်းဖြင့် စည်းရုံးသိမ်းသွင်းမှု၊ သွေးဆောင်ဖြားယောင်း မှုတည်းဟူသော ပိုးချည်မျှင်မှလွတ်ကင်းနိုင်ရန် သတိဟူသော အသိတရားဖြင့် ရပ်တည်ကြကာ မိမိတို့လုပ်ဆောင် ပေးဆပ်မှုများအား ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ပြုပြီး အတ္တများဖြုတ်ချကာ အများပြည်သူတို့အား ကူညီဖေးမပေးနိုင်သော လိပ်ပြာသန့် သည့်၊ သိက္ခာရှိသည့်၊ သီလလုံသည့် အများပြည်သူတို့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးဆပ်သွားနိုင် သူများ ဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။

ပရဟိတ သစ္စာဆိုရဲသည့်
                                             (ကျော်သူ)

အပိုင်း-(၃) ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

$
0
0
အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -
၇။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၈။ လက်ရှိနေရပ်လိပ်စာ - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၉။ မွေးရပ်ဇာတိ - ရန်ကုန်
၁ဝ။ ပညာအရည်အချင်း - နောက်ဆုံးနှစ် (သမိုင်း)
၁၁။ ဇနီး / ခင်ပွန်း - ဦးမျိုးမင်း
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၄)ဦး
(၁) စစ်ဆေးခံရသူ (၂) စိုးမြတ်ကလျာ (၃) စိုးသူရနိုင် (ယခု အမေရိကရောက် ) (၄) စိုးမြတ်နန္ဒာ
၁၃။ သား/သမီးများ - -
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၃ဝ-၄-၂ဝဝ၈ /ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့
၁၅။ ကိုယ်ပုံသဏ္ဍာန် - ဆံပင်နက်ဖြောင့်၊ ဂုတ်ထောက်၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ မျက်စိနက်၊ နားရွက်ကြီးကပ်၊ မျက်နှာလေးထောင့်ကျ၊ ကိုယ်လုံးတောင့်၊ အရပ် ၅ ပေ ၆ လက်မခန့်ရှိ၊ အောက်နှုတ်ခမ်းအမာရွတ်ရှိ

ကိုယ်ရေးရာဇဝင်အကျဉ်း

၁၆။ ကျွန်မသည် ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသမီး ဖြစ်ပါသည်။ ကျွန်မသည် ငယ်စဉ်က ခ - လ - ရ (၆) တပ် အ - မ - က ကျောင်းတွင် စတုတ္တတန်းထိပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းကို မှော်ဘီတပ်ကြီးကုန်း အ - လ - ကကျောင်းတွင်လည်းကောင်း၊ ဆဋ္ဌမတန်းမှ ဒဿမတန်းအောင်သည်ထိ ထားဝယ် အ - ထ- က ၁ တွင် လည်းကောင်း၊ တက္ကသိုလ်ပညာအား အဝေးသင်တက္ကသိုလ် (ရန်ကုန်)တွင် နောက်ဆုံးနှစ်ထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ၂ဝဝဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ SALEM မြို့နေ (ဘ) ဦးချစ်ကို၏သား ဦးမျိုးမင်းနှင့် အိမ်ထောင်ကျခဲ့ပါသည်။ ကျွန်မ၏ခင်ပွန်းမှာ အမေရိကန်နိုင်ငံတွင် ABERY ကုမ္ပဏီတွင် ငွေစာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။ ကျွန်မတို့သည် အမေရိကန်နိုင်ငံ၊ Califonia ပြည်နယ် Salen City တွင် ၃ နှစ်ခန့် နေထိုင်ပါသည်။ ၄င်းနောက် လော့စ်အင်ဂျယ်လိစ်မြို့သို့ပြောင်းရွှေ့နေထိုင်ပြီး မလေးရှားစားသောက်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။ ကျွန်မခင်ပွန်း၏ မိသားစုများမှာ လာ့စ်ဗီးဂတ်စ်စီးတီး တွင်နေပါသည်။ ၄င်းမြို့တွင်လည်း နောက်ထပ်စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။

၁၇။ ကျွန်မသည် ကိုမျိုးမင်းနှင့် လက်ထပ်ပြီးနောက် ၂ဝဝ၃ ခုနှစ်၊ မေလခန့်တွင် ပထမတစ်ကြိမ်၊ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ညီမငယ် စိုးမြတ်နန္ဒာ၏ မင်္ဂလာဆောင်သို့ ဒုတိယတစ်ကြိမ် လာရောက်ရင်း ၄-လခန့် နေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ် ၂ပတ်ခန့် နေထိုင်ပြီး ၂ဝဝ၆-ခုနှစ် သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့်အမေရိကန်နိုင်ငံ အသွားအပြန် ၄ ကြိမ်ခန့်ရှိခဲ့ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ နောက်ဆုံး ပြန်လာသည့်ရက်မှာ ၂၂-၃-၂ဝဝ၈-ရက်နေ့ဖြစ်ပါသည်။ကျွန်မ မြန်မာနိုင်ငံသို့ပြန်လာစဉ်၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ တစ်ကြိမ်နှင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတစ်ကြိမ်တို့တွင် ကျွန်မနှင့်အတူ ခင်ပွန်းသည် ဦးမျိုးမင်းလည်း လိုက်ပါခဲ့ပါသည်။ ကျွန်မရန်ကုန်သို့ ပြန်လာလျှင် မိဘများနေထိုင်သည့် ဖော်ပြပါလိပ်စာတွင် နေထိုင်ပါသည်။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

၁၈။ ၂ဝဝ၆-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင်ကျွန်မ ရာမဆေးပြား စတင်သုံးစွဲခဲ့သည့် နေ့ဖြစ်သဖြင့် ကျွန်မအမှတ်ရနေ ပါသည်၊ ထိုနေ့မှာနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ ဆီဒိုးနားဟိုတယ်စတိတ်ရှိုးရှိသဖြင့် သူငယ်ချင်းဖြစ်သူ ထူးမွန်၊ မြတ်ကေသီအောင်တို့နှင့်ချိန်းဆို၍ သွားရောက်ခဲ့ပြီး ဆီဒိုးနားဟိုတယ်တွင် အခန်းတစ်ခန်း ငှားယူပြီး အခန်းမှနေ၍ စတိတ်ရှိုးကြည့်ခဲ့ပြီး ရာမဆေးပြားကို စတင်သုံးစွဲခဲ့ပါသည်။ သူငယ်ချင်းဖြစ်သူ ထူးမွန်နှင့် မြတ်ကေသီအောင်တို့မှာ ယခင်ထဲကရာမဆေးပြားသုံး စွဲဘူးသူများဖြစ်၍ ၄င်းတို့မှ ရာမဆေးပြားကို ယူလာခဲ့ခြင်းဖြစ်ပါသည်။ ၄င်းအခန်းတွင်ပင် ဆေးပြားရှူသည့်ရေသန့်ဗူးနှင့် ခဲပြားကို ၄င်းတို့ ၂ ဦးမှ ပြင်ဆင်ပြီး ၃ ဦးအတူ သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနေ့က ရာမဆေးပြား ၅ ပြားကို မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မမှာ ရာမ ဆေးပြား ၁ လုံးသာ သုံးစွဲခဲ့ပါသည်။

ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း

၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး၊ ကျွန်မနှင့် မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက်ရန် သွားရောက်ခဲ့ပါသည်။ ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း ကျွန်မ တို့မှ သိရှိထားသည့်အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံမှ ဆေးပြားတောင်းယူခဲ့သဖြင့် ၄င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါသည်။ ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီးမှ ဆေးပြားသုံးစွဲရန် ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် ရာမဆေးပြားသုံးစွဲလိုသည့်အခါ ကိုသားကြီး (ခ) ဒွေးထံသို့သွား၍ သုံးစွဲခဲ့ပါသည်။ ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင် ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။ ဆေးပြားဖိုးကိုတော့ ၄င်းဝယ်ယူသည့်ဈေးနှုန်းအတိုင်း ကျွန်မတို့မှ ပေးရပါသည်။ ဆေးပြား ၁ပြားလျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည်။

ဒွေး (ခ) သားကြီး၏ ချိတ်ဆက်ပေးမှုကြောင့် မဖြိုး (ခ) ဖြိုးသူသူဝင်းနှင့်သိရှိခဲ့ခြင်း
၂ဝ။ ၂ဝဝ၇ ခုနှစ် ဒွေးမကွယ်လွန်မီ ဒွေး (ခ) ကိုသားကြီး တောင်ကြီးမြို့သို့ ရုပ်ရှင်ကားရိုက်ထွက်စဉ် ကျွန်မ ဆေးပြားလိုအပ်၍ ဒွေး (ခ) သားကြီးထံသို့ ဖုန်းဆက်ရာ ဒွေးမှ မဖြိုး၏ ဖုန်းအားဆက်ပြီး ကျွန်မတို့နှင့် ဆက်သွယ်ပေးပါသည်။ မဖြိုး၏ဖုန်းနံပါတ်ကိုလည်း ကျွန်မတို့အား ပေးခဲ့ပါသည်။ မဖြိုးအား ကျွန်မမှ ဖုန်းဖြင့် ဆက်သွယ်ရာ မဖြိုးမှ ၄င်းနေအိမ်သည် ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဆေးခန်းဘေးရှိ တိုက်တွင်နေထိုင်ကြောင်း၊ ဒွေးမှလည်း ဖုန်းဆက်အကြောင်းကြားထားကြောင်း၊ ဆေးပြားလိုလျှင် လာရောက်ယူရန်ပြောသဖြင့် ကျွန်မ၏ အကူအလုပ်သမားဖြစ်သူ အသေးလေးအား ဒေါ်လာလဲသည်ဟု ပြောပြီး ကျွန်မမှ ပိုက်ဆံပေးကာ မဖြိုး၏ နေအိမ်သို့ သွားရောက်ယူခိုင်းခဲ့ပါသည်။မဖြိုးမှ ဆေးပြားများကို စာအိတ် ၂ လုံးထပ်၍ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မ မဖြိုးထံမှ ဆေးပြားတစ်ကြိမ်ယူလျှင် ၅ဝ ပြားယူပါသည်။ မဖြိုးအား ဆေးပြား ၁ ပြားလျှင် ၂ဝဝဝိ/-မှ ၄၅ဝဝိ/-အထိ ပေးရပါသည်။

ညီမဖြစ်သူစိုးမြတ်ကလျာမှ ဆေးပြားရရှိအောင် ဆောင်ရွက်ပေးခြင်း

၂၁။ ကျွန်မသည် မဖြိုးထံမှ ဆေးပြားဝယ်ယူရာတွင် ၁ ပြားလျှင် ၄၅ဝဝိ/-နှုန်းဖြစ်ကြောင်း ညီမဖြစ်သူ စိုးမြတ်ကလျာအား ပြောပြခဲ့ရာ ညီမဖြစ်သူမှ ၄င်းထံတွင် ဆေးပြား ၁ပြားလျှင် ၄ဝဝဝိ/-နှုန်းဖြင့် ဝယ်ယူရရှိနိုင်သူ ရှိကြောင်း ပြောပြခဲ့သဖြင့် ညီမဖြစ်သူမှတစ်ဆင့် တစ်ခါယူလျှင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ တစ်ထုပ်ကို ကျွန်မနှင့် ဆုဒါလီတို့ တစ်ယောက်တစ်ဝက် ခွဲ၍ ယူပါသည်။ထိုသို့ ၂/၃ ကြိမ်ခန့် ညီမဖြစ်သူထံမှ ရရှိခဲ့ပါသည်။ညီမဖြစ်သူ မစိုးမြတ်ကလျာမှ ၄င်းဆေးပြားများကို မည်သည်ထံမှ ဝယ်ယူကြောင်းကိုတော့ ကျွန်မ မမေးမိ၍ မသိရပါ။ညီမဖြစ်သူစိုးမြတ်ကလျာထံမှ နောက်ဆုံးအခေါက်ကို ၂ဝဝ၈ ခုနှစ် သင်္ကြန်မတိုင်မီက ၂ဝဝပြားပါတစ်ထုပ်အား ရရှိခဲ့ပါသည်။ ၄င်းဆေးပြား၂ဝဝ ပြားထဲမှ ဆုဒါလီမှ မယူတော့သဖြင့် ကျွန်မတစ်ဦးတည်း ယူထားရပါသည်။

ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်သွားစဉ်ယူဆောင်သွားသည့် WY ဆေးပြားများကိစ္စ

၂၂။ ကျွန်မ ယခုအခေါက် ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန် သွားရောက်ခဲ့စဉ် ကျွန်မယူထားသည့် ဆေးပြား၂ဝဝ ပြားပါထုပ်မှ ကျွန်မသုံးစွဲထား၍ အပြည့်မရှိတော့သည့် ဆေးပြားထုပ်အား အဝတ်အစား သေတ္တာထုပ် ဖြင့် ထည့်၍ ကျိုက်ထီးရိုးသို့ သွားသည့် ဘက်စ်ကားတွင် တင်ပေးလိုက်ပါသည်။ ကျိုက်ထီးရိုးသို့ ရောက်ရှိပြီး ဒါရိုက်တာကိုမိုက်တီးမှ ဆေးပြား ကျွန်မထံတွင် ရှိသေးလျှင် မျှရန်ပြောသဖြင့် ဆေးပြား၅ဝ ပြားကို ပေးခဲ့ရပါသည်။ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးမှလည်း ၄င်းတွင်ဆေးပြားမပါ ၍ ကျွန်မထံမှ ဆေးပြား ၁ဝ ပြား အား ချေးယူသဖြင့် ပေးခဲ့ရပါသည်။ ၄င်းအား ဆေးပြားပေးပြီး နောက်တစ်နေ့တွင် ကိုလွင်မိုးထံသို့ ဆေးပြားပေးသူ ရောက်ရှိလာကြောင်း ကျွန်မအား ပြောပြပြီး ကျွန်မထံမှ ချေးယူထားသော ဆေးပြား ၁ဝ ပြားကို ပြန်ပေးသွားပါသည်။ကျွန်မတို့ ကျိုက်ထီးရိုးမှ ပြန်သည့်နေတွင် ကျွန်မထံတွင် ကျန်ရှိနေသည့် ဆေးပြား ၁ဝ ပြားကို ဒါရိုက်တာ မိုက်တီးမှ တောင်းသဖြင့် ကျွန်မပေးခဲ့ပါသည်။ကျွန်မဆေးပြားသုံးရခြင်းမှာ ကျွန်မသည် သရုပ်ဆောင် လုပ်သည့်အပြင် ဝတ္ထုဇာတ်ညွှန်းရေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။ ကျွန်မ စိတ်ကြွရူးသွပ် ဆေးပြား သုံးစွဲပြီး ဝတ္ထုရေးလျှင် ကြာရှည်စွာ စာရေးနိုင်သည့်အတွက် သုံးစွဲခြင်း ဖြစ်ပါသည်။

အောင်ဇော်ရဲမြင့်ထံတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ခြင်း

၂၃။ အောင်ဇော်ရဲမြင့်ထံတွင် WY ဆေးပြားများကို အမြဲရရှိနိုင်ပြီး ၄င်းထံသို့ သွားရောက်ပါက မည်သည့် ဆေးပြား ကိုမဆို အလွယ်တကူရရှိနိုင်ပြီး အများအပြား ရှိကြောင်း ကြားဖူးပါသည်။ ရောင်းချခြင်းမဟုတ်ဘဲ သူငယ်ချင်း အပေါင်းအသင်းများအား ၄င်းနေထိုင်သည့်အိမ်တွင် အခမဲ့ အလွယ်တကူ ဝေငှသုံးစွဲကြပါသည်။

ရုပ်ရှင်လောကမှ WY ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများ

၂၄။ ကျွန်မသိရှိသလောက် ရုပ်ရှင်လောကအတွင်း WY ဆေးပြားသုံးစွဲသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) မင်းမော်ကွန်း ( သရုပ်ဆောင် )
( ခ ) နန္ဒာလှိုင် ( ယခင်သုံးစွဲ အစာအိမ်ဖြစ်၍ ယခု သုံးစွဲခြင်းမရှိ )
(ဂ ) မြတ်ကေသီအောင် ( သရုပ်ဆောင် )
( ဃ) ဆုဒါလီ ( သရုပ်ဆောင် )
( င ) အာရုံဦး ကိုဇော် ( ဒါရိုက်တာ )
( စ ) မောင်မျိုးမင်း ( ဒါရိုက်တာ )
( ဆ) ညိုမင်းလွင် ( ဒါရိုက်တာ )
( ဇ ) လွင်မိုး ( သရုပ်ဆောင် )
( ဈ ) နေထက်လင်း ( သရုပ်ဆောင် )
( ည) မိုက်တီး ( ဒါရိုက်တာ )
( ဋ ) လူမင်း ( သရုပ်ဆောင် )
( ဌ ) သဉ္ဇာဝင့်ကျော် ( သရုပ်ဆောင် )
( ဍ ) သားညီ ( သရုပ်ဆောင် )
ရုပ်ရှင်လောကမှ Ecstasy ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများမှာ-
(က) နဝရတ်
( ခ) သဉ္ဇာဝင့်ကျော်
အဆိုတော်လောက WY ဆေးပြား သုံးစွဲသည့်ဟု ကြားသိရသူများမှာ-
( က ) မျိုးကျော့မြိုင်
( ခ ) R ဇာနည်
( ဂ ) ဖြိုးကြီး

ပြန်လည်ဖတ်ကြည့်ရာ မှန်ကန်ပါသည်။
အစစ်ခံသူ - မစိုးမြတ်သူဇာ
စစ်ဆေးသူ - (၁) ရဲမှူး ဒေါ်သန်းအေး၊ မူးယစ်တရားမဝင်ငွေကြေးပစ္စည်းစုံစမ်းစစ်ဆေးရေးအဖွဲ့
(၂) ဒုရဲအုပ် ခင်မောင်အေး၊ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ

(-ဆက်ရန်)


 Moe Zaw Nyein Facebook

ချယ်ရီမြေမှာ လာရောက် ယှဉ်ပြိုင်မယ့် မြန်မာ့နိုင်ငံကိုယ်စားပြု ဂုဏ်ရည်အေးကျော် ဂျပန်နိုင်ငံသို့ ရောက်ရှိ.....

$
0
0
ချယ်ရီမြေမှာ လာရောက် ယှဉ်ပြိုင်မယ့် မြန်မာ့နိုင်ငံကိုယ်စားပြု ဂုဏ်ရည်အေးကျော် ဂျပန်နိုင်ငံသို့ ရောက်ရှိ...

(ရုပ်သံ ဇေယျာ)
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မန္တလေးသူ ဂုဏ်ရည်အေးကျော် မနက်ပိုင်းက နာရီတာလေဆိပ်သို့ ရောက်ရှိလာပါတယ်..။

တိုကျို နာရီတာ လေဆိပ်မှာ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများမှ သွားရောက် ကြိုဆိုခဲ့ကြပါတယ်..။ လာမယ့် ၇ရက်နေ့မှ ဒီဇင်ဘာလ ၁၇ရက်နေ့အထိ ကျင်းပမယ့် Miss International Beauty Pageant 2013အတွက် ဒီဇင်ဘာလ (၅)ရက်နေ့မှ စတင်Camp ဝင်ရမှာ ဖြစ်ပါတယ်..။

အဆိုပါ ပြိုင်ပွဲရဲ့ ရိုးရာယှဉ်ကျေးမှု ပြိုင်ပွဲမှာတော့ မြန်မာတိုင်းရင်းသား ဝတ်စုံဖြစ်တဲ့ ကချင်ရိုးရာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကိုယ်တိုင် တီးခတ်တတ်တဲ့ မြန်မာ့စောင်းဖြင့် ဂျပန်နာမည်ကျော် သီချင်းများဖြစ်တဲ့ Sukiyaki သီချင်းအား ကိုယ်တိုင်တီးခတ် ဖျော်ဖြေယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

'ဒီဇင်ဘာလ (၁၇)ရက်နေ့ နောက်ဆုံး ဖိုင်နယ်ဆုချီးမြှင့်မယ့် တိုကျို ရှိနာဂါဝမြို့မှ Prince Hotel Hall မှာ ကျင်းပမယ့် ပွဲသို့လည်း မြန်မာမိသားစုများမှ သွားရောက် အားပေးဖို့ ပြင်ဆင်နေကြပါတယ်..။ လက်မှတ် ဝယ်ယူရန်လင့်ခ် (http://au.ibtimes.com/articles/526079/20131129/522109-522126-522385-525769-525138-525150-52503.htm#.Upsb4-Il-GR).

တဆက်တည်းမှာပဲ ယခုတကြိမ်မှာ မြန်မာပြည်သားတွေ တောင့်တနေတဲ့ Miss International Crown ဆုအပြင် မြန်မာပိုင် Miss Internetဆုအတွက်လည်း အစဉ်အလာမပြတ် အောက်မှ လင့်ခ်(၃)ခုမှာ သွားရောက် Vote လုပ်ပေးကြဖို့ တောင်းဆိုရင်း

(၁)http://359906.tbits.me/?option_id=444280 (လောလောဆယ် Who deserves the crown?မှာ ဖိလစ်ပိုင်မယ်က ပထမနေရာ ရောက်ရှိနေပါတယ်..။ မျိုးချစ်မြန်မာများရဲ့ Vote ပေးဖို့ အထူးလိုအပ်နေပါတယ်...။)

(၂) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013?

(၃)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data

ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw

ဒီမိုဝေယံမှလည်း အဆိုပါ ပြိုင်ပွဲ Update သတင်းများအား တတ်နိုင်သလောက် ဖြော်ပပေးမှာ ဖြစ်ပါတယ်..။

Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ပါစေကြာင်း...

ဒီမိုဝေယံ

၂၇ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံး အမျိုးသား၊ အမျိုးသမီးအသင်း ပွဲဦးထွက် ရွှေတံဆိပ်များ ရရှိ..

$
0
0

၂၇ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မြန်မာခြင်းလုံး အမျိုးသား၊ အမျိုးသမီးအသင်း ပွဲဦးထွက် ရွှေတံဆိပ်များ ရရှိ..

၁၉၆၉ခုနှစ်က အိမ်ရှင်အဖြစ် နောက်ဆုံးကျင်းပခဲ့ပြီး (၄၄)နှစ်အကြာမှာ ပြန်လည် လက်ခံကျင်းပခဲ့တဲ့ ၂၇ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသားနှင့် အမျိုးသမီးခြင်းလုံးအသင်းဟာ ပွဲဦးထွက် ရွှေတံဆိပ်ဆု နှစ်ခု ဆွတ်ခူးခဲ့ပါသည်..။

(ဓာတ်ပုံ ပေါ်ပြူလာဂျာနယ်၊ ဆီးဂိမ်းဖေ့စ်ဘွတ်ခ်)

ရဲ့ရဲ့ နှင့် နဲ့နဲ့ တို့၏ သေခြင်းတရား..

$
0
0
ရဲ့ရဲ့ နှင့် နဲ့နဲ့ တို့၏ သေခြင်းတရား..

    ၃.၁၂.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အမှတ် ၁၁/၅ လွှာ၊ (ဘီ) ကန်တော် ကလေးအနောက်ရပ်ကွက်၊ (၈၈) လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေ “သေနေ့အကြို” နှုတ်ဆက်သည့် ကာယကံရှင် အဖိုး - သပြေညို ဦးတင်ရွှေနှင့် အဖွား - ဒေါ်တင်ရီ တို့မှ ထပ်မံ၍ အလှူငွေလာရောက် လှူဒါန်းသွားခဲ့ပါသည်။

၃.၁၁.၂ဝ၁၃ ရက်နေ့ “သေနေ့ကြိုနှုတ်ဆက်မိတ်ဆုံပွဲ”သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင် ဦးကျော်ကျော် မြင့်နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများမှ တက်ရောက်ခဲ့ကြပြီး ဥက္ကဌ ဦးကျော်သူမှာ ကချင်ပြည်နယ် မြစ်ကြီးနားသို့ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ် လူမှုရေးဟောပြောပွဲသို့ သွားရောက်နေသည့်အတွက် မတက်ရောက်နိုင်ခဲ့ပါ။ အဖိုးနှင့် အဖွားမှ ဦးကျော်သူနှင့် လူချိန်းတွေ့၍ စကားများမှာချင်ကြောင်း၊ ဦးကျော်သူနှင့်တွေ့ဆုံမှ ပြည့်စုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အဖိုး-သပြေညို ဦးတင်ရွှေမှ ဦးကျော်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိချိန်အား မေးမြန်း၍ လာရောက်လှူဒါန်း ရခြင်းအား ပြောကြားခဲ့သည်။ “ဦးကျော်သူနဲ့ ကျွန်တော်နဲ့က ရှေးဟောင်း (ရှေးရိုးစွဲ)အယူအဆ၊ အယူသီးမှု တွေကို မနှစ်သက်တာချင်းတူတယ်၊ ရင်ဘက်ချင်းတူတယ် ဒါ့ကြောင့် မောင်ကျော်သူကို လေးစားတယ်။ မောင်ကျော်သူနဲ့လည်း တွေ့ချင်တာလည်းပါတယ်။ ဒါ့ကြောင့်လည်း စောင့်ပြီးလှူဖြစ်တာပါ”ဟု ပြောကြားခဲ့ သည်။ ထို့နောက် အဖွား-ဒေါ်တင်ရီမှလည်း “ဦးကျော်သူတို့ လုပ်နေတဲ့အလုပ်က ကောင်းတဲ့အလုပ်ပါ။ မောင်ကျော်သူ ဝမ်းသာသွားအောင်လို့ လာခဲ့တာပါ။ နာရေးကူညီမှုအသင်း(ရန်ကုန်)လည်း ဒီထက်မက အောင်မြင်ပါစေ” ဟု ပြောကြားခဲ့ပါသည်။

    တွေ့ချင်လွန်းအားကြီး၍ ၄င်းတို့ဇနီးမောင်နှံနှစ်ဦး ရောက်ရှိလာခဲ့ရခြင်းကို ဥက္ကဌ ဦးကျော်သူ သိရှိ အောင် ယခုကဲ့သို့ ပြောကြားသွားခဲ့ပါသည်။ “မောင်ကျော်သူရေ ဒီနေ့လာလှူတဲ့ နှစ်ယောက်က ရဲ့ရဲ့နဲ့ နဲ့နဲ့ နှစ်ယောက် လာလှူတာပေါ့။ ရဲ့ရဲ့ နေမကောင်းရင် နဲ့နဲ့ကပြုစု၊ နဲ့နဲ့ နေမကောင်းရင် ရဲ့ရဲ့ကပြုစုပေါ့။ ရဲ့ရဲ့ နဲ့ နဲ့နဲ့ဆိုတာက စာရေးဆရာမ ဒေါ်ခင်နှင်းယုက စာရေးဆရာမ ဒေါ်အမာကို စာရေးတာမှာ အစ်မရေ ကျွန်မကတော့ ရဲ့ရဲ့ဘဲ ကျန်တော့တယ်။ ထိုမှ ဒေါ်အမာက ပြန်၍စာပို့ရာ ညီမလေး ရဲ့ရဲ့ရေ အစ်မလည်း နဲ့နဲ့ ဘဲ ကျန်တော့တယ် ဆိုသလိုပေါ့။

ကျွန်တော်တို့ ဇနီးမောင်နှံလည်း ဒီလိုဘဲလေ။ အဖွားက သြဂုတ်လ၊ (၂၉) ရက်နေ့၊ ၂ဝ၁၃ ရက်နေ့က ခါးဒဏ်ရာရခဲ့တဲ့အတွက် သူ့ခါးက လုံးဝမကောင်းဘူး။ အဖိုးကလည်း ဂုံညှင်းရိုး မရှိတော့ဘူး။ ဘုရားမရှိခိုးနိုင်ဘူး။ ကုလားထိုင်နဲ့ ထိုင်ပြီးရှိခိုးရတယ်။ အဖွား အဲ့လိုဖြစ်ပြီး နှစ်လ၊ သုံးလ အဖိုးဘဲ အိမ်မှုကိစ္စလုပ်နေရတယ်။ အဖိုးကလည်း အိုနာ၊ ကျိုးကန်း၊ အဖွားကလည်း အိုနာ၊ ကျိုးကန်းပေါ့” ဟု ဥက္ကဌ ဦးကျော်သူအား အားပါးတရပြောကြားခဲ့သည်။

    ထို့နောက် ဦးကျော်သူမှ “အဖိုးတို့ အဖွားတို့လောက်တောင် ကျွန်တော်က နေရချင်မှ နေရမှာ” ဟု ပြောကြားလိုက်သည်နှင့် တစ်ပြိုင်နက်တည်း “သားမောင်ကျော်သူ မင်းမရှိလို့ မဖြစ်ဘူး သားလုပ်စရာတွေ အများကြီးရှိသေးတယ်။ အများပြည်သူအတွက် လုပ်ပေးဖို့ အများကြီးလုပ်ပေးဖို့ ကျန်သေးတယ်။ ပြည်သူ လူထုတွေက မောင်ကျော်သူကိုဘဲ တောင်းတနေကြတယ်” ဟူ၍ ပြောကြားခဲ့ပြီး “အဖိုးရဲ့ ကုတင်ခေါင်း ရင်းမှာ စာကပ်ထားတယ်။ မောင်ကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ပေါ့။ အဖိုးဘဲ အရင်သွားရမလား။ အဖွားဘဲ အရင်သွားရမလား ဆိုတာမသိဘူး (၂) ယောက်စလုံး တစ်ပြိုင်နက် တည်း သွားဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ အဖိုးတို့ အဖွားတို့မှာ ဆွေမျိုးသားချင်းတွေ လုံးဝမရှိဘူး။ ဒါကြောင့် ရဲ့ရဲ့ အရင်သေရင် နဲ့နဲ့က အကူအညီတောင်းလိမ့်မယ်၊ နဲ့နဲ့ အရင်သေရင် ရဲ့ရဲ့က အကူအညီ တောင်းလိမ့်မယ်” ဟုစကားများ ဝမ်းသာအားရ ပြောကြားခဲ့ပြီးသည့်နောက် ဦးကျော်သူမှ သူရေးသားထား သော “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

    ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သေသူတို့အား ကောင်းမွန်စွာ သင်္ဂြိုဟ်မှုကိစ္စ အား ဆောင်ရွက်ပေးခဲ့ရသလို ရှင်သူတို့အတွက်လည်း အပူမီးများကို ငြိမ်းအေးပေးရမည်ဖြစ်လေရာ အဖိုး သပြေညို ဦးတင်ရွှေ မှာကြားချက်များအား လေးလေးစားစား လိုက်နာဆောင်ရွက် ပေးဆပ်ရတော့မည် ဖြစ်ကာ ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံနေရာဌာနသို့ အသက်အရွယ်ကြီးရင့်၊ ကျန်းမာရေးမကောင်းသော်ငြားလည်း တကူးတကလာရောက်၍ တွေ့ဆုံ၊ ရင်ဖွင့်၊ လှူဒါန်းအစုစုတို့အတွက် အသင်းသား/သူများ၊ ဝန်ထမ်းများအားလုံးတို့မှ “သာဓု .. သာဓု .. သာဓု” ဟူ၍ ခေါ်ဆိုလိုက်ရပါ တော့သည်။

“သေခြင်းတရားအကြောင်း ပြောဆိုတာလောက် မင်္ဂလာရှိတာ လောကမှာ မရှိတော့ဘူး”
“သေခြင်းတရား အကြောင်းတွေးတော တာဟာလည်း လောကမှာ ကျက်သရေအရှိဆုံး”

အရှင်ဆန္ဒာဓိက ဆရာတော် (ရွှေပါရမီတောရ)

လုပ်အားဒါနပြုတော့မည့် သဉ္ဇာဝင့်ကျော်..

$
0
0
လုပ်အားဒါနပြုတော့မည့် သဉ္ဇာဝင့်ကျော်

၎.၁၂.၂ဝ၁၃ ရက်နေ့ နံနက်(၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် သဉ္ဇာဝင့်ကျော်သည် သူမ၏ မွေးနေ့အလှူအဖြစ် အလှူငွေကျပ် (၂၇) သိန်းကျပ်တိတိအား လာ ရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့တော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် သင်္ဃန်းကျွန်းမြို့နယ်၌ တည်ရှိစဉ် အချိန်ကာလတွင် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်သည် လစဉ်လတိုင်း လှူဒါန်းနေသည့် အလှူရှင်တစ်ဦးဖြစ်ပြီး မြောက်ဒဂုံမြို့နယ်သို့ နာရေးကူညီမှု အသင်း(ရန်ကုန်) ပြောင်းရွှေ့ပြီးချိန်၌ ရုပ်ရှင်အနုပညာလုပ်ငန်းများဖြင့် မအားလပ်သော်လည်း မွေးနေ့ရက်မြတ် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ နှစ်စဉ်လာရောက်၍ လှူဒါန်းလျှက်ရှိခဲ့သော်လည်း ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံခြင်း၊ ဆုံဆည်းခြင်း မရှိခဲ့ကြပေ။

ယခုတစ်ကြိမ်တွင် သရုပ်ဆောင် သဉ္ဇာဝင့်ကျော်သည် ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဆုံဆည်းခွင့်ကြုံခဲ့ပါသည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ အသင်း၏လုပ်ဆောင်မှုများအား လိုက်လံ၍ရှင်းလင်း ပြသပြီး ချိန်တွင် လာမည့် ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏
(၁၃) နှစ်ပြည့် နှစ်ပတ်လည်သို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် ထိုနေ့ရက်တွင် ရုပ်ရှင် လူရွှင်တော်များအဖွဲ့မှ လာရောက်၍လုပ်အား ဒါနပြုကြမည်ဟု ပြောကြားခဲ့ရာ သရုပ်ဆောင် သဉ္ဇာဝင့်ကျော် ၏ မနောစိတ်တွင် ကိန်းအောင်နေသည့် ပရဟိတ စိတ်ဓာတ်များ နှိုးကြားလာခဲ့ပြီး သူမ၏မွေးလဖြစ်သော ယခုဒီဇင်ဘာလအတွင်း အများပြည်သူအတွက် စေတနာ့ ဝန်ထမ်းလုပ်အားပေးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးတော့မည်ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုသွားခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Miss Myanmar ဂုဏ်ရည်အေးကျော်ရဲ့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲ အကြိုမြင်ကွင်းများ..

$
0
0
ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိဘုယမြို့မှာ တိုင်းရင်းသား ကချင်ဝတ်စုံနဲ့ တွေ့ရတဲ့ Gonyi Aye Kyaw - Miss Myanmar International 2013ဂုဏ်ရည်အေးကျော်...
ခရစ်စမတ် အကြိုည တိုကျိုအလှ၊ တိုကျိုဆောင်းနှင့် အပြိုင် နန်းတွင်းဝတ်စုံနဲ့ Miss Myanmar ဂုဏ်ရည်အေးကျော်...

 ယနေ့ တိုကျိုဆောင်းသည့် အေးစိမ့်လှသည်။ ခရစ်စမတ်အကြိုည တိုကျိုမြို့အလှသည်လည်း အေးဆေး တည်ငြိမ်လှပနေသည်..။ ထို့အတူ မန္တလေးသူ Miss Myanmar ဂုဏ်ရည်အေးကျော်၏ နန်းတွင်းဝတ်စုံသည်လည်း အမြင်ဆန်းလှပေသည်..။

 မည်သို့ပင် ချမ်းအေးလှပါသော်လည်း ချစ်လှစွာသော ပရိသတ်များအတွက် မှတ်တမ်းတင် ရိုက်ကူးခဲ့လေသည်...။ တိုကျိုသူ၊ တိုကျိုသားများနှင့် နိုင်ငံခြားသား အချို့၏ စိတ်ဝင်စားစွာဖြင့် တဖြတ်ဖြတ် ဓာတ်ပုံ ရိုက်ကူးမှတ်တမ်းတင်ခြင်းများနှင့်အတူ အတူတကွ ဓာတ်ပုံရိုက်ကူး ခွင့်တောင်းသံများကိုလည်း ကြားသိ မြင်တွေ့ခဲ့ရသည်။ 

 မြန်မာ့အလှမယ် အောင်မြင်မှု သရဖူဆောင်းပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းသံများနှင့် အတူ ယနေ့ထူခြားလှသည့် တိုကျိုညအဖြစ် မှတ်တမ်းတင်ရစ် တော့သည်။ အွန်လိုင်း ဆုတံဆိပ်မှသည် နိုင်ငံဂုဏ်ဆောင် သရဖူဘွဲ့ဆီသို့... 

ဓာတ်ပုံ ဒီမိုဝေယံ 
( အောက်ကလင့်ခ်မှာ ဖိလစ်ပိုင်မယ်ကို ကျော်ဖြတ်နိုင်အောင် မျိုးချစ်မြန်မာများရဲ့ အစဉ်အလာမပြတ် Voteပေးဖို့ တောင်းဆိုရင်း) http://359906.tbits.me/?option_id=444280

(၂၇)ကြိမ်မြောက် Sea Game SEA Games 2013 Live Streamingကြည့်ရန် လင့်ခ်..

အိမ်ရှင်တို့၏ SEA Games ဗွေဆော်ဦးဇာတ်လမ်း

$
0
0
နေပြည်တော်သို့ အရောက် ဗီယက်နမ် ကစားသမားများကို ပွဲဦးထွက် ဆီးကြိုနေသည့် ပြဿနာက “ခြင်” ကိစ္စ။ အဖွဲ့ဝင် ၁၈၀ ကျော်ပါ ယင်းအဖွဲ့ နေပြည်တော် အားကစားရွာကို ရောက်စဉ် ကြုံတွေ့ရပုံ အချို့ကို ဗီယက်နမ် အခြေစိုက် သတင်းဌာန VietNam Net Bridge သတင်းတွင် ဖော်ပြထားပြီး ယင်းအနက် “ခြင်” ကား အဓိကပြဿနာ ဖြစ်နေသည်။
အားကစားရွာတွင် တည်းခို နေထိုင်စဉ် ခြင်ကိုက်မှုကြောင့် ညပိုင်းတွင် အိပ်မရသဖြင့် အားအင်များ အလဟဿ ဖြစ်ရကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ယင်းပြဿနာကို စီမံခန့်ခွဲရေး တာဝန်ရှိသူများက ခြင်ထောင်များ ဖြန့်ဝေခြင်းဖြင့် ဖြေရှင်းခဲ့ကြောင်း ယင်းသတင်းတွင် ဆိုထားသည်။
၄၄ နှစ်အကြာတွင် ပထမဆုံး ကျင်းပခွင့်ရသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) အကြိုနေ့ များက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စိုးရိမ်သောကမှာ အားကစားပွဲများတွင် ပရိသတ်မဲ့ ဖြစ်မည်နှင့် လုံခြုံရေးအခြေအနေ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း “ခြင်” ကား ကြားဖြတ်ဝင်လာသော ဇာတ်ကောင် ဖြစ်နေသည်။

ပြိုင်ပွဲကျင်းပပြီး နှစ်ရက်အကြာ ကစားသမားနှင့် သတင်းစာဆရာများ အကြား နောက်ထပ် ကြားလာရသည့် အသံမှာ လုံခြုံရေးဖြစ်သည်။
ဆီးဂိမ်းကို အမျိုးသားအဆင့် လုံခြုံရေး သတ်မှတ်ထားပြီး ငွေကျပ် ခြောက်ဘီလီယံ အကုန်အကျ ခံထားကြောင်း ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူ များက ဆိုထားသည်။ ရဲတပ်ရင်း ၁၉ ရင်းနှင့် ရဲကင်းတဲ တစ်ထောင်ကျော်ကား ရှားရှားပါးပါး မြန်မာ့မြေပေါ်ရောက်လာသည့် ဆီးဂိမ်းကို အပြည့်အဝ စောင့်ကြပ်နေကြသည်။

ယင်းကြောင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထူးတင်းကျပ်ပြီး ကစားသမားများ၊ လာရောက် သတင်းယူသော မီဒီယာများကို ပိုမို ဝန်ပိစေကြောင်း ဝေဖန်မှုများရှိသည်။
လာရောက်ကစားသူများကို သာမက ပြိုင်ပွဲမှအပြန် ကစားသမားများကို နားနေဆောင်များသို့ ပြန်ရာတွင်လည်း ဝင်ခွင့်ကတ်ကို ကွန်ပျူတာဖြင့် စကင်ဖတ် တိုက်ဆိုင်စစ်ဆေးရုံ သာမက ကစားသမား တစ်ဦးချင်းစီ၏ နာမည် စာလုံးပေါင်းများကို သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက စာရွက်ဖြင့် ပြန်လည်ရေးမှတ်သည်။ စက်ရော၊ လက်ပါ စစ်သည့်သဘော။

"ပင်ပန်းပြီးတော့ အဆောင်မှာ နားချင်နေတဲ့ ကစားသမားတွေက တော်တော် စိတ်ကသိကအောက် ဖြစ်တာ တွေ့ရတယ်"ဟု ပြိုင်ပွဲများကို သွားရောက် သတင်းယူနေသော သတင်းစာဆရာ ဦးဇော်သက်ထွေးက ဆိုသည်။
ယင်းတို့ကား နှစ်ရက်ကြာသည် အထိ လူမြင်သူမြင် ကျင်းပနေသော ပြိုင်ပွဲများကြားက ကောက်ကြောင်းအချို့။ ကစားသမားများ၏ စားသောက်နေထိုင်မှု အကြိုအပို့ များနှင့် ဆက်စပ်၍ တွေ့ဆုံ မေးမြန်းရာ ကစားသမား အများစုက “အားလုံးကောင်းပါသည်” ဟု ဖြေဆို ကြသည်။

သို့သော် ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ချိန်တွင် ဆီးဂိမ်းဝင် မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦး ဖျားနေသဖြင့် လေ့ကျင့်ကွင်း မဆင်းနိုင်ဘဲ အိပ်ရာပေါ်သာ လှဲနေရကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ရေးသားထား လိုက်ခြင်းသည် အကြံအဖန် မဟုတ်ပါ။

သူပါဝင်ယှဉ်ပြိုင်မည့် ကစားနည်းကို လွန်ခဲ့သော ခြောက်လခန့် ကတည်းက နေပြည်တော်တွင် အထူးစခန်းသွင်း (Gold Camp) လေ့ကျင့်နေသည် ဆိုသော်လည်း သူယင်းနေရာသို့ အမှန်တကယ် ရောက်ချိန်မှာ နိုဝင်ဘာလလယ် ခန့်ကသာ ဖြစ်နေသည်။
အသက် ၁၈ နှစ်ခန့် အရွယ်ရှိ ယင်း ကစားသမား စခန်းရောက်ချိန်တွင် အစားအသောက်များ အဆင်မပြေခြင်း၊ ရေချိုးရန် ရေမရှိခြင်းတို့ မကြာခဏ ကြုံတွေ့ရကြောင်း သူ၏ အစ်မဖြစ်သူက ဆိုသည်။

ယင်းကြောင့် အစားအသောက် များကို အပြင်မှ ဝယ်စားရပြီး ရန်ကုန်နေအိမ်မှ လည်း ခေါက်ဆွဲထုပ်များ မကြာခဏ ပို့ပေးရကြောင်း ၄င်းကဆိုသည်။ အစား မမှန်၊ ပတ်ဝန်းကျင် မကောင်းသောအခါ သူဖျားတော့သည်။
"အိမ်ပြန်လာချင်တယ် ချည်းပဲ ပြောနေတယ်"ဟု အစ်မဖြစ်သူက The Voice သို့ ပြောကြားသည်။
ယင်းကား ဗီယက်နမ်တို့၏ ခြင် အရေးထက် များစွာပိုလိမ့်မည်။

ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ လေ့လာစုံစမ်းရန် ကြိုးပမ်းသော်လည်း Gold Camp၊ ကစားသမားတို့၏ နေရာများတွင် မေးမြန်း သတင်းယူရန် ခက်ခဲဆဲဖြစ်သည်။
မယုံမရှိပါနှင့်။ Gold Camp အဝင်ဂိတ်တွင် “မီဒီယာသမားများ လုံးဝ (လုံးဝ) မဝင်ရ” ဟူသော စာတန်းဖြင့် ကြိုနေပေလိမ့်မည်။

မကြာသေးမီက ရန်ကုန်သို့ ရောက်လာသည့် ကမ္ဘောဒီးယား နပန်းလက်ရွေးစင် ကစားသမား Denpiseth Kang ကမူ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဆီးဂိမ်းထက် မြန်မာက ပိုသာကြောင်း ပြောဆိုသည်။ ရန်ကုန်မြို့တွင်း Central ဟိုတယ်တွင် နေထိုင်သော ၄င်းအတွက် နေထိုင် သွားလာ စားသောက်ရေး အပါအဝင် လေ့ကျင့်ရန် အားကစားရုံများကအစ အားလုံး “အိုကေ” ကြောင်း မှတ်ချက်ပြုသည်။

နောက်တစ်ခုမှာ လက်မှတ်ကိစ္စ ဖြစ်သည်။
ဆီးဂိမ်းလှုံ့ဆော်မှု များကြောင့် တက်ကြွလာသော မြန်မာအားကစား ပရိသတ်များကို ဖွင့်ပွဲ/ပိတ်ပွဲ လက်မှတ်များ၊ ဘောလုံးပွဲ လက်မှတ်များ အဆင်ပြေစွာ မရောင်းချနိုင် ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ပရိသတ်သုံးသောင်းဆံ့ ကွင်းဝင်ခွင့် အတွက် လက်မှတ်တစ်သောင်းကိုသာ ပြင်ပသို့ ရောင်းချခဲ့ခြင်း ကြောင့် တက်ကြွကာ နေပြည်တော်သွားမည် တကဲကဲ ဖြစ်နေသော ပရိသတ်များ မာန်လျှော့ ခဲ့ရသည်။

ဘောလုံးတွင်လည်း ထိုနည်းတူ။ စရောင်းသည့် ရက်တွင် နာရီနှင့်ချီတန်းစီပြီး ဝယ်သော်လည်း ကိုယ်ကြည့်လိုသည့် ပွဲချည်းမရောင်းဘဲ အုပ်စုပွဲ တစ်ခုလုံး ပွဲလက်မှတ်များ ဝယ်မှ လက်မှတ်ရောင်း မည်ဟု ဆိုသဖြင့် ချွေးသိပ် အိမ်ပြန်ခဲ့သူ များလည်း တပုံတပင်။
ပရိသတ်များ စိတ်အဝင်စားဆုံး ဘောလုံးပွဲလက်မှတ် ဝယ်ယူရန် မှတ်ပုံတင် နံပါတ်ကဲ့သို့သော ကန့်သတ်ချက် များခြင်း၊ လိုသလောက် မရောင်းချနိုင်ခဲ့ခြင်း များက ဆီးဂိမ်း အဆွသမားများကြောင့် လှုပ်လာသော ပရိသတ်များကို စိတ်ပျက်စေခဲ့သည်။

ဘောလုံးမှလွဲ၍ မည်သည့် အားကစားနည်းမဆို ကြည့်နိုင်သော လက်မှတ်များကို နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ရောင်းချခဲ့ရာ လက်ရှိအချိန် အထိ စောင်ရေလေးသောင်းကျော် ရောင်း ချခဲ့ရပြီး ဖြစ်ကြောင်း ဝဏ္ဏသိဒ္ဓိ အားကစားရုံ ဂိတ် (၁) ရှိ လက်မှတ်အရောင်း ကောင်တာရှိ တာဝန်ရှိသူ ထံမှ သိရသည်။

သို့သော် ဗွေဆော်ဦး ခြင်းလုံးပြိုင်ပွဲ နှစ်ရက်တာအတွင်း အသင့် ခေါ်ယူလာသော ကျောင်းသားပရိသတ်များ မှအပ ပြင်ပ ပရိသတ်များ မတွေ့ရသေး။
နောက်ထပ်အရေးတစ်ခုမှာ မီဒီယာများ သတင်းယူသည့် ကိစ္စ ဖြစ်သည်။
အစိမ်းရောင် အောက်ခံတွင် အဖြူရောင်စာလုံးဖြင့် ရေးသားထားသည့် Journalist Working Room ဆိုသည့် သတင်းသမားများ အလုပ်ခန်းအတွင်း ဝင်လိုက်သည်နှင့် ခြေလေးချောင်းထောက် စားပွဲရှည် များနှင့် ကျောမှီ ထိုင်ခုံပြာများက တန်းစီစောင့်ကြို နေပေလိမ့်မည်။
နေပြည်တော်ရှိ ကျောက်မျက်ရတနာ ပြတိုက်ကို သတင်းသမားပေါင်း ၁၂၀ အလုပ်လုပ်နိုင်သည့် အလုပ်ခန်းအဖြစ် အသွင်ပြောင်းထားပြီး အေးစိမ့်နေသော အဲယားကွန်းကြောင့် ဇိမ်အတိဟု ထင်ပေ လိမ့်မည်။ သို့သော် သန့်စင်ခန်းများတွင် လက်ဆေးပြီးပါက သုတ်သင်ရန် တစ်ရှူးမရှိပါ။ လက်အခြောက်ခံစက် မရှိပါ။

ခုံများတွင် တပ်ဆင်ထားသော လျှပ်စစ် ပလပ်ခေါင်းများမှာ သတင်းထောက် အချို့၏ လက်တော့ပ်နှင့် မတော်သည့် အတွက် အသစ်ဝယ်ရသည်။ မြန်အောင် လုပ်ပေးမည် ဆို၍ အများကြီး မျှော်လင့်ထားသော အင်တာနက် အမြန်နှုန်းမှာ ထူးမခြားနား။ အားကစားပွဲ များသို့ သွားရောက် သတင်းယူရန် ကားစီစဉ်ထားသည်ဟု ဆိုသော်လည်း မေးမြန်းလိုက်သော အခါ မသိ၊ မရှိ။

"အဲဒါတွေအတွက် သက်ဆိုင်ရာ ကော်မတီတွေကို မေးရင် မသိတာ၊ တာဝန် မယူနိုင်တာ ဆိုတဲ့ သူတွေက များနေတယ်"ဟု မဇ္ဈိမသတင်းစာ SEA Games အစီအစဉ် မှ သတင်းစာဆရာ ဦးရဲရင့်ဌေးက ဆိုသည်။
ယင်းအပြင် ထုံးစံအတိုင်း ပွဲဦးထွက် ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းက မီဒီယာ သတင်းခန်းတွင် မီးပျက်ခဲ့သေးသည်။

မီဒီယာအခန်းတွင်မက ဗီယက်နမ်တို့ နေထိုင်ရာ အားကစားရွာ တွင်လည်း မီးမကြာခဏ ပျက်ကြောင်း VietNam Net Bridge သတင်းတွင် ဖော်ပြထားသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောသောအခါ ဖြည့်ဆည်းပေးမည်ဟု ဆိုကြောင်း VietNam Net Bridge သတင်းတွင် ဖော်ပြထားသော်လည်း ဝါရင့် အားကစားသတင်းစာဆရာ ဦးဇော်သက်ထွေး အပါအဝင် သတင်းသမား များကိုမူ မည်သူမျှ တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိပေ။

"ဌာနတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက် ပြုတ်နေတယ်။ တစ်ခုခု ပြောလိုက်ရင် ဘယ်သူ့မှာ တာဝန်ရှိမှန်း မသိရဘူး"ဟု ၄င်းက ဆိုလေသည်။
ယင်းကိစ္စပင်မက ကျပ် ခြောက်ဘီလီယံ အကုန်အကျခံထားသည်ဆိုသော လုံခြုံရေးယန္တရား အတွင်းတွင်လည်း ထိုသို့ ကြုံနေရကြောင်း IBC (International Broadcasting Center) တွင် တာဝန်ကျသော ရဲအရာရှိတစ်ဦးက ဆိုလေသည်။

"လုံခြုံရေးတာဝန် ယူထားတဲ့ သူတွေကလည်း ဘယ်သူ့စကား နားထောင်ရမှန်း မသိဘူး"
ယင်းကား ပွဲဦးထွက်ရွှေနှစ်ခု ဆွတ်ခူးထားသော အိမ်ရှင်တို့၏ ဆီးဂိမ်း ဗွေဆော်ဦး အပျိုးဇာတ်လမ်း။ တစ်ကျော့ပြန် မြန်မာတို့ မည်သို့လှလှပပ ဇာတ်သိမ်းမည်ကို သန်းခြောက်ဆယ်သော မြန်မာ ပြည်သူများ အပါအဝင် သန်းငါးရာသော အာဆီယံပြည်သူ တို့ကလည်း စောင့်ကြည့် ပေလိမ့်မည်။
လာမည်မကြာမီ။

Reborted by သတင်းအဖွဲ့၊ Written by အယ်ဒီတာအဖွဲ့ 
The Voice Weekly

ဂျပန်လူငယ်တွေ မြန်မာဘာသာဖြင့် ဖျော်ဖြေတင်ဆက်သွားတဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်.. (ရုပ်သံ)

$
0
0

ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.မှာ ပထမဆုရရှိခဲ့တဲ့ (မုန်လာထုတ်နဲ့ ငကြွား)တခန်းရပ် ဟာသပြဇာတ်..  

 ဂျပန်လူငယ်များမှ တိုင်းရင်းသားဝတ်စုံများဖြင့် မြန်မာဘာသာစကား ပြောဆိုကာ ကြိုးစားဖျော်ဖြေခဲ့ကြသည်..။ 

 ရုပ်သံ ဒီမိုဝေယံ 

ယနေ့ ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာ(Japan Myanmar Culture Center)(JMCC)မှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ..

ယနေ့ မနက်ပိုင်းက ဂျပန်မြန်မာစာပေနှင့် ယဉ်ကျေးမှုစင်တာမှ ကျင်းပပြုလုပ်တဲ့ ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲသို့ (JMCC) ဒါရိုက်တာ ဆရာမ မဟေမာ၏ ဖိတ်ခေါ်ချက်ဖြင့် အမှတ်မထင် ရောက်ရှိခဲ့သည်..။

သွားစဉ်ကတော့ ခဏတာ မှတ်တမ်းတင် သဘောမျိုးနဲ့ သွားရောက်ခဲ့တာ ဖြစ်ပေမယ့်...။ ထူးခြားတဲ့ ဂျပန်မှာ မွေးတဲ့ မြန်မာကလေးငယ်တွေ.. ဂျပန်ဘာသာသင်နေတဲ့ မြန်မာမိသားစုတွေ မြန်မာဘာသာ သင်ယူနေတဲ့ ဂျပန်လူမျိုးတွေရဲ့ စွဲဆောင်မှု ရှိတဲ့တင်ဆက်မှု အစုံအလင်ကြောင့် ဆုံးခန်းတိုင်သည်အထိ ကြည့်ဖြစ်ခဲ့သည်..။
ဂျပန်- မြန်မာလူဦးရေ ၁၀၀ကျော်ခန့် တက်ရောက်ခဲ့ကြသည်..။

ဂျပန်နိုင်ငံမှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ မိတ္ထီလာဆရာတော်အား ဂျပန်-မြန်မာမိသားစုများမှ ဗုဒ္ဓဘာသာထုံးစံ ဆွမ်းဆက်ကပ်ပြီး အခမ်းအနားအား ဂျပန်ပြည်မှာ မွေးဖွားတဲ့ မြန်မာကလေးငယ်များဖြင့် စတင်ဖြေဖျော်ခဲ့သည်..။


ယနေ့ထူးခြားချက်ကတော့ လတ်တလော မြန်မာပြည်ကို စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး မြန်မာစာ သင်ယူတဲ့ ဂျပန်လူမျိုးများ များပြားလာသည့် အချက်ဖြစ်သည်..။ အဆိုပါ စကားပြောပြိုင်ပွဲမှာတော့ ဂျပန်လူငယ်များ မြန်မာဓလေ့ထုံးစံအတိုင်း မြတ်မြတ်နိုးနိုး ဝတ်စားဆင်ယင် ယှဉ်ပြိုင်ခဲ့မှုကို မြင်တွေ့ခဲ့ရသည့်အတွက် ကြည်နှူးခဲ့ရသည်..။
ဂျပန်လူမျိုးများ မြန်မာဘာသာဖြင့် ပြဇာတ်တင်ဆက်မှုများနှင့် မြန်မာတေးသီချင်းများ
ဖြင့် ယှဉ်ပြိုင်ခဲ့ကြသလို ကမ္ဘာ္ဘမကြေသီချင်းဖြင့် သီဆိုယှဉ်ပြိုင် သီဆိုသူပင် ပါဝင်ခဲ့သည်..။

လာမယ့်နှစ်မှာတော့ ဂျပန်မြန်မာ ချစ်ကြည်ရေး နှစ်(၆၀) ပြည့်တော့ပေမည်...။ ဂျပန်နှင့် မြန်မာသမိုင်း ရှည်ကြာခဲ့သလို ဗိုလ်ချုပ်တို့ ခေတ်မှသည် ဂျပန်သည် မြန်မာလူမျိုးများ၏ အောင်မြေဟုပင် ဆိုရမလိုဖြစ်သည်..။
အချုပ်အားဖြင့် ဆိုရလျှင် (JMCC) ယနေ့ကျင်းပသည့် ခရစ်စမတ်အထိမ်းအမှတ် ဂျပန်- မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ.. ဟုဆိုသော်လည်း အဆိုပါပြိုင်ပွဲသည် ဂျပန်-မြန်မာချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ပွဲအသွင် သင်္ကေတကောင်း တခုပင်ဖြစ်တော့သည်..။

ဂျပန်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေ..။
ဒီမိုဝေယံ

Miss Myanmar ဂုဏ်ရည်အေးကျော် မြန်မာ့သင်္ကေတ "စောင်း"ဖြင့် သီဆိုဖျော်ဖြေနိုင်အောင် ကွန်မာန့်ရေးကြမည်..

$
0
0

Miss Myanmar ဂုဏ်ရည်အေးကျော် မြန်မာ့သင်္ကေတ "စောင်း"ဖြင့် သီဆိုဖျော်ဖြေနိုင်အောင် ကွန်မာန့်ရေးကြမည်..

(၇)ရက်နေ့က စခဲ့တဲ့ Miss International Beauty Pageant 2013မှာ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော် ပါဝင်ယှဉ်ပြိုင်နေပါပြီ..။
Miss International Beauty Pageant 2012ပြိုင်ပွဲကိုတော့ ယမန်နှစ်က ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာလည်း ဂျပန်နိုင်ငံမှာ ထပ်မံကျင်းပနေတာ ဖြစ်ပါတယ်..။

မျိုးချစ် မြန်မာတွေနဲ့ ပြည်ချစ်မြန်မာတွေကြောင့် အင်တာနက် အွန်လိုင်းတွေမှာ မြန်မာအလှမယ်တွေ အွန်လိုင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ကြတာ အများအသိဖြစ်ပါတယ်..။ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ယခုနှစ်ပြိုင်ပွဲမှာ ဂျပန်လူမျိုးတွေ သိရှိကြပြီး ဖြစ်တဲ့ မြန်မာ့စောင်း (ဂျပန်အခေါ် ဘီရုမာနို တတေးဂိုတို ビルマのたてごと) ဖြစ်ပါတယ်.။ ဂျပန်နိုင်ငံမှာ ၁၉၅၆ခုနှစ်နဲ့ ၁၉၈၆ခုနှစ်မှာ၂ကြိမ်တိုင်တိုင် ရိုက်ကူးပြသခဲ့ပြီး ဂျပန်လူမျိုး လူလတ်ပိုင်းနဲ့ လူကြီးအသိုင်းအဝိုင်းထဲမှာ လူသိများလှပါတယ်..။ ဂျပန်လူမျိုးတွေ မြန်မာဆိုရင် မြန်မာ့စောင်းကိုလည်း တွဲသိကြတာဖြစ်ပါတယ်..။

ယခု Miss Myanmar ဂုဏ်ရည်အေးကျော်ဟာ မြန်မာ့စောင်းကို တီးခတ်တတ်မြောက်သူ ဖြစ်ပါတယ်..။ ကိုယ်တိုင်လည်း ဖျော်ဖြေခွင့်ရမယ်ဆိုရင် ကမ္ဘာကျော် ဂျပန်သီချင်း Sukiyaki မူရင်း "(上を向いて歩こう, "[I] Shall Walk Looking Up") ကို မြန်မာ့စောင်းနဲ့ ဖျော်ဖြေတင်ဆက်ဖို့ ရည်ရွယ်ထားပြီး မြန်မာ့စောင်းကိုလည်း မြန်မာပြည်က ကိုယ်တိုင် သယ်ဆောင်လာခဲ့တာပါ..။

ပြိုင်ပွဲအတွင်း အမှတ်အမျိုးမျိုးအတွက် တီးခတ် သီဆိုမှု အပိုင်းလည်း အပါအဝင်ဖြစ်ပါတယ်...။ ဂျပန်လူမျိုးတွေရဲ့ အသည်းနှလုံး သီချင်းဖြစ်တဲ့ Sukiyaki သီချင်းကို (ဘီရုမာနို တတေးဂိုတို) မြန်မာ့ဂီတ သင်္ကေတ မြန်မာ့စောင်းနဲ့ တီးခတ် သီဆိုခွင့်ရဖို့ Fan Request တောင်းဆိုဖို့ လိုအပ်လှပါတယ်..။ ဒီအတွက်ကြောင့် မြန်မာ့ဂီတကို ကမ္ဘာက သိရှိနိုင်ဖို့နဲ့ https://www.facebook.com/Miss.International.bpမှာသွားရောက်ပြီး ဂုဏ်ရည်အေးကျော်ပုံပါရှိရာ ကွန်မာန့် Box မှာဖြစ်ဖြစ် Message မှာဖြစ်ဖြစ် အထက်ပါ စောင်းတီးနေပုံနဲ့ တွဲကာ ရေးသားတောင်းဆိုကြပြီး မန္တလေးသူ မြန်မာ့အလှမယ်ကို အားပေးဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။

ယခုရက်ပိုင်းအတွင်း ထပ်ထွက်လာတဲ့ (၄)ခုမြောက် Vote တခုဖြစ်တဲ့
Miss Internet 2013ပါ။ ထူးခြားတာကတော့ ၁ရက်ကို Vote ၃ခုပေးနိုင်ပြီး အလှမယ် (၃)ဦးကို ပေးရမှာ ဖြစ်ပါတယ်..။ ဒီမှာ Vote ပါ..။

(၁) http://beautycity.jp/miss2013/prof_list.aspကျွန်တော်ကတော့ ဂုဏ်ရည်အေးကျော်နဲ့ ကိုယ်မဖြစ်နိုင်ဘူး ယူဆသူ (၂)ဦးကို ပေးခဲ့ပါတယ်..။ http://beautycity.jp/miss2013/prof_myanmar.asp(မှတ်ချက် မကြိုက်တာတူတာ များရင်လည်း တဘက်က Voteများသွားနိုင်ပါတယ်..)

(၂)http://359906.tbits.me/?option_id=444280 (လောလောဆယ် Who deserves the crown?မှာ ဖိလစ်ပိုင်မယ်က ပထမနေရာ ရောက်ရှိနေပါတယ်..။ မျိုးချစ်မြန်မာများရဲ့ Vote ပေးဖို့ အထူးလိုအပ်နေပါတယ်...။)

(၃) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344
Who will be Miss International 2013?

(၄)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data

ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw

ဒီမိုဝေယံ

စောင်းတီး ဓာတ်ပုံ Nay Ma Kha ဖေ့စ်ဘွတ်ခ်

စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု..

$
0
0
စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့ အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
LI riot

ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍ တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက် ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့ ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။

အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
မီးရှို့ခံထားရသောကားများ
မီးရှို့ခံထားရသောယာဉ်များ

ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ..

$
0
0


ဂျပန်အနုပညာ အသိုင်းအဝိုင်းအတွင်း လူသိများ လာနေတဲ့ သရုပ်ဆောင် Kuro Miya Niina ခေါ် မနှင်းအေးနန္ဒာရဲ့ ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ..

(၈)ရက် ဒီဇင်ဘာ တနင်္ဂနွေနေ့က ယနေ့ ဂျပန်ရုပ်သံနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသူ 黒宮ニイナ (Kuro Miya Niina) မြန်မာနာမည် ရင်းကတော့ မနှင်းအေးနန္ဒာရဲ့ Hikari Furu Michi (光ふる路)၃၃မိနစ်စာ ရုပ်သံဇာတ်လမ်းတို မိတ်ဆက်ပွဲအား တက်ရောက်ခွင့် ရခဲ့သည်။

ဂျပန်လူမျိုးအများစု တက်ရောက်တဲ့ အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားအတွင်း မြန်မာပြည်၏ ရှုခင်းများအား လှပသည့် ရိုက်ကွက်များဖြင့် မိတ်ဆက် ပြသခဲ့ပြီး မြန်မာ့ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်..။ Niina San ပိုင်နိုင်စွာ သရုပ်ဖော်ပြသခဲ့သည့် ၃၃မိနစ်စာ Hikari Furu Michi (光ふる路)ဇာတ်လမ်းတိုအား မိတ်ဆက်ပြသခဲ့သည်..။

လျှပ်တပြက် ပြောင်းလဲလာနေသော မြန်မာပြည်၏ လတ်တလော အခြေအနေများအတွင်း ဂျပန်လူမျိုးများကြား Myanmar Boom ဟုခေါ်ဆိုကာ ဂျပန်ပြည်သူများ စိတ်ဝင်စားလျှက် ရှိသည်..။

ထိုသို့သော Myanmar Boom အချိန်အခါအတွင်း ဂျပန်ရုပ်သံများနှင့် ဂျပန်ဇာတ်လမ်များအတွင်း Niina San ဆိုသည့် မြန်မာ သရုပ်ဆောင်တဦး ပေါ်ထွက်လာခဲ့သည်မှာ ဂုဏ်ယူစရာပင်ဖြစ်သည်..။
၁၁နှစ်သမီးအရွယ်ကပင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် Niina San အနေဖြင့် ယခုအချိန်တွင် ဂျပန်အနုပညာ အသိုင်းအဝန်းကြားနှင့် ရုပ်သံဇာတ်လမ်းတွဲများ အတွင်း တစစ လူသိများလာလျှက်ရှိသည်..။

နိုင်ငံတကာသို့ ဖြန့်ကျက် ရောက်ရှိသွားသော မြန်မာလူမျိုးများအတွင်း ယခုကဲ့သို့ ချဉ်းနင်းဝင်ရောက်ရန် ခက်ခဲလှသည့် ဂျပန် အနုပညာ အသိုင်းအဝန်းတွင်း ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်မှာ မြန်မာလူမျိုးများနှင့် နိုင်ငံအတွက် ဂုဏ်ယူစရာပင် ဖြစ်တော့သည်..။

ဓာတ်ပုံ၊ သတင်း  
ဒီမိုဝေယံ

Hikari Furu Michi ရုပ်သံအား မကြာမှီ ယူကျုမှာ ဖော်ပြပေးပါမည်..။

အဆိုပါနေ့က Miss Myanmar ဂုဏ်ရည်အေးကျော် ထောက်ခံအားပေးသူများမှလည်း ဂျပန်လူမျိုးများအား ဂျပန်နိုင်ငံမှာ Miss International 2013အတွက် လာရောက် ယှဉ်ပြိုင် နေတဲ့ ဂုဏ်ရည်အေးကျော်အတွက် ဂျပန်လူမျိုးများအား မိတ်ဆက်စကား ပြောဆိုခဲ့သည်..။

တို့မြန်မာကို နိုင်အောင် ဘယ်သူပြိုင်လို့ Vote နိုင်ကြမလဲ...

$
0
0

တို့မြန်မာကို နိုင်အောင် ဘယ်သူပြိုင်လို့ Vote နိုင်ကြမလဲ...

Miss Myanmar မန္တလးသူ ဂုဏ်ရည်အေးကျော် အောင်နိုင်ရေး မျိုးချစ်မြန်မာများအတွက် စိန်ခေါ်လိုက်တဲ့ နောက်ထပ် Voteလင့်ခ်တခု..

မပြီးသေးသော ပန်းချီကားလို့ ဆိုရလေမလား ခါတိုင်းMiss ပြိုင်ပွဲများနဲ့ မတူ ဒီတခါမှာတော့ ထူးခြားလှစွာ Vote လင့်ခ်တွေ တခုပြီးတခု တိုးလာပြီး ၅ခုထိ ရှိလာနေပါပြီ။ Voteတခုခြင်းစီရဲ့ ထူးခြားမှုကတော့..

(၁)နောက်ဆုံး Vote နိုဝင်ဘာလ (၂၈)ရက်နေ့က စတဲ့ (Vote)
ဖိလိပိုင်က လက်ဦးမှု ရယူထားပါတယ်..

International 2013 Internet Choice!

ဖြစ်ပြီး ဖိလစ်ပိုင်က ၄ထောင်ကျော် ရရှိနေပြီး မြန်မာမယ် ဂုဏ်ရည်အေးကျော်က ၈ရာကျော်သာရရှိနေပါတယ်..။ (ယခုမှ သိရှိရတာပါ) တနေ့ ၁၉ကြိမ် Vote နိုင်တဲ့ အဆိုပါ Vote ရဲ့ လင့်ခ်ကတော့ https://www.facebook.com/PageantNews/app_110836088986161ဖြစ်ပါတယ်..။ (ဂုဏ်ရည်အေးကျော် တဦးတည်း Vote တိုင်းမှာ ဦးဆောင်နေလို့ တနေ့ ၁၉ကြိမ် Vote နိုင်အောင် တမင်လုပ်တာလား ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်..) ထုံးစံအတိုင်း Liked လုပ်ပြီးမှ Vote နိုင်ပါတယ်..။
ဆီးဂိမ်းလို ဖိလိပိုင်နဲ့ပဲ ပြိုင်နေရတာ ဖြစ်နေပါတယ်..။

(၂) ဒီလင့်ခ် ကတော့ ယခုရက်ပိုင်းအတွင်း ထပ်ထွက်လာတဲ့ (၄)ခုမြောက် Vote တခုဖြစ်တဲ့

Miss Internet 2013 Online Pollပါ။

ထူးခြားတာကတော့ ၁ရက်ကို Vote ၃ခုပေးနိုင်ပြီး အလှမယ် (၃)ဦးကို ပေးရမှာ ဖြစ်ပါတယ်..။ ဒီမှာ Vote ပါ..။
ဦးစွာပထမ ဒီလင့်ခ်ကို သွားပါ..။ http://beautycity.jp/miss2013/prof_list.aspမြန်မာကိုရှာပြီး Vote ပါ။ ပြီရင် Return top ကိုပြန်သွားပါ..။ အခြား Miss ၂ယောက်ကို ထပ်မံ Vote ရမှာဖြစ်ပါတယ်..။ ကျွန်တော်ကတော့ ဂုဏ်ရည်အေးကျော်နဲ့ ကျန်(၂)ဦးကိုတော့ ကိုယ်မဖြစ်နိုင်ဘူး ယူဆသူ (၂)ဦးကို ပေးခဲ့ပါတယ်..။ http://beautycity.jp/miss2013/prof_myanmar.asp(မှတ်ချက် မကြိုက်တာတူတာ များရင်လည်း တဘက်က Voteများသွားနိုင်ပါတယ်..)

(၃) နောက်တခုကတော့

Who deserves the crown?ပါ။

http://359906.tbits.me/?option_id=444280ဒီလင့်ခ်မှာ Vote နိုင်ပါတယ်..။

(၄)ခုမြောက်ကတော့

Who will be Miss International 2013?ပါ။

https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_dataဒီလင့်ခ်မှာ Vote နိုင်ပါတယ်..။

(၅)ခုမြောက်ကတော့ ပထမဦးဆုံး စတင်ခဲ့တာဖြစ်ပြီး။

Who deserves the crown?ပါ။

https://apps.tradablebits.com/tb_app/349344ဒီလင့်ခ်မှာ Vote နိုင်ပါတယ်..။
ကဲ အသင်တို့ပဲ လင့်ခ်အသစ်တွေ ထွက်လာမလား အကျွန်ုပ်တို့ပဲ ရွှေမြန်မာတွေပဲ Vote နိုင်ကြမလား တို့မြန်မာကို နိုင်အောင် ဘယ်သူပြိုင်လို့ Vote နိုင်ကြမလဲ...

ဒီမိုဝေယံ

အနိစ္စဆရာတော်ကြီးပြခဲ့သော အနိစ္စတရား..

$
0
0
 
 

အနိစ္စဆရာတော်ကြီးပြခဲ့သော အနိစ္စတရား..

ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စ ဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါသည် ၁.၁၂.၂ဝ၁၃ ရက်နေ့ ည (၁၁း၎ဝ) နာရီ အချိန်တွင် ခန္ဓာဝန် ချုပ်ငြိမ်းတော်မူခဲ့သည်။ ကျေးဇူးတော်ရှင် သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာဒ်တော်အား ကျန်ရစ်သူ တပည့်ဒါကာ၊ ဒါယိကာမများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် အမှတ် (၇၁-စီ)၊ အင်းယားမြိုင်လမ်း၊ ငွေဝတ်မှုံရပ်ကွက်၊ ရွှေတောင်ကြားရိပ်သာ (၁) လမ်း၊ ဗဟန်းမြို့နယ်ရှိ “ရွှေဂန္ထဝင်စံကျောင်းတော်”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ၂.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် လေအေးပေးစနစ်ဖြင့် ကြာရှည်ထားနိုင်သော (CooL Box) ဖြင့် ဆရာတော်ဘုရားကြီးအား ပူဇော်ခံ ထားရှိခဲ့ပါသည်။

အန္တိမအဂ္ဂိဈာပန အခမ်းအနားပြုလုပ်မည့် ၉.၁၂.၂ဝ၁၃ ရက်နေ့ နံနက် (၆းဝဝ) နာရီအချိန်တွင် ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ အားရည်စူး၍ ကျန်ရစ်သူ တပည့်ဒါကာ၊ ဒါယိကာမများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် (၉၂) သိန်းကျပ်တိတိအား လှူဒါန်းခဲ့ရာ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင် မောင်နှင့် အသင်းသူ/သားများတို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအား ၉.၁၂.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်၌ ပြုလုပ်ကျင်းပမည်ဖြစ်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်နိဗ္ဗာန်ယာဉ် မောင်းနှင်ခဲ့ပြီး “ရွှေဂန္ထဝင်စံကျောင်းတော်”မှ နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများတို့မှ ဆရာတော်ကြီး၏ ရုပ်ကလာဒ်တော်အား မှန်ခေါင်းအတွင်းသို့ စနစ်တကျ ပြောင်းရွှေ့၍ သံဃာတော်များ၊ တပည့်ဒါယကာများတို့မှ လက်ဆင့်ကမ်းပင့်ဆောင်၍ နာရေးကူညီမှု အသင်း(ရန်ကုန်) အသင်းသားများထံသို့ ပေးအပ်ခဲ့ပြီး နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် ခဲ့သည်။

ညနေ (၄းဝဝ) နာရီတွင် ရေဝေးသုဿန် မီးသင်္ဂြိုဟ်စက် အရှေ့မော်တော်ယာဉ်ရပ်နားသည့် နေရာတွင် ပြုလုပ်ထားသောလောင်တိုက်ဖြင့် အန္တိမအဂ္ဂိဈာပနအား အစီအစဉ်တကျ ကျင်းပခဲ့ပြီး ၁ဝ.၁၂. ၂ဝ၁၃ ရက်နေ့ နံနက် (၃းဝဝ) နာရီအချိန်တွင် ဆရာတော်ကြီး၏ အရိုးပြာများတို့အား မော်တော်ယာဉ်ဖြင့် “ရွှေဂန္ထဝင်စံကျောင်းတော်” သို့ အပူဇော်ခံထားရှိရန် ပြန်လည်ပင့်ဆောင်ခဲ့သည်။

ဆရာတော်ကြီးသည် ဓမ္မာနုပဿနာတရားတော်များကို တရားချစ်ခင်ကြသော တပည့်ဒါကာ၊ ဒါယိ ကာမများအား နေ့စဉ် ဟောကြားတော်မူခဲ့သည့် မြန်မာနိုင်ငံ ရပ်ဝေးရပ်နီးနှင့် နိုင်ငံခြားတိုင်းပြည်များမှ လာ ရောက်ဖူးမြော်ကြသူများကို ကန့်သတ်ချိန်မရှိ အပူဇော်ခံ တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ကိုယ် စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် မြတ်စွာဘုရားရှင်၏ တရားဒေသနာများကို ပေးဝေငှလျက် သီတင်းသုံး တော်မူခဲ့သည်။

ပျံလွန်တော်မှုမည့်နေ့ နံနက်အချိန်ထိ ဆရာတော်ကြီးသည် တရားဒေသနာများအား ဟောကြားသွားခဲ့ကြောင်းလည်း သိရှိခဲ့ရသည်။
ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မှုခဲ့သော ဓမ္မာနုပဿနာ တရားတော်စာအုပ်တွင် တရားအမှတ်စဉ် (၄၇) တွင် “ခြင်းရာ ၁၂ - ပါး ဆိုဆိုပွားတရားတော်” ၏ နိဂုံးချုပ်တရားစာပိုဒ်တွင် - “နာ ဟံ - ငါမရှိတော့ဘူး။ ငါ မရှိဘူးဆိုပြီး အိပ်ချလိုက်တယ်။ ပျော်သွားတာပဲ။ ငါမရှိဘူးဆိုရင် အဲလိုဖြစ်သွား တယ်။ နိဗ္ဗာန်ရောက်သွားတယ်။ အဟံ - ငါရှိတယ်ဆိုရင် လုပ်စရာတွေ ကိုင်စရာတွေအများကြီးပဲ။ အဟံ - ငါသေသွားတယ်ဆိုတော့ ငါသေတယ်လို့ဆိုတော့၊ နာဟံ - ငါမရှိဘူးဆိုတော့ ငါသေတာလည်း မရှိ တော့ဘူး။

အဲဒါ အပ္ပမာဒတရားနဲ့ နိဗ္ဗာန်ရောက်သွားတယ်လို့ဆိုတယ်။” ဟု ဟောကြားသွားသည်နှင့် အညီ ဆရာတော်ကြီးသည်လည်း အပမာဓတရားတော်နှင့်အညီ မြတ်နိဗ္ဗာန်သို့ ကူးပြောင်းရောက်ရှိ သွားလိမ့် မည်ဟု ယုံကြည်လျှက် မိမိတို့ပြုခဲ့သော အနိစ္စဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားအတွက် ကောင်းမှုကုသိုလ် အစုစုတို့အား အမျှပေးဝေ သာဓုခေါ်ဆိုနိုင်တော့မည် ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)

ပခုက္ကူ ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ.. (ဓာတ်ပုံ)

$
0
0
ပခုက္ကူ ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ..

၁.၁၂.၂ဝ၁၃ ရက်နေ့ ည (၁၁း၎ဝ) နာရီ အချိန်တွင် ခန္ဓာဝန် ချုပ်ငြိမ်းတော်မူခဲ့သည့် ကျေးဇူးတော်ရှင် ဓမ္မာနုပဿနာ ပခုက္ကူ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ (အနိစ္စ ဆရာတော်) သက်တော် (၉၂) နှစ်၊ သိက္ခာတော် (၇၂) ဝါ၏ ဓာတ်တော်များ..



ဓာတ်ပုံ ကိုကျော်သူ

(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ.. (ရုပ်သံ)

$
0
0
(၄၄)နှစ်တာ ကာလအတွင်း တကျော့ပြန် ပြန်လည် ကျင်းပခဲ့တဲ့ ယနေ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ မြင်ကွင်းများ.. 
Viewing all 780 articles
Browse latest View live