Quantcast
Channel: ဒီမိုဝေယံ
Viewing all 780 articles
Browse latest View live

စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ

$
0
0

                   စိတ်မပြောင်း၊ စိတ်မကောင်းတဲ့၊ အပါယ်ဂျောင်းမယ့်သူ
(ဒီမိုဝေယံသို့ ပေးစာ)
၂၀၊ ၁၀၊ ၂၀၁၃ ။     စစ်ကိုင်းမြို့၏ သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရာဇာမဏိစူဠာ ကောင်းမှုတော် မြတ်စွာဘုရားပွဲတော်သို့ စစ်ကိုင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ ဆွမ်းတော်ကြီး အရုဏ်တော် အသင်းအဖွဲ့များမှ ၀တ်အသင်းများနှင့် ဖျော်ဖြေရေး ကားများ၊ အလှပြယာဉ်များ စုံလင်စွာဖြင့် သွားရောက်၍ ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော် ကြသည်မှာ စစ်ကိုင်းမြို့၏ အစဉ်အလာတစ်ခု ဖြစ်ပါသည်။

 ဘုရားသို့ ကပ်လှူပူဇော်ပြီး နောက်တနေ့ အပြန်တွင် လမ်းတလျှောက်လုံးပျော်ပျော်ပါးပါးဖြင့် သီဆို၊ တီးမှုတ်၊ ကခုန်ကြရာ မြို့လူထုကလည်း စောင့်ကြည့်အားပေးကြပါသည်။ ယခုနှစ်ပွဲတွင် ပန်းဘဲတန်းရပ်ကွက် လူငယ်များက ဇာတိမာန်တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေရာ ပန်းဘဲတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုမှ လာရောက်တားမြစ်ပြီး ယင်းသီချင်းကို ဆက်လက်ဆိုခွင့်မပြုဘဲ ချက်ချင်းရပ်ရန် ပိတ်ပင်၍ ဆက်ဆိုပါက ကားနှင့်အတူ တစ်ဖွဲ့ လုံးအား ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ပန်းဘဲတန်းလူငယ်များ၊ ရပ်ကွက်သူရပ်ကွက်သားများနှင့် စေတနာရှင်၊ အလှူရှင် မြို့ခံလူထုများမှာ စိတ်အနှောက် အယှက် ဖြစ်ရကြောင်း သိရပါသည်။

            ယခုကဲ့သို့ ဘာသာရေးပွဲများတွင် အာဏာဖြင့် ၀င်ရောက်စွက်ဖက်မှုများ မဖြစ်သင့် ကြောင်း၊ အာဏာအလွဲသုံးစားပြုလုပ်မှုများ အောက်ခြေကအစ ရှိနေသေးကြောင်း အများက ဝေဖန်ပြောဆိုနေကြောင်း သိရှိရပါသည်။ 

ဇာတိမာန်တေး နားထောင်ချင်ရင် http://www.youtube.com/watch?v=poTLvAwFyl0

“ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်” (ကျော်သူ)

$
0
0


“ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်”
(ကျော်သူ)

 ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။

ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား “လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်” ဟု၍ဖြစ်တော့သည်။

 ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။ ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။
ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။

ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့ ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။

 ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။ ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။

ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။

ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ တိုက်၊ ပဉ္စဂံ စာပေတိုက်)နှင့် ကျွန်တော်၏ ခံစားချက်စကားလုံးများအား ကွန်ပျူတာ စာရိုက်ကူညီပေးခဲ့သော ကျော်ဟိန်း (FFSS)၊ ဇော်စိုင်း (FFSS)၊ ဝံသ (FFSS)၊ ဇူးဇူး (FFSS)နှင့် လိုအပ်သော အချက်အလက်များအား ရှာဖွေစုဆောင်းပေးခဲ့သော ဇာနည်ထက် (FFSS)၊ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပေးခဲ့သော ရောဘတ်အောင် (FFSS) တို့အပြင် အမှာစာ ရေးသား ကူညီပေးခဲ့သော ဘဘဦးဝင်းတင်၊ ဘကြီးမိုး (ဦးမိုးသူ)၊ ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ အယ်ဒီတာချုပ်)တို့အား၎င်း မျက်နှာဖုံးပန်းချီဖန်တီးပေးခဲ့သော ပန်းချီဆရာ ဦးတင်ထွန်း၊ အတွင်းပန်းချီများအား ဖန်တီးရေးဆွဲပေးခဲ့သော ပန်းချီဆရာ မင်းကျော်ခိုင်(USA-NY)၊ မမွှေး၊ ပန်းချီ လင်းဝဏ္ဏ၊ ကာတွန်း မောင်မောင်အောင်တို့နှင့် ဇာတ်ညွှန်း လွင်မင်းအံ့တို့အားလည်း ကျွန်တော်၏ နှလုံးသားထက်မှ ကျေးဇူး တင်မိပါတော့သည်။

ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)၏ အကြံပြုချက်အရ ကျွန်တော်၏မွေးနေ့ဖြစ်သော နိုဝင်ဘာလ (၂)ရက်နေ့ မတိုင်မီ မွေးနေ့အကြိုအဖြစ် နိုဝင်ဘာ (၁)ရက်နေ့အား စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြတော့သည်။ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော ခေါင်းစီးနှင့် ပတ်သက်၍ ကျွန်တော်ရှင်းလင်း ထားချက်အားလည်း ယင်းစာအုပ်တွင်ပါရှိသည်။ “ဖြစ်ချင်တယ်” နှင့် “ဖြစ်ခဲ့ရင်”တို့သည် အဓိပ္ပါယ်ချင်း ကွာခြားမှု ရှိသည်ကို သတိထားစေချင်တော့သည်။

ကျွန်တော်သည် အများပြည်သူလူထု မြန်မာပြည်သူ/သားများအတွက် စွန့်လွှတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေရသော၊ မြန်မာပြည်ကြီးအား ကျေးဇူးဆပ်နေသော သူတစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ လူမှုဒုက္ခပေါင်းများစွာတို့ သည် ကျွန်တော့်နှလုံးသားထဲ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်သည်ကား “ပြည်သူ့အသံ … ကျော်သူ့အသံ” “ကျော်သူ့အသံ … ပြည်သူ့အသံ” ဖြစ်တော့သည်။ ထိုထိုသော အကြောင်းများကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်”စာအုပ်၏ အမည်မှာ “ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူ၍ ဖြစ်သင့်တော့သည်။

 ကျော်သူ

စစ်ကိုင်း အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ...

$
0
0
စစ်ကိုင်း အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ...

၂၂၊၁၀၊၂၀၁၃ အင်္ဂါနေ့ က စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ကြီးမှုးကျင်းပခဲ့သည်။

စ်ကိုင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်၊ကျေးရွာအသီးသီးရှိအလွှာပေါင်းစုံမှလူထုအများ၊ တက်ရောက်ကြပြီး အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးကြည်ဝင်း(လပ္ပတ္တာ) မှရှင်းလင်း ပြောကြားခဲ့ပါသည်။

၎င်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒသဘောထားရယူပွဲသို့ စာရင်းရှိအင်အား(၁၀၁၇) ဦးတက်ရောက်ပြီး မတ်တပ်ရပ် ဆန္ဒပြုစနစ်ဖြင့်ဆန္ဒခံယူရာ၊ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်(၁၀၁၃) ယောက် နှင့် အသစ်ရေးဆွဲရေးအတွက်(၄) ဦး ဆန္ဒပြုခဲ့ ကြပါသည်။
စစ်ကိုင်းသား ပေးပို့သည်။

မိတ္ထီလာမြို့ ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER မှ ပညာဒါန ကုသို်လ်ပြုအပ်ပါတယ်...

$
0
0
မိတ္ထီလာမြို့မှ ဆရာတော် ဦးဓမ္မသာရ ဦးစီးတဲ့
 ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER

မိတ္ထီလာမြို့ ပြည်သာယာရပ် ညောင်ကုန်း အနောက်ကျောင်းမှာ ရှိတဲ့  ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER အား  ဆရာတော် ဦးဓမ္မသာရမှ စတင်ဦးစီးတည်ထောင်ခဲ့ပြီး မိတ္ထီလာမြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ပညာသင်ကြားလိုသူ လူငယ်များအတွက် ဂျပန်နဲ့ အင်္ဂလိပ်ဘာသာရပ်များအား ၁၉၉၂ခုနှစ်ကစ၍ အခမဲ့ပညာဒါန ပြုလုပ်ပေးလျှက် ရှိပါတယ်..။

ယနေ့ မှာတော့ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနှင့် တရုတ်ဘာသာစကားများပါ.. ပညာလိုလားသူ ပြည်သူများအတွက် ပညာဒါန ပြုလုပ်ပေးလျှက်ရှိပါတယ်..။
အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဘာသာရပ်များအား Professional အဆင့်ထိ တတ်မြောက်အောင်မြင်ရန်နှင့် အင်္ဂလိပ်ဝတ္ထုများကို ကျွမ်းကျင်စွာ ဖတ်ရှုနိုင်သည့်အထိ ဆရာတော် ဦးဓမ္မသာရနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ လူငယ်များမှ တွဲဖက်သင်ကြားပေးလျှက်ရှိပါတယ်..။

မိတ္ထီလာမြို့မှ ပညာမခန်းလိုသူများအတွက်
 ဗေဒါလမ်း(HYACINTH'S WAY) ကုသိုလ်ဖြစ် LANGUAGE CENTER မှကြိုဆိုနေပါတယ်..။
 တက်ရောက် သင်ကြားလိုတဲ့ မိဘပြည်သူများ ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကတော့

ဆရာတော် ဦးဓမ္မသာရ (သင်ကြားပေးသည့် ဘာသာရပ် အင်္ဂလိပ်၊ ဂျပန်)
(မိတ္ထီလာ- ၀၉၂၂၀၀၀၉၃) ဖြစ်ပြီး..
လက်ရှိ ဂျပန်နိုင်ငံသို့ ခေတ္တသီတင်းသုံးရန်  ရောက်ရှိနေပါတယ်..။
 (ဂျပန်နိုင်ငံမှ ဆက်သွယ်လိုသူများ ၀၈၀-၄၈၀၂-၁၈၁၂)

တွဲဖက် သင်ကြားပေးနေတဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ လူငယ်ဆရာများကတော့

ကိုချစ်မင်းခန့်၊
ကိုတရုတ်၊
ကိုမြဝတီ၊
ကိုဝဏ္ဏ၊
ကိုစစ်ငြိမ်း၊

မနေခြည်အေး၊
မမေဝတီရဲမောင်၊
မလဲ့၊
မတိုးတိုးမြင့်၊
မပြည့်ဦးမေ၊

ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊
၀၆၄၂၄၆၁၅
၀၉၄၃၁၄၁၅၇၇
၀၉၄၀၂၅၅၈၄၉၄
၀၉၃၃၂၇၂၂၇၈

မိတ္ထီလာမြို့နဲ့ အနီးဝန်းကျင်မှ ပြည်သူများအတွက် ပညာဒါနကိုသိုလ် ပြုအပ်ပါတယ်..။

ဒီမိုဝေယံ

အိမ်ပြန်ချိန်နောက်ကျခဲ့ရသူ...

$
0
0
အိမ်ပြန်ချိန်နောက်ကျခဲ့ရသူ

    ရန်ကုန်မြို့တွင်းရှိ ပြေးဆွဲနေကြသည့် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများပေါ်တွင် ရေးသား ထားသော “သင့်အား သင့်မိဘ၊ ဇနီး၊ သားသမီးများက သင်ပြန်လာချိန်ကို စောင့်မျှော်နေကြသည်ကို သတိပြုပါ” ဟူသော စာသားလေးအား မိဘပြည်သူတို့ သတိထားမိမည် ထင်ပါသည်။

ထို့အတူပင် ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် “ရန်ကုန်နည်းပညာတက္ကသိုလ်ရှေ့၌ ခရီးသည်တင် ဟိုင်းလတ်စ်နှင့် အမှတ် (၃၃၃) ယာဉ်တစ်စီးတိုက်မိ” အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဟိုင်းလတ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်တစ်ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် မောင်မျိုး သန့်ကို (၁၉) နှစ် ဆပ်သွားတောကျေးရွာ၊ မှော်ဘီမြို့နေသူမှာ ခြေထောက်ကျိုးသွားခဲ့၍ ရန်ကုန်ဆေးရုံ ကြီးတွင် ကုသမှုခံယူခဲ့ရသည်ဟူသော သတင်းဖတ်မိပြီးနောက် အထက်ပါ စာသားအတိုင်း တစ်ယောက် ကတော့ဖြင့် အိမ်ပြန်ချိန်နှောင်းခဲ့ပြီး အခြားတစ်ယောက်တော့ အိမ်ပြန်ချိန်နောက်ကျခဲ့ပြီ ဟုသာ တွေးမိခဲ့ တော့သည်။ ထိုထက်ပို၍ ဆက်မတွေးဝံ့တော့။

ယင်းယာဉ်တိုက်မှုကြောင့် ခြေကျိုးသွားခဲ့သော မောင်မျိုး သန့်ကိုနှင့် မြန်မာပြည်သူ/သားအပေါင်းတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ဆက်စပ်ပတ်သက်၍ တွေးတောစရာများ ဖြစ်ပေါ်လာခဲ့သည်။

    ၂ဝ.၈.၂ဝ၁၃ ရက်နေ့တွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ မောင်မျိုးသန့်ကို၏ ဇနီးမဆွေဆွေ အောင်မှ ခင်ပွန်း၏ ခြေထောက်ဒူးခေါင်းအထက်မှ ဖြတ်တောက်ရခြင်း၊ ဝမ်းဗိုက်တွင် အရေးပေါ်ခွဲစိပ်မှု ပြုလုပ်ရခြင်းနှင့် ကျန်းမာရေးမကောင်းသော ဖခင်ကြီးနှင့် (၇) လသားအရွယ် လူမမယ် သားငယ်လေးအား ပြုစုစောင့်ရှောက်နေရခြင်းကြောင့် ခင်ပွန်းဖြစ်သူအား ဆက်လက်ဆေးကုသရန် ငွေကြေးအခက်အခဲ ဖြစ်နေသဖြင့် လိုအပ်သောအကူအညီများပေးနိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တင်ပြအကူအညီ တောင်းခံလာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိဘပြည်သူအလှူရှင်များ လှူဒါန်း ထားသော အလှူငွေများထဲမှ ငွေကျပ် (၃) သိန်းအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့သည်။ ဆေးရုံတွင် (၂) လကျော်ခန့် ဆေးကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာချိန် ၂၁.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ဆေးရုံမှဆင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရောက်ရှိလာခဲ့ပြန်သည်။

 မောင်မျိုးသန့်ကိုနှင့် ဇနီး မဆွေဆွေအောင်နှင့် လူမမယ် လသားငယ်လေးတို့အား ဥက္ကဌ ဦးကျော်သူ၊ အမှုဆောင်များနှင့် အသင်း သူ/သားများမှ နွေးထွေးစွာကြိုဆိုရင်း အားပေးစကားပြောကြားခဲ့သည်။ ဦးကျော်သူမှ အားပေးစကားပြော ကြားရာတွင် “ကျွန်တော့်အနေနဲ့ လောကမှာ ရှက်မိကြောက်မိတဲ့ အကြောင်းအရာ များစွာရှိပါတယ်။ ကျွန်တော်ကအောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ပညာရေးမှာ ဘွဲ့မရခဲ့ပါဘူး။ မသန်စွမ်း ပုဂ္ဂိုလ်တွေ တွေ့ကြုံမြင်တွေ့ရတဲ့အခါ ကျွန်တော်အရမ်းရှက်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အတွေးအခေါ် အယူအဆ အတတ်ပညာပိုင်းမှာ ကျွန်တော့်ထက် အဆများစွာ သာလွန်နေကြတာကို တွေ့ရတဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်” ဟု မောင်မျိုးသန့်ကို အား ပြောကြားခဲ့သည်။ တိုက်ဆိုင်စွာပင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြည်မြို့မှ ရွှေပေါက်ပင်ဆရာတော်ကြီးရောက်ရှိခိုက် ဆရာတော်ကြီးသည်လည်း အားပေးသြဝါဒ မိန့်ကြား၍ မေတ္တာပို့သပေးခဲ့သည်။

    ထို့နောက် ဦးကျော်သူမှ မောင်မျိုးသန့်ကို လမ်းမလျှောက်နိုင်မှီ အသုံးပြုနိုင်ရန် ဝှီးချဲ၊ ချိုင်းထောက်၊ အိမ်သာခွက်ပါထိုင်ခုံ တို့အား လှူဒါန်းပေးခဲ့ပြီး မောင်မျိုးသန့်ကိုမှ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ “အခု လိုကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို အကူအညီပေးခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ အလှူရှင် အပေါင်းတို့ကို အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ ဦးကျော်သူနှင့် အသင်းသားတွေ အားလုံးတို့လည်း အန္တရာယ်ကင်း ဘေးရှင်းပြီး ပရဟိတအလုပ်တွေ တိုးတက်လုပ်ကိုင် ဆောင်ရွက်နိုင်ပါစေ” ဟု ဆုမွန် ကောင်းတောင်းခဲ့ပါသည်။

 ဘဝကို ဘယ်လိုရှေ့ဆက်လျှောက်ဖို့ စိတ်ကူးရှိသလဲဟု မေးမြန်းကြည့်ခဲ့ရာ “ကျွန်တော့်အနေနဲ့ ခြေထောက်တစ်ဖက် မရှိတော့ပေမယ့် မိဘတွေရယ်၊ ဇနီးရယ်၊ ရင်သွေးလေးရယ် အတွက် ဘဝကိုအကောင်းဆုံး ကြိုးစားရပ်တည်သွားမှာပါ။ ကျွန်တော်အရင်တုန်းက ဈေးရောင်းဖူးတယ်၊ ဖိနပ်ချုပ်တဲ့အလုပ်လည်း လုပ်ခဲ့ဖူးတယ်၊ အမျိုးသမီးက မှော်ဘီဈေးမှာ စက်ချုပ်တယ်။ ကျွန်တော် အခုလို ဖြစ်တော့ ပြုစုနေတာနဲ့ သူလည်း စက်မချုပ်နိုင်တော့ဘူး။

အခုလောလောဆယ်မှာတော့ စီးပွားရေးက ရပ်တည်ဖို့ အခက်အခဲရှိတယ်။ ငွေကြေးအဆင်ပြေခဲ့ရင်တော့ ကျွန်တော် ကွမ်းယာဆိုင်လေးဖွင့်ချင်တယ်။ ဖိနပ်ချုပ်တဲ့အလုပ်လည်း လုပ်ချင်တယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ငွေရေးကြေးရေး အခက်အခဲရှိနေတယ်” ဟု ပြောကြားသွားခဲ့သည်။ လက်တလောအခြေအနေတွင် မောင်မျိုးသန့်ကို၏ ဘဝ ပြန်လည်ထူထောင်နိုင်ရန် အတွက် အသေးစားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ငွေကြေးများလိုအပ်နေသည်ကို သိရှိရသည်။ ထို့နောက် မောင်မျိုးသန့်ကိုနှင့် ဇနီး မဆွေဆွေအောင်တို့မှ ဥက္ကဌ ဦးကျော်သူအား ဂါရဝပြု ဦးချသွားခဲ့ပါသည်။ မောင်မျိုးသန့်ကို ကျန်းမာရေးကောင်းမွန်လာပါက ခြေအတုတပ်ဆင်နိုင်ရန်အတွက်လည်း နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ကူညီတပ်ဆင် လှူဒါန်းပေးမည်ဖြစ်သည်။

ထို့နောက် မောင်မျိုးသန့်ကိုအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် နေရပ်နေအိမ် ဆပ်သွားတောကျေးရွာ၊ မှော်ဘီမြို့သို့ ပို့ဆောင်ပေးခဲ့သည်။

    ယခုကဲ့သို့ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် အိမ်အပြန် နောက်ကျခဲ့ရသော မောင်မျိုးသန့်ကို အတွက် လိုအပ်သောငွေကြေးများကို အများပြည်သူကိုယ်စား လှူဒါန်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် အလှူ ရှင်များအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)နည်းတူ ကျေနပ်ပီတိ ဂုဏ်ယူမိလိမ့်မည်ဟု ထင်မိသည်။ ဤမွန်မြတ်လှစွာသော ကုသိုလ်ကောင်းမှုတို့အား သာဓုခေါ်ရင်း အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြသော မိဘ၊ ဇနီး၊ သားသမီး၊ ဆွေမျိုးတို့နှင့် စုံစည်းနိုင်ကြဖို့ ဝိုင်းဝန်းကာကွယ်ပေးရင်း အမျိုးဘာသာ သာသနာ အကျိုးအား ဆထက်တဘိုးတိုး၍ ဆောင်ရွက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

ကမ္ဘာသူ/သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ လိုရာခရီးအား ချောမွေ့စွာ ရောက်ရှိနိုင်ကြပါစေ။

နာရေးကူညီမှုအသင်း (ရန်ကုန်)

"လူမျိုးရေးသုတ်သင်မှု ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို"

$
0
0

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်း ဖက်မှု တွေဟာ ရိုဟင်ဂျာ (ဘင်္ဂလီ) မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုးထိ ရောက်လာနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ငြင်းဆို လိုက်ပါတယ်။
http://www.bbc.co.uk/burmese/burma/2013/10/131024_dassk_bbc.shtml

"လူမျိုးရေးသုတ်သင်မှု ဒေါ်အောင်ဆန်းစုကြည်ငြင်းဆို"

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ(ဘင်္ဂလီ)မွတ်ဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ အခြေအနေမျိုးထိရောက်လာနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပါတယ်။

ဘီဘီစီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ ဗုဒ္ဓဘာသာဝင်တွေလည်း အကြမ်းဖက်တိုက်ခိုက်ခံရတာပဲ၊ နှစ်ဖက်စလုံးမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရတာ မွတ်ဆလင်အများစုဆိုတာကို အသိအမှတ်ပြုလားဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ဖြေကြားရမှာတော့ ဗုဒ္ဓဘာသာဝင် အများအပြားလည်း နိုင်ငံကနေ ထွက်ခွာ ပြေးခဲ့ရတာပါပဲလို့ ဆိုပါတယ်။


BBC

ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း..

$
0
0
ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း 

၂၅.၁ဝ.၂ဝ၁၃ ရက်နေ့ သောကြာနေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် အလုပ်အမှုဆောင်အစည်းအဝေး လုပ်နေစဉ်အတွင်း ဦးကျော်သူထံသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။ အမည်မှာ မဇာလီဝင်းနှင့် မသန္တာဟု သိရှိရပြီး အလုံ သစ်တောဝင်းရှိ မီးကင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး သတိလစ် လဲကျနေသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ခြင်းဖြစ်သည်။ ထိုအခါ ဦးကျော်သူမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဦးစွာအကြောင်းကြားထားပေးရန် ပြန်လည်ဖြေကြားသောအခါ ၄င်းတို့မှ ရပ်ကွက်ရုံးကိုလည်း သွားပြီးပါပြီ ရပ်ကွက်ရုံးမှလည်း ဘယ်သူမှ လိုက်မလာဘူး မိုးတွေကလည်း အရမ်းရွာနေတယ်၊ လူနာကလည်း အညစ်အကြေးတွေ၊ ဆီး၊ ဝမ်းများ မနိုင်၍ ပေကျံနေတယ်၊ လူတွေကလည်း ဝိုင်းအုံနေတယ်။

ဒါ့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်ပါကြောင်း အကူအညီတောင်းခံခဲ့သည်။ ထိုအခါ ဦးကျော်သူမှ လူနာကိုဆေးရုံသို့လိုက်ပါ ပို့ဆောင် ကူညီနိုင်ရန်အတွက် လူတစ်ဦးနှင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦး လိုက်ပါရန် လိုအပ်သဖြင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦးလိုက်မလာပါက ထိုကိစ္စအား နေပြည်တော်ထိ စာတင်မည်ဟု ပြန်ပြောခိုင်း လိုက်သည်။ ထို့နောက် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများမှ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးကျော်သူအား ပြန်လည်၍ တယ်လီဖုန်းဖြင့် မဇာလီဝင်းနှင့် မသန္တာတို့မှ ထပ်မံအကြောင်းကြားလာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ကျ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ဇော်၊ ဦးရဲလင်းမြင့်၊ ဦးမိုးယံကိုနှင့် မလင်းလင်းခိုင်တို့သည် လူနာတင်ယာဉ်ဖြင့် အဆိုပါနေရာသို့ အမြန်ဆုံးထွက်ခွာခဲ့ကြကာ မေ့မျောနေသော လူနာအားဖေးမကူညီ၍ ရန်ကုန်မြို့ရှိ အနောက်ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ ကြပါသည်။ ထိုနေရာမှ မထွက်ခွာမှီ ၄င်းရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးမှ လူနာသယ်ဆောင်ပေးခအတွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များလက်ထဲသို့ ပိုက်ဆံများပေးခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးမှ “ကျွန်တော်တို့အသင်းက အားလုံး အခမဲ့ ကူညီတာပါခင်ဗျာ ငွေကြေးတစ်စုံတစ်ရာ ပေးရန်လုံးဝမလိုပါဘူးခင်ဗျာ” ဟု ပြန်ပြောလိုက်သည့်အခါ အနီးဝန်းကျင်ရှိ လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားနှင့် လူနာတင်ယာဉ်အား ငေးကြည့်ရင်းကျန်ခဲ့ပါတော့သည်။

အနောက်ပိုင်းဆေးရုံကြီးသို့ လူနာတင်ယာဉ်ဝင်ရောက်သွားသည့်အချိန်တွင်လည်း ဆေးရုံမှ ဆရာဝန်/ ဆရာဝန်မကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဝန်ထမ်းအားလုံးတို့မှာ ပြာပြာသလဲဖြင့် လူနာအား ဝိုင်းဝန်းဂရုစိုက် စမ်းသပ်ကာ လိုအပ်သည့် ကုသမှုများကို အချိန်မဆိုင်းဘဲ ဝိုင်းဝန်းကုသပေးကြပါတော့သည်။ လူနာအား စမ်းသပ်ရာတွင် သွေးပေါင်ချိန်သည်အလွန်နည်းကာ အခြေအနေမှာ လုံးဝဆိုးရွားနေပြီး ဆရာဝန်မလေးများ၏ ဆေးသွင်းခြင်းနှင့် လိုအပ်သောကုသမှုများကို စေတနာဖြင့် ဝိုင်းဝန်းကုသပေးမှုကြောင့်လူနာမှာ ချက်ခြင်းပင် မျက်လုံးဖွင့်ကာ စကားပြောနိုင်လာခဲ့သည်။ ထို့နောက် သူနာပြုဆရာမတစ်ဦးမှ လူနာအား နာမည်မေးရာ ၄င်း၏ အမည်မှာ ???? ။ အသက်ဘယ်လောက်ရှိပြီလဲဟုမေးရာတွင် “ကျွန်တော့်ရဲ့အသက်က ….. ဘုရားအသက်” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။

နောင်မှသိရသည်မှာ ထိုသူမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ၏ စေတနာနှင့် အနစ်နာခံပေးဆပ်မှု၊ ရန်ကုန် အနောက်ပိုင်း ဆေးရုံမှ Dr.မေလင်းထွန်းနှင့် ဆရာဝန်/ဆရာဝန်မများ သူနာပြုဆရာမများ၏ လူသားချင်းစာနာမှု၊ ကရုဏာထားမှု၊ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား ပေးခဲ့သောတာဝန်သိပြည်သူနှစ်ဦးဖြစ်သော မဇာလီဝင်းနှင့် မသန္တာ တို့၏ မေတ္တာတရား တို့ကြောင့် အတိတ်မေ့နေသူတစ်ဦး၊ ရာဇဝင်မဲ့နေသော လူနာတစ်ဦး၊ စိတ်ဝေဒနာရှင်တစ်ဦး၊ ဘုရားအသက်နှင့်ဆိုသောသူတစ်ဦးအား သေခြင်းတရားထံမှ မိနစ်ပိုင်းအတွင်းတွင် ကယ်တင်ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် ဘုရားအသက်နှင့်လူကိုယ်စား သက်ဆိုင်သူများအားလုံး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု … သာဓု … သာဓု ဟု ခေါ်ဆိုလိုက်ရပါတော့သည်။

ထို့နောက် အနောက်ပိုင်းဆေးရုံမှ လူနာအားကယ်တင်အပြီးတွင် နောက်ထပ် တယ်လီဖုန်းတစ်ခုထပ်ဝင် လာခဲ့တော့သည်။ လူနာအမည်မှာ ဒေါ်သန်းကြည်ဖြစ်ပြီး ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးမှ လှိုင်သာယာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဖြစ်သဖြင့် တစ်ဆက်တည်းမှာပင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ သည် အနောက်ပိုင်းဆေးရုံမှ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီးရှိရာသို့ ချီတက်ခဲ့ကြ ပါတော့သည်။ လူနာကို တွေ့လျှင်တွေ့ခြင်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတော့သည်။ လူနာမှာ လှိုင်သာယာမြို့ရှိ အခြေခံလူတန်းစား များသာ နေထိုင်သော ရပ်ကွက်တစ်ခုတွင် တဲအိမ်ကလေးဖြင့် နေထိုင်ရပြီး အိမ်သာမရှိသဖြင့် အပေါ့အလေး သွားရန်အတွက် ဝါးကြမ်းခင်းအား အပေါက်ဖောက်ကာ အပေါ့အလေးသွားနေရသည်။

လွန်ခဲ့သော တစ်ပါတ်ခန့်က ညအချိန်မတော် အပေါ့အလေးသွားနေစဉ် ကြမ်းပေါက်မှ ကျွံကျကာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရောဂါအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အပြင် ဝမ်းဗိုက်မှာ ဖောင်းလာသည့်အတွက် ဆရာဝန်မှ ဓါတ်မှန်ရိုက်ရန် ညွှန်ကြားခဲ့သည်။ ဓါတ်မှန်ရိုက်ရန်အတွက် ကုန်ကျငွေကျပ် (လေးသောင်း)အား မတတ်နိုင်သည်ကတစ်ကြောင်း၊ ဆရာဝန်မှလည်း လက်ရှိ ဝယ်ယူထားသော ဆေးများအားဆက်လက် တိုက်ကျွေးရန် ညွှန်ကြားသဖြင့် ဆရာဝန်ကြီးအား ခွင့်တောင်းကာ ဆေးရုံမှ ဆင်းလာခဲ့ခြင်းဖြစ်သည်။ လူနာ၏ အိမ်သို့ရောက်သည့်အချိန်တွင် လူနာအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ခက်ခဲစွာသယ်မ၍ နေအိမ်ပေါ်သို့ တင်ပေးခဲ့ရသည်။

ထို့အပြင် လူနာမှာ အောက်ဆီဂျင် ရှုရန်လိုအပ်သဖြင့် အရေးပေါ် လူနာတင်ယာဉ်ပေါ်မှ အောက်ဆီဂျင်အိုးအား ဖြုတ်ယူကာ လူနာအား ငှားရမ်းပေးခဲ့သည်။ ထို့နောက် လူနာ၏ မိသားစုဝင်များအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ အားပေးစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများအား ထောက်ပံ့ပေးခဲ့သလို ထပ်မံ၍ အကူအညီလိုအပ်ပါကလည်း တောင်းခံနိုင်ရန် ကူညီပေးခဲ့သည်။

ထို့ကြောင့် တစ်နေ့တည်းတွင် အထက်ပါလူနာနှစ်ဦးအား အသက်ကယ်တင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ကူညီနိုင်ခြင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စဉ်ဆက်မပြတ်လှူဒါန်းကြသော အလှူရှင်များ၏ သဒ္ဒါတရား၊ လူနာတင်ယာဉ်များ လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်တရား၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ စေတနာ၊ အကြင်နာ၊ ကရုဏာများ အပြင် သက်ဆိုင်ရာဆေးရုံများမှ ပြည်သူ့ဝန်ကိုထမ်းခဲ့ကြသော ဆရာဝန်/ဆရာဝန်မကြီးများ သူနာပြု ဆရာမကြီးများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးသမားများ၏ စစ်မှန်သော လူမှုရေးစိတ်ဓါတ်များ ကြောင့်သာဖြစ်ပါကြောင်း။

နာရေးကူညီမှုအသင်း(ရန်ကုန်)

2013 Miss International ပြိုင်ပွဲအတွက် ဂုဏ်ရည်အေးကျော်အား Vote ပေးနိုင်ပါပြီ..

$
0
0
2013 Miss International ပြိုင်ပွဲအတွက် ဂုဏ်ရည်အေးကျော်အား Vote ပေးနိုင်ပါပြီ..
https://apps.tradablebits.com/fb/72Gb?option_id=436895

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် 2013 Miss International ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂုဏ်ရည်အေးကျော် အတွက် အွန်လိုင်းမှ Vote ပေးနိုင်ပါပြီ..

သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီးမီးကမြိုင်ဆိုသလို ယနေ့ခေတ် ကာလမှာတော့ နိုင်ငံတကာနဲ့ အညီယှဉ်ဘောင်တန်းပြီး ကမ္ဘာနဲ့ယှဉ်နိုင်တဲ့ မြန်မာအလှမယ်တွေ ဆက်တိုက်ဆိုသလို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်..။

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် 2013 Miss International ပြိုင်ပွဲမှာ 2013 Miss Myanmar International မယ်ဘွဲ့ ရရှိခဲ့တဲ့ မန္တလေးသူ ဂုဏ်ရည်အေးကျော်မှ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဂျပန်နိုင်ငံ အိုကီနာဝါမှာ ပြုလုပ်တဲ့ Miss International ပြိုင်ပွဲမှာ နန်းခင်ဇေယျာမှ People Choice Award နဲ Miss Internet ဆုကိုရရှိခဲ့ပါတယ်..။ ယခုနှစ် ပြိုင်ပွဲဟာ နန်းခင်ဇေယျာ ပြီးရင် ဂုဏ်ရည်အေးကျော်မှ ဒုတိယမြောက် မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

အစဉ်အလာမပြတ် မြန်မာပြည်သူတွေ မူပိုင် Miss Internet ဆုရရှိဖို့ အားပေးကူညီ Vote ပေးကြဖို့ တိုက်တွန်း နှိုးဆော်ရင်း ဒုတိယအကြိမ်မြောက် မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ဒုတိယမှာ ဆုရဆိုတဲ့ ကလေးဘဝ စကားပုံအတိုင်း ဒုတိယအကြိမ်မြောက်မှာ မြန်မာပြည်သူတွေ ငတ်မွတ်နေတဲ့ မြန်မာ့ဂုဏ်ဆောင် Miss International ဆုရရှိပါစေကြောင်း...

https://apps.tradablebits.com/fb/72Gb?option_id=436895 (Vote လင့်ခ်)
https://www.facebook.com/GonyiAyeKyaw (ဂုဏ်ရည်အေးကျော် Fan Page)

ဒီမိုဝေယံ

သံဃာတော်များအား ဆွမ်းဆပ်ကပ် လောင်းလှူပွဲနှင့်အတူ ကျင်းပခဲ့တဲ့ တိုကျိုသီတင်းကျွတ်ပွဲတော်..

$
0
0

ဂျပန်လူမျိုးများမှ မြန်မာဝတ်စုံများ ဝတ်ဆင်ကာ သံဃာတော်များအား ဆွမ်းဆပ်ကပ် လောင်းလှူ ပူဇော်ခဲ့ကြသည်


သံဃာတော်များအား ဆွမ်းဆပ်ကပ် လောင်းလှူပွဲနှင့်အတူ ကျင်းပခဲ့တဲ့ တိုကျိုသီတင်းကျွတ်ပွဲတော်..


ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ သီတင်းကျွတ်ပွဲတော် မြင်ကွင်းများ..

သာယာလှပတဲ့ ရာသီဥတုနဲ့ အေးချမ်းလှတဲ့ ဆောင်းဦးရာသီ အစ မြောက်ပြန်လေ အေးအေးနဲ့အတူ အစဉ်လာမပြတ် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်အား ရှေးဦးစွာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်ပြီး ကျင်းပပြုလုပ်ခဲ့သည်..။

မြန်မာရိုးရာ စားသောက်ဆိုင်ခန်းများနှင့်အတူ မင်္ဂလာဒိုးမှ မြန်မာသံစဉ်များဖြင့် မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော်နိုင်ခဲ့သည်..။

ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် ဂျပန်လူမျိုးများမှ မြန်မာဝတ်စုံများ ဝတ်ဆင်ကာ သံဃာတော်များအား ဆွမ်းဆပ်ကပ် လောင်းလှူ ပူဇော်ခဲ့ကြသည်မှာ ယခုနှစ်အတွက် ကြည်နှူးဖွယ်ရာ ထူးခြားသည့် မြင်ကွင်းများပင် ဖြစ်တော့သည်။

ဒီမိုဝေယံ

အီတလီနိုင်ငံ ပါမာမြို့မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ကြိုတင်ပြင်ဆင်မှု မြင်ကွင်း (ရုပ်သံ)

$
0
0
ယနေ့ အီတလီစံတော်ချိန် ညနေ လေးနာရီက မြန်မာ့ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိလာပါသည်..။
အီတလီနိုင်ငံ ပါမာမြို့မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ကြိုတင်ပြင်ဆင်မှု မြင်ကွင်း (ရုပ်သံ) 

၂၀၀၇ခုနှစ်က အီတလီနိုင်ငံ ကမ္ဘာကျော် ဘောလုံးအသင်းရှိရာ Parma မြို့မှ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား Parma မြို့ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်..။

 အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ အဆိုပါ Parma မြို့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ပြီး ဆုလက်ခံရယူမှာ ဖြစ်ပါတယ်..။ Parmaမြို့တော်ဝန် ကိုယ်တိုင် တက်ရောက် ချီးမြှင့်မယ့် အဆိုပါ ဆုအတွက် ယနေ့ Parmaမြို့မှာ ကြိုဆိုဂုဏ်ပြုဖို့ ကြိုတင် လုပ်ဆောင် ပြင်ဆင်နေကြတဲ့ မြင်ကွင်း ရုပ်သံတွေပါ..။


 ဒီမိုဝေယံ

ပြည်တွင်းပြည်ပ လူမှုရေးကွန်ယက်

$
0
0

ပြည်တွင်းပြည်ပ လူမှုရေးကွန်ယက်
ဒီကနေ့ မှတ်မှတ်ရရ အောက်တိုဘာ (၂၃) ရက်နေ့ပါ။ အောက်တိုဘာ (၂၃) ရက်နေ့ကို သတိတရ ရှိနေကြသူတွေဟာ ဒီကနေ့မှာ ဘဝအတွက် သတိရစရာ၊ အမှတ်ရစရာတွေ ရှိနေတဲ့ သူတွေဘဲ ဖြစ်ပါ လိမ့်မယ်။ ဒီနေ့လေးကို သတိရနေသူတွေထဲမှာ ဝမ်းသာစရာ၊ ပျော်ရွှင်စရာအတိနဲ့ သတိရနေကြသူတွေ ရှိသလို ဝမ်းနည်းပူဆွေးစရာတွေ အပြည့်နဲ့ ပြည့်နှက်နေတဲ့ သူတွေလည်းရှိပါလိမ့်မယ်။

ဘာဘဲဖြစ်ဖြစ် ဝမ်းနည်းပူဆွေး ကြေကွဲမျက်ရည်သန်းနေတဲ့ မိသားစုတစ်စုမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရဲ့ နောက်အပေါက်တွင်ရပ်ထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) တံဆိပ်နှင့် စာတန်းပါ နိဗ္ဗာန်ယာဉ် နဲ့အတူ တစ်နေရာသို့ စူးစိုက်မျှော်ငေးနေကြသည်။ လေဆိပ်ဆိုက်ရောက် (Arrival) အဝင်ဝတွင် နိုင်ငံရပ် ခြားမှ ပြန်လာမည့် မိသားစုဝင်များကြိုဆိုရင်း ပျော်မြူးနေကြသော မိသားစုဝင်များ၏ ခံစားမှုများခြင်းတော့ ကွာခြားနေကြပေမည်။

ဆိုက်ရောက်လာမည့် လေယာဉ်ခြင်းအတူတူ အချိန်ခြင်းအတူတူ ဖြစ်နေပေမယ့် ရောက်ရှိလာပုံခြင်း မတူသည့် မလေးရှားနိုင်ငံမှ သားငယ်အား လာရောက်ကြိုဆိုနေကြသော မိသားစုဝင် များ၏ ကြေကွဲဖွယ်ရာမြင်ကွင်းများ ကိုယ်ချင်းစာမိပါ၏။ သိပ်မကြာမည် ကုန်ပစ္စည်းတင်သော ဆွဲလာသော မော်တော်ယာဉ်ငယ်လေးနဲ့အတူ အခေါင်းသေတ္တာ ရှည်မျောမျောလေးအား မိသားစုဝင်များ မြင်တွေ့ချိန် မှာတော့ ကြိတ်မနိုင် ခဲမရ မြိုသိပ်ခဲ့သမျှတွေ မျက်ရည်တွေအဖြစ်နဲ့ ပွင့်အန်ကျခဲ့ရပါတော့သည်။

၁၅.၁ဝ.၂ဝ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ဆာလာရန်း ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သော မောင်ပိုင်ဖြိုးသူ (ခ) အီကို အသက် (၂၂) နှစ်၏ သက်မဲ့ရုပ်ခန္ဓာအား ကပုန်း (၇) ရက်သားသမီး နာရေး ကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ အကူအညီတောင်းခံမှုကြောင့် ကွယ်လွန်သူ၏ နေရပ် မြန်မာပြည်၊ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ခနောင်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးရန် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ ကွယ်လွန်သူ၏ မိသားစုဝင်နှင့်အတူ ရန်ကုန်လေဆိပ်မှ နေရပ်သို့ သယ်ယူ ပို့ဆောင်ပေးခဲ့သည်။

ထိုနောက် ခနောင်ကျေးရွာသို့ရောက်ရှိခဲ့ပြီး မိသားစုဝင်နှင့် တွေ့ဆုံခဲ့ပြီး အားပေး စကားပြောကြားရင်း မိဘများမှ သားဖြစ်သူ မောင်ပိုင်ဖြိုးသူ၏အကြောင်းအား ပြန်လည်ပြောပြ၍ နား ထောင်ခဲ့ရသည်။ စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှုလေးတစ်ခုအား ခံစားခဲ့ရသည်။ မောင်ပိုင်ဖြိုးသူသည် လွန်ခဲ့ သော (၂) နှစ်တွင် မလေးရှားနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့သည့် နေ့ရက်သည် ယနေ့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော အောက်တိုဘာလ (၂၃) ရက်နေ့ပင် ဖြစ်သည်ဟု သိရှိခဲ့ရ သည်။

မှန်ပါသည်။ လွန်ခဲ့သော (၂) နှစ် ဒီနေ့ဒီအချိန်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ရာတွင် မိခင်နှင့် မိသားစုဝင်များ ဝမ်းသာမျက်ရည် ရစ်ဝဲ၍ ကျန်ခဲ့ရသည်မှာ ဒီကနေ့ (၂) နှစ်ကြာပြီ။ မိခင်နှင့် မိသားစုဝင် များ ဝမ်းနည်းကြေကွဲ မျက်ရည်ဆို့၍ ကြိုဆိုခဲ့ရသည့် သား မောင်ပိုင်ဖြိုးသူ (ခ) အီကို အမိမြေသို့ သက်မဲ့ ခန္ဓာအဖြစ် ပြန်လည်ရောက်ရှိလာသည့် နေ့ရက်သည် ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ဖြစ်သည် ဟု မိခင်မှ ကြေကွဲဝမ်းနည်းစွာဖြင့် ပြန်လည်ပြောပြခဲ့တော့သည်။

ထို့နောက် မိသားစုဝင်များမှ သား မောင် ပိုင်ဖြိုးသူ (ခ) အီကို အားရည်စူး၍ သူ၏လုပ်အားခ ချွေးနည်းစာထဲမှ ၅ဝဝဝဝိ/- (ငါးသောင်းကျပ်) တိတိ အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့သည်။ ကျွန်တော်တို့၏ စိတ်ထဲ၌ ကြေကွဲဝမ်းနည်း စိတ် မကောင်းကြီးစွာဖြင့် ခနောင်ရွာလေးမှ အတွေးကိုယ်စီဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

စိတ်ထဲတွင်လည်း ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ဟာ ဒီမိသားစုလေး၏ ဘဝတွင် ဘယ်သောအခါမှမေ့၍ ရတော့ မည်မဟုတ်ဘဲ နှစ်စဉ်အောက်တိုဘာလ (၂၃) ရက်နေ့ရောက်တိုင်း ဝမ်းသာမျက်ရည်ဝဲခဲ့ရသောအချိန်နှင့် ကြေကွဲဝမ်းနည်းရသောအချိန်နှစ်ခုအား တမ်းတရင်း သတိတရ ရှိနေဦးမည်ဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်ပသို့ ရောက်ရှိနေကြသော အမိမြန်မာနိုင်ငံသားများ သည် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားခဲ့၍ အမိမြန်မာပြည်သို့ သယ်ဆောင်လိုလျှင် အသင်းမှနိဗ္ဗာန်ယာဉ်များဖြင့် လေဆိပ်မှ သက်ဆိုင်ရာဆေးရုံ (သို့) အအေးခန်း (သို့) နေရပ်သို့ ပို့ဆောင် ပေးဆပ်ခဲ့ပြီဖြစ်သည်။

ကွယ်လွန်သူသည် ရပ်ဝေး/ရပ်နီးများအားလည်း ဒေသခံ လူမှုရေး အသင်းအဖွဲ့ များနှင့်ချိတ်ဆက်၍ လက်ဆင့်ကမ်းသယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးလျှက်ရှိသည်။ နောင် တွင်လည်း ဆက်လက်၍ ယခုကဲ့သို့ ပို့ဆောင်ပေးဆပ် ကူညီပေးနေဦးမည် ဖြစ်ပါတော့သည်။
ပြည်သူ/သားအားလုံး ဘေးရန်ကင်းရှင်း ကျန်းမာခြင်းဖြင့် မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ကြပါစေ။

နာရေးကူညီမှုအသင်း(ရန်ကုန်)

ဘယ်အစိုးရတက်တက် မသာဘဲချနေမယ့် ကျော်သူ..

$
0
0
ဘယ်အစိုးရတက်တက် မသာဘဲချနေမယ့် ကျော်သူ

၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျရောက်မည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ၊ ဗြဟ္မစိုရ်နှလုံးသားပိုင်ရှင် ဦးကျော်သူ (၅၄) နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် ပဉ္စဂံ စာအုပ်တိုက်၊ ထွန်းဦးစာပေ (မန္တလေး)တို့မှ ဂုဏ်ပြုထုတ်ဝေသည့် “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ “မင်းကွန်းတိ ပိဋက ရွှေရတုကျောင်းတော်ကြီး” ၏ ရွှေရတုခန်းမ၌ ၂၉.၁ဝ.၂ဝ၁၃ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့သည်။

    ဦးကျော်သူ၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲအား အခမ်းအနားမှူးအဖြစ် Miss Supranational ခင်ဝင့်ဝါနှင့် Miss International ဂုဏ်ရည်အေးကျော်တို့မှ အားဖြည့်ကူညီပေးခဲ့ကြ ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးများဖြစ်ကြသော ဘဘ ဦးတင်ဦးမှ “ကျွန်တော် ကိုကျော်သူ ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်းသာဓုခေါ်ပြီးတော့ ကန်တော့ခဲ့တယ်။

ဗုဒ္ဓဘုရားရှင် လက်ထက်တော် အခါက သာဝကကြီးတွေကတောင် သာမဏေလေးရဲ့ သွန်သင်ဆုံးမမှုတွေ မှန်ကန်တဲ့အတွက် ကန်တော့ ခဲ့ကြရတယ်။ ဒါကြောင့် ကိုကျော်သူကို ကျွန်တော်ကန်တော့တာ ဘာမှမဆန်းဘူး။” ၊ ဘဘ ဦးဝင်းတင်မှ “သိကြတဲ့အတိုင်းပဲ အခုအချိန်ဟာ သမ္မတရောဂါ တတ်နေကြတဲ့အချိန် ဒီအချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် ကိုကျော်သူရဲ့ ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်ထွက်လာတော့ နေပြည်တော်မှာတောင် အတော် လေး ဂယက်ရိုက်သွားတယ်လို့ ကြားမိခဲ့တယ်။” ၊ ဘဘ ဦးမိုးသူမှ “ကျွန်တော်က ရုပ်ရှင်ဒါရိုက်တာ ဆိုပေ မယ့် ဦးထွန်းဝေတို့ မြတ်လေးတို့ ဝင်းဦးတို့နဲ့ ရိုက်လာခဲ့တယ်။

 အနုပညာမှာတော့ ကိုကျော်သူနဲ့ ကိုစိုးသူ တို့နဲ့တော့ တစ်ခါမှ မဆုံဖြစ်သေးဘူး။ ကျွန်တော်နိုင်ငံရေးလောကကို ဝင်လာပြီး နိုင်ငံရေးတာဝန် ထမ်း ဆောင်နေတဲ့အချိန်မှာ ကိုကျော်သူဟာ သူတစ်ပါး လုပ်နိုင်ခဲတဲ့အလုပ်ကို လုပ်နေတာတွေ့ရတော့ ဂုဏ်ယူ မိတယ်။ မောင်မောင် မင်းစာအုပ်ခေါင်းစဉ်ကြီးက ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်ဆိုတော့ အခုချိန်ဟာ သမ္မတရောဂါထနေတဲ့အချိန် မင်းစာအုပ်ထွက်လာတာ နိပ်ရဲ့လားကွာ” ဟုအမှတ်တရ အမှာစကားများ အသီးသီးပြောကြားပေးခဲ့ကြသည်။ ဆက်လက်၍ ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းဂျာနယ် အယ်ဒီတာ ချုပ် ဦးဝင်းငြိမ်းမှ “မောင်မောင်က မောင်နှမသုံးယောက်မှာ နှစ်ယောက်က နိုင်ငံခြားမှာနေတော့ သူက ဒီမှာ တစ်ဦးတည်းသောသားလို ဖြစ်နေတယ်။

အဲတော့ သူလုပ်ချင်တာကို ရအောင်လုပ်လေ့ရှိတယ်။ အခု လည်း သူလုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်သွားခဲ့တယ်။” ၊ Asia Frame Media Group ဒု-ဥက္ကဋ္ဌ ဦးဟိန်းလတ်မှ “တစ်ချို့ကပြောကြတယ်။ ဆီးဂိမ်းပွဲတော် နီးလာတဲ့အချိန်မှာ ဒီစာအုပ်ထုတ်တော့ ရောင်းရ မလားတဲ့။ ဘာမှမဆိုင်ဘူး။ ဆီးဂိမ်းဟာ ဆီးဂိမ်းတန်ဖိုး၊ ကျော်သူဟာ ကျော်သူ့တန်ဖိုးရှိတယ်။ ဒီစာအုပ်ကို ဝေဖန်ရမယ်ဆိုရင် အင်တာဗျူးဆောင်းပါးတွေများနေတယ်။ ကိုကျော်သူဟာ စာရေးအရမ်းကောင်းတဲ့လူ အဲတော့ ဒုတိယခြေလှမ်းအနေနဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတိစာအုပ်ထုတ်ဖို့ တိုက်တွန်းချင်တယ်။” တို့မှ စာအုပ်အပေါ် ထင်မြင်ယူဆချက်များအား ပြောကြားခဲ့သည်။

ထုတ်ဝေသူ ဦးထွန်းဦး (ထွန်းဦးစာပေ - မန္တလေး)မှ “ကျွန်တော် ကိုကျော်သူစာအုပ်ကို ကျွန်တော်သာ ထုတ်ဝေသူဖြစ်ခဲ့ရင်ဆိုတဲ့ သံဓိဋ္ဌာန်ချထားခဲ့ တယ်။ ကိုကျော်သူရဲ့ လုပ်ရပ်ကို ဂုဏ်ပြုသောအားဖြင့် ကိုကျော်သူရဲ့ စာအုပ်ကိုဂုဏ်ယူစွာဖြင့် ထုတ်ဝေ လိုက်ပါတယ်။” ထုတ်ဝေခဲ့ရခြင်းနှင့် ပါတ်သက်၍ ပြောကြားခဲ့ပြီးနောက် ဦးကျော်သူမှ စာအုပ်ဖြစ်တည် လာခြင်းများနှင့် ပါတ်သက်၍ ကျေးဇူးတင်စကားအဖြစ် “ကျွန်တော်လို စာမရေးတက်တဲ့လူကို စကားလုံး တွေ၊ ခံစားချက်တွေ ပေါက်ကွဲထွက်လာအောင် လုပ်ပေးခဲ့တဲ့ ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ စစ် အစိုးရကို ကျေးဇူးတင်ပါတယ်။” ပြောကြားသည်။

စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား၌ စာအုပ်ပေါင်း (၇ဝဝ) အုပ်ကျော်အထိ အရောင်းစံချိန်သစ်တင် ရောင်းချခဲ့ပြီး အမှာစာအုပ်ပေါင်း (၁၅ဝဝ) ကျော်ခဲ့ကြောင်းအား ဦးအောင်သူ (ပဉ္စဂံစာအုပ်တိုက်)ထံမှ သိရှိခဲ့ရသည်။
“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ခဲ့ကြ သော နိုင်ငံရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ/ပန်းပု၊ သတင်းမီဒီယာအဖွဲ့များ၊ ဓါတ်ပုံဆရာများနှင့် နာရေးကူ ညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ အစရှိသည့် နယ်ပယ်အသီးသီးမှ ဧည့်ပရိသတ်ပေါင်းများနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ အားပေးပေးကြသူများတို့အား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတော့သည်။

“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်အား ၁.၁၁.၂ဝ၁၃ ရက်နေ့မှ စတင် ဖြန့်ချီမည်ဖြစ်ပြီး ထွန်းဦးစာပေ (မန္တလေး)၊ ပဉ္စဂံစာအုပ်တိုက် တယ်လီဖုန်း - ဝ၁ ၃၇၇ ဝ၆၁ သို့ တိုက်ရိုက် ဆက်သွယ်၍၄င်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသော အလှူရှင်များအနေဖြင့်လည်း ရုံးချုပ်၌၄င်း အမြို့မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်များ တို့တွင် တစ်အုပ်လျှင် ၆ဝဝဝိ/- (ခြောက်ထောင်ကျပ်) နှုန်းဖြင့် ဝယ်ယူနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

Article 9

$
0
0

မြန်မာပြည်၏ ဝေါ့ဒစ္စနေးရဲ့ နောက်ဆုံးခရီး
(ဆရာကြီး ကာတွန်းအောင်ရှိန် ကောင်းရာသုဂတိလားပါစေ)

၃ဝ.၁ဝ.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁၂း၂ဝ) နာရီအချိန်တွင် မြန်မာပြည်၏ ဝေါ့ဒစ္စနေးဟုတင်စားခြင်းခံရအောင် နာမည်ကြီးကာတွန်းဇာတ်ကောင်များဖြစ်ကြသည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင်၊ သူဌေးကြီးဦးကပ်စီးနဲ့ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ကြာဇံ၊ နမူနာပါဘဲ “ခင်”၊ ဗိုလ်ပုချို၊ တီထွင်မှုပါရဂူဦးဆိတ်ဖြူ၊ ဘဲကောင်း - ဆန်ပြုတ် - အီကြာကွေးအစရှိသည့် ဇာတ်ကောင်များဖန်တီး၍ ကာတွန်းရုပ်ပြတစ်ခေတ်အားဦးဆောင်ခဲ့သူကာတွန်းဆရာကြီးဦးအောင်ရှိန် အသက် (၈၆) နှစ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းသည် မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

၃၁.၁ဝ.၂ဝ၁၃ ရက်နေ့ နံနက် (၁၁း၃ဝ) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆရာကြီး၏သက်မဲ့ရုပ်ခန္ဓာအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမပို့ဆောင်ပေးခဲ့သည်။

ဆရာကြီးသည် နာမည်ကျော်ကာတွန်းဆရာကြီးဦးဘဂျမ်းနှင့် ဦးဟိန်စွန်းတို့၏ ကာတွန်းလက်ရာများတို့အား မြင်ဆရာအဖြစ်လေ့လာဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူကာတွန်းဖေသိန်း၏ အားပေးကူညီမှုဖြင့် မြန်မာ့အလင်းသတင်းစာ၌ ကာတွန်းများရေးဆွဲခဲ့ပြီးနောက်ပိုင်းတွင် ပေါ်ပြူလာကော့မစ်ကာတွန်းလုံးချင်းကိုစတင်ရေးဆွဲခဲ့သည်။ ထိုမှအစပြု၍ ကာတွန်းဇာတ်ကောင်များစွာမွေးဖွားဖန်တီး၍ ရုပ်ပြကာတွန်းစာအုပ် အမြောက်အမြားရေးဆွဲခဲ့သည်။

မြန်မာရုပ်ပြကာတွန်းစာအုပ် လောကတွင် အအောင်မြင်ဆုံးကာတွန်းဆရာကြီးလည်းဖြစ်သည်။ အထင်ရှားဆုံးဖြစ်သည့် ဦးရှံစားနဲ့ ဦးဒိန်းဒေါင် ဇာတ်ကောင်ဖြင့်ရေးဆွဲသော ရုပ်ပြကာတွန်းစာအုပ်များသည် ရုပ်ရှင်၊ ဗီဒီယိုအဖြစ် ရိုက်ကူးအောင်မြင်ခဲ့သည်။


၁.၁၁.၂ဝ၁၃ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မြန်မာ့ကာတွန်းလောကအတွက် အစားထိုးမရနိုင်တော့သူကာတွန်းဆရာကြီးဦးအောင်ရှိန်၏ဈာပနအခမ်းအနားအားနာရေးကူညီမှုအသင်း (ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပေးခဲ့ရာဆရာကြီးအားလေးစားချစ်ခင်ကြသောကာတွန်းရေးဆွဲသူများ၊ ကာတွန်းချစ်သူ၊ ကာတွန်းချစ်ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများနှင့် ဆရာကြီး၏မိသားစုဝင်များတို့ဖြင့် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပခဲ့သည်။

လူသားတို့ လိုလားတောင့်တခြင်းများစွာသော စိတ်ဆန္ဒအားအနိစ္စတရားသည် ကျော်ဖြတ်၍ အနိုင်ယူစမြဲပင်။ ဆရာကြီးရေးဆွဲခဲ့သည့် ပရိသတ်အချစ်တော် သက်ရှိထင်ရှားနာမည်ကျော်ဇာတ်ကောင် ပုံရိပ်များအား နောင်လူနောက်သားများ၊ ကာတွန်းချစ်ပရိသတ်များ၊ ကာတွန်းချစ်သူ၊ ကာတွန်းရေးဆွဲသူများအတွက် “ဒါ .. ကာတွန်းဆရာကြီးဦးအောင်ရှိန်” ၏ ကာတွန်းလက်ရာများအဖြစ် ဂုဏ်ယူဝင့်ကြွား ပြ သနိုင်လောက်သည့် ဖန်တီးမှုများနှင့် ထိုက်တန်သည့် ခံစားမှုမျိုးအားဆရာကြီးမရရှိခဲ့ပါသည်။ အအောင် မြင်ဆုံး ရုပ်စုံ၊ ရုပ်ပြကာတွန်းဆရာကြီးတစ်ဦးဖြစ်ခဲ့ပြီးလက်ရှိအချိန်တွင် တစ်ဦးတည်းကျန်ရစ်ခဲ့သည့် သက်တော်ရှည် ဆရာကြီးကွယ်လွန်မှုကြောင့် ကာတွန်းဆရာများသာမကကာတွန်းချစ်ပရိသတ်များအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့တော့သည်။


(ဆရာကြီးဦးအောင်ရှိန်ရောက်ရာအရပ်တွင် ပြည်သူ့အတွက် ကာတွန်းများဆက်လက်ရေးဆွဲနိုင်ပါစေ။)

နာရေးကူညီမှုအသင်း(ရန်ကုန်)

HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောမည်..

$
0
0

HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောမည်..

မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောခြင်းခရီးစဉ် မိတ်ဆက်ပွဲအခမ်းအနားအား ၂.၁၁.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် ၂ဝဝ၅ ခုနှစ်မှ စတင်၍ HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခု၊ မြို့ပေါင်း (၂၅၅) မြို့သို့စက်ဘီးဖြင့် တကိုယ်တော်ခရီးစဉ်အား ခုခံ အားကျဆင်းမှုရောဂါနှင့် ပက်သက်၍ ကြုံတွေ့ခဲ့ရသည်များကို မိဘပြည်သူများသို့ ရှင်းလင်းပြောကြားခြင်း များ ပြုလုပ်ခဲ့ပြီး ခရီးစဉ်အား ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ စတင်ထွက်ခွာမည်ဖြစ်သည်။

သူ၏အတွေး၊ သူ၏အိမ်မက်များအား အကောင် အထည်ဖော် ဖြစ်မြောက်ရေးအတွက် Srako (စရကို)သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စက်ဘီး ဝယ်ယူနိုင်ရန် အကူအညီတောင်းခံလာခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သည် Srako (စရကို)၏ စိတ် ဓါတ်နှင့် လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်၊ ဇွဲလုံလတို့အား လေးစားဂုဏ်ယူသောအားဖြင့် စက်ဘီးဝယ် ယူရန်အတွက် မိဘပြည်သူတို့လှူဒါန်းထားသော အလှူငွေများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။

ယနေ့ ၂.၁၁.၂ဝ၁၃ ရက်နေ့တွင် Srako (စရကို)မှ သတင်းမီဒီယာများမှတဆင့် မိဘပြည်သူသို့အား ခရီးစဉ်နှင့် ပက်သက်၍ အသိပေး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် နိုဝင်ဘာလ (၂) ရက်နေ့သည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ၏ (၅၄) နှစ်မြောက်မွေးနေ့ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ရှိသော၊ အဓိပ္ပါယ်ရှိသော၊ အတိတ်နမိတ်ကောင်းများနှင့် ပြည့်စုံသော နေ့ရက်လေး ဖြစ်ပါတော့သည်။

အခမ်းအနားအား နေ့လည် (၁းဝဝ) နာရီအချိန်တွင် အစီအစဉ် (၈) ရပ်ဖြင့်ကျင်းပခဲ့သည်။ အခမ်း အနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ Srako (စရကို)နှင့် ၄င်း၏ ဖခင်ဖြစ်သူ ဦးကက်နက်ထွန်းမောင်၊ MPG (Myanmar Positive Group) ဥက္ကဌ ဦးမျိုးသန့်အောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းသူ/သား များဖြင့် စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမှူးအဖြစ် Miss Myanmar မနန်းခင်ဇေယျာမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနား မစတင်မီ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ နည်းပြဆရာ ဦးခင်မောင်လွင် (ပတ္တလား)၊ ဦးဇော်မျိုးအောင် (တယော)၊ တေးသံရှင် ဦးတင်အောင်ကျော်တို့မှ ဦးကျော်သူ၏ (၅၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုပေးခဲ့သည်။

အခမ်း အနားတွင် ဦးကျော်သူမှ Srako (စရကို)၏ ခရီးစဉ်နှင့်ပက်သက်၍ အသင်းမှ ကူညီပံ့ပိုးဖြစ်ပုံနှင့် ခရီးစဉ်မှ မိဘပြည်သူတို့အတွက်ရရှိလာမည့် အသိပညာများနှင့် အဆိုပါခရီးစဉ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နယ်ဒေသများရှိ အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ ခရီးစဉ်အတွင်း လိုအပ်သည့်ပံ့ပိုးမှုများ ကူညီပေး နိုင်ရန် စီစဉ်မှုများအား ရှင်းလင်းပြောကြားခဲ့ရာတွင် “ကျွန်တော် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း မေတ္တာရပ်ခံထားတယ်။ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး၊ ရိုးရိုးဖျားတာဆိုရင် မခေါ်နဲ့၊ အက်ဆီးဒင့် ဖြစ်လို့ မေ့မျောနေတဲ့ အချိန်မှာဆိုရင်တောင် ရောက်တဲ့နေရာမှပဲ ရအောင်ကုပေးပါ။

ကျွန်တော် နောက်ပြန်မဆုတ်ချင်လို့ပါ။” ဟုပြောကြားခဲ့သည်။ ၂.၁၁.၂ဝ၁၃ ရက်နေ့ထုတ် (The Messenger) နေ့စဉ် ထုတ်သတင်းစာတွင်လည်း “ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံတာ မကြုံခဲ့ရဘူး” ဟူသောခေါင်းစဉ်ဖြင့် အခန်း ဆက် အင်တာဗျူးဆောင်းပါးလည်း ပါဝင်လာခဲ့သည်။ အဆိုပါ ဆောင်းပါးထဲတွင် “လူတော်တော်များများ ရဲ့ စိတ်ထဲမှာ ရှိနေကြတာက HIV ရောဂါရှိတဲ့သူကို မိန်းမလိုက်စားလို့၊ မူးယစ်ဆေးသုံးစွဲတာကိုပဲ အာရုံ ထားနေကြတယ်။ ဝေဒနာရှင်ကိုယ်တိုင်ကလည်း လူတွေကို ဖွင့်မပြောရဲဘူး။ အဲဒီတော့ ဘာဖြစ်ကြသလဲ ဆိုတော့ မလိုလားအပ်ဘဲ ကျန်တဲ့သူတွေကိုပါ ကူးစက်သွားနိုင်တယ်” ဟု မိဘပြည်သူများ သတိချပ်စရာ၊ မှတ်သားစရာ စကားစုလေးပါလာခဲ့သည်။

ထို့နောက် Srako (စရကို)၏ဖခင် ဦးကက်နက်ထွန်းမောင်နှင့် MPG ဥက္ကဌ ဦးမျိုးသန့်အောင်၊ ဒေါက်တာရဲဖြိုးကျော်၊ ကိုမျိုး(မြန်မာစာ) တို့မှ အမှတ်တရစကားများ အသီးသီးပြောကြားပေးခဲ့ပြီးနောက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ နိဂုံးချုပ် ကျေးဇူးတင် စကားပြောကြားပေးရာတွင် “မိမိတို့အနေဖြင့် HIV ဝေဒနာခံစားနေရသော ဝေဒနာရှင်များနှင့် (၃) ကြိမ်ဆုံခဲ့ဖူးကြောင်း၊ ပထမတကြိမ်တွင် သုခရိပ်မြုံမှ ဝေဒနာရှင်ကလေးများ ထားရှိရန်အတွက် အိမ်ငှါး ရန် အခက်အခဲကြုံတွေ့စဉ် ကျွန်မသူငယ်ချင်းက သန်လျင်မှသူ့အိမ်ကို မေတ္တာဖြင့် အခမဲ့ ကူညီပေးခဲ့တဲ့ အတွက် သုခရိပ်မြုံဂေဟာကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပထမဦးဆုံး HIV ဝေဒနာရှင် မိဘမဲ့ကလေးငယ် ညီအစ်ကို နှစ်ယောက်ကို ဦးကျော်သူ၏ကိုယ်ပိုင်ကားနဲ့ ပုလဲမြို့သစ်မှခေါ်ဆောင်၍ သန်လျင်နေအိမ် သုခရိပ်မြုံကို ပို့ဆောင်ပေးခဲ့ဖူးတယ်။

ဒုတိယအကြိမ်ကတော့အခုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဖွင့်လှစ် တည်ထောင်ထားတဲ့ HIV ဝေဒနာသည်ဂေဟာကို အစိုးရမှ ဖျက်သိမ်းခိုင်းရာတွင် ဒေါ်အောင်ဆန်းစု ကြည်မှ အကူအညီတောင်းခံလာတဲ့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ ဂီတအနုပညာရှင် များ၊ စာပေပညာရှင်များနှင့် လက်တွဲပြီး ကူညီဖေးမခဲ့ကြတဲ့အတွက် ဖျက်သိမ်းမခံခဲ့ရတော့ဘဲ ယခု Srako (စရကို)၏ ခရီးစဉ်အား တတိယအကြိမ်အဖြစ် ကူညီပေးခွင့်ရတာပါ” ဟု ပြောကြားခဲ့သည်။

အခမ်းအနား မပြီးဆုံးမီ တစ်ကိုယ်တော် စက်ဘီးစီးသမား ဦးအေးကြူ အသက် (၆၅) နှစ်သည်လည်း Srako (စရကို) အတွက် တက်ရောက်၍ အားပေးချီးမြှင့် ဂုဏ်ပြုခဲ့သည်။ အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့် သည်တော်များအား ရေခဲမုန့်များအား ရွှေငါးမောင်မောင်မှ ဒါနပြုခဲ့ပြီး ကော်ဖီ၊ မုန့်တို့အား ဦးကျော်သူမှ မွေးနေ့အလှူအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့တော့သည်။

Srako (စရကို)၏ ခရီးစဉ်သည် အောင်မြင်ချောမွေ့မှုများဖြင့် ခရီးစဉ်ပြီးဆုံးသည်အထိ အောင်မြင် နိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များတို့မှ ဝိုင်းဝန်းကူညီ အားပေး စောင့်ရှောက်ကြပါရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။

(ကမ္ဘာ့ပြည်သူ/သား၊ မြန်မာ့ပြည်သူ/သားများအားလုံး ရောဂါဘေးဆိုး ကပ်အမျိုးမျိုးတို့မှ ကျော်လွှားနိုင်ကြပါစေ)

နာရေးကူညီမှုအသင်း (ရန်ကုန်)

တိုင်တော့တိုင် မှန်တာ မမှန်တာတွေ မပါကြေး...

$
0
0

တိုင်တော့တိုင် မှန်တာ မမှန်တာတွေ မပါကြေး...

ယနေ့ထုတ် သတင်းစာအချို့နဲ့ ဂျာနယ်အချို့မှာ ဒီမိုဝေယံဘလော့ဂ်မှာ ဖော်ပြပါရှိတဲ့
စာနယ်ဇင်းလောကမှ စုန်းပြူးများအား ဖယ်ရှားပေးနိုင်ပါရန် တင်ပြခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးဆန်းဆင့်မှ တိုင်ကြားခဲ့သူ "မီဒီယာလောကသားတစ်ဦး"ဆိုသူအား ရှာဖွေ ဖော်ထုတ်တရားစွဲမည်ဟု ဖော်ပြပါရှိသည်..။

မနေ့က သတင်းစာရှင်းလင်းပွဲသို့လည်း ဒီမိုဝေယံဟု By name ဖြင့် ဖိတ်စာပေးပို့သည်ဟုလည်း သိရသည်။ ဝန်ကြီးအနေဖြင့် မိမိသည် စာနယ်ဇင်းသမား၊ မီဒီယာသမား၊ အသံလွှင့်ဋ္ဌာနမှ သတင်းထောက်တဦးဟု ထင်မြင်၍ ဖိတ်စာပေး ခေါ်ယူသည်ဟု ယူဆမိသည်..။ မိမိဘလော့ဂ် ဖေ့စ်ဘွတ်သည် ထိုမျှလောက် ဖြေရှင်းခေါ်ယူရသည့် အနေအထား အထိရောက်ရှိ နေသလားဟု မိမိကိုယ်တိုင်ပင် မသိဖြစ်မိသည်။

ဒီမိုဝေယံမှ တိုင်ကြားစာများအား အများသူငှာ သိစေရန် တတ်နိုင်သ၍ ဖော်ပြပေးလျှက်ရှိပါသည်...။ မိမိဘလော့ဂ်နှင့် ဖေ့စ်ဘွတ်ခ်သည် သတင်းစာလည်း မဟုတ် ဂျာနယ်လည်းမဟုတ် ဧရာဝတီ၊ ဘီဘီစီ၊ ဗွီအိုအေ၊ RFA ကဲ့သို့ အသံလွှင့် မီဒီယာလည်း မဟုတ်သည့် အတွက် အဆိုပါ တိုင်ကြားစာအား ထိုမျှလောက် ရေးကြီးခွင်ကျယ် ဖြေရှင်းစရာ မဟုတ်ဟု ယူဆမိသည်။ မိမိဘလော့ဂ်နှင့် ဖေ့စ်ဘွတ်ခ်တို့တွင် ဖော်ပြပါရှိသော တိုင်ကြားစာ၊ ပေးစာများအား
ကိုယ်နဲ့ ဆိုင်မှ ဖြေရှင်းမယ် မဆိုင်ရင် အနေသာ ဆိုသလိုတော့ မဖြစ်စေလိုပါ..။

မိမိဘလော့ဂ်မှာ တင်သည့် တိုင်ကြားစာများအား ယခုကဲ့သို့
အရေးတယူရှိသည် ဆိုလျှင် ယခင်၊ ယခင်က ပြည်သူများမှ တိုင်ကြားလာတဲ့ တိုင်ကြားစာများအားလည်း အရေးယူပေးဖို့ တောင်းဆိုအပ်ပေသည်။

ဒီမိုဝေယံသို့ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းလာသည့် ပြည်တွင်းဂျာနယ် တခုအား အင်တာဗျူးဖြေဆိုပြီး ဖြစ်ပါကြောင်းနဲ့ ပြည်သူများ၏ တိုင်ကြားစာများအား အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါကြောင်း။

ဒီမိုဝေယံ


သစ်ချောက်ပင်ကြီးများ ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

$
0
0
သစ်ချောက်ပင်ကြီးများ
ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်တစ်ပင်ကောင်းရင်

ငှက်တစ်သောင်းမှီခို အောင်းနိုင်တယ်တဲ့

ဒါပေမဲ့

မှီအောင်းစရာသစ်ပင်ကရှားပါး

ခိုနားမိတဲ့သစ်ပင်ကျတော့ အရိပ်ကမရ

ကိုင်းကပါကျိုးကျ

ဒုက္ခတွေတော့ရကုန်ကြပြီ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)



မှတ်ချက်။ ကျောင်းမြေရောင်းစားသော အကျင့်ပျက်ကျောင်းထိုင် ဘုန်းကြီးဦးဇောတိကကို သံဃာပိုင်ကျောင်းအား ရောင်းစားပိုင်ခွင့် မရှိကြောင်းကိုငါးထပ်ကြီး ရှိသံဃာတော်များနှင့်တကွ လက်မှတ်ထိုးကာ သံဃာ့မဟာ နာယက ဆရာတော်ကြီးများကို လျှောက်ထား တိုင်ကြားပါသည်။

သို့ပါသော်လည်း အကျင့်ပျက်ကျောင်း ထိုင်ဘုန်းကြီးသည် သံဃာ့မဟာနာယကကို ငွေပေးနိုင်သဖြင့် အရေးယူ ဆောင်ရွက်ခြင်းမပြုပဲ ငွေမပေးနိုင်တဲ့ သူငယ်ချင်းဖြစ်သူ တိုက်အုပ်စာချဆရာတော် ဦးဃောသိက ( သာသနဓဇဓမ္မာစရိယ၊ ဓမ္မကထိက)အား သံဃာ့မဟနဆရာတော်များသည် အမိန့်ဖြင့် မောင်းထုတ်ပါသဖြင့် သီတင်းကျွတ်လပြည့် ကျော်(၁) ရက်နေ့က ယခုသီတင်းသုံးနေထိုင်ရာ ငါးထပ်ကြီး၊ လိပ်ပြာကန်တိုက်၊ အလယ်တိုက်ကြီးကျောင်းမှ ထွက်ပေးခဲ့ရသည်ကို သူငယ်ချင်း ဖြစ်သူအတွက် စပ်ဆိုထားသော ကဗျာဖြစ်ပါသည်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ပေးပို့သည်..။

ကလေးပြုစုရေး (၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

$
0
0
ကလေးပြုစုပျိုးထောင်ရေး  ပညာရပ် (အပိုင်း ၂)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ကလေးတွေကို  မနက်ခင်း မိဘတွေလာအပ်ချိန်ဟာ  အရေးကြီးပါတယ်။
တချို့ ကလေးတွေက  မနက်ခင်းမှာငိုလိုက်တာ  တခါတရံ တမနက်လုံး ငိုနေတတ်ပါတယ်။  ကလေးတစ်ယောက်ငိုနေလျှင်ကျန်ဆရာမတွေ အလုပ်ပိုရပါတယ်။  အဆင်မသင့်လို့   တအားလွန်လွန်မင်းမင်း ငိုနေလျှင် မိဘကို ဖုံးဆက်ခေါ်ရပါတယ်။  မိဘကလဲ  တချိန်လုံး  ဖုံးဆက်မေးနေတတ်ပါတယ်။  ဖုံးဆက်မေးလျှင်  လိမ်ပြောခွင့်လုံးဝမရှိပါ။

တချို့ မိဘက ပိုသေးတယ်။  သူသမီိးမငိုဘူးပြောတာကို  ကလေးကို နာမည်ခေါ်ကြည့်ပါ  လုပ်လာရင်ပြသနာ။ ကလေးကငိုနေတုံး။ သူကလဲ သူ့ ကလေးက နာမည်ခေါ်ရင်  ရီတတ်တယ်  ထူးတတ်တယ် ဆိုပြီးအသံနဲ့  စစ်ဆေးတတ်သူက ရှိသေးတယ်။ Check လုပ်တတ်သူဆို သတိထားရတယ်။

ကြွားတယ်မပြောကြပါနဲ့ ဦး။  ကလေး ၁ဝ-ယောက်လာရင်  ၃ ယောက်လောက်က သူဟာသူနေတယ်။  ၇-ယောက်လောက်က  ဆရာမတွေ ချီချော့ခေါ်ယူရတယ်။  အဲဒီထဲက ၆ ယောက်က ကျနော်ချီမှရတယ်။ တချို့က အမေ ဆီကနေ ခုန်ကူးလာတဲ့အထိ ခင်မင်ကြပါတယ်။

ကလေးတွေကိုဆူတတ်သူ    ငေါက်တတ်သူ  စိတ်တိုတတ်သူဆို  ကလေးက  မှတ်ထားပါတယ်။    အဲဒီလိုလူမျိုးနဲ့သာဆို  ကလေးကမိဘဆီက  ချော့ခေါ်လို့ ကိုမရတော့ပါ။

 အဲဒီမှာ  ဆိုးတဲ့ကလေးတွေ ပါတတ်တယ်။  သူတို့ ကို နားလည်အောင် ချော့ပြောဖို့ ကလဲငယ်သေး။ ဥပမာ  ကလေးတစ်ယောက်ကို ကိုက်တယ်။  ကလေးကကိုက်ပြီးရင်  သူဘာလုပ်မိတယ်  သိပ်မသိဘူး။ တခါတလေကိုက်တာက  စိတ်မဆိုးဘဲ သာသာလေး ကိုက်တတ်တာကရှိသေး။  တချို့ က  သူပါးစပ်ရှေ့ ရောက်လာတာအကုန်ကိုက်တတ်တယ်။  လူကြီးလက်မောင်းသူ့ ရှေ့ ရောက်လာတာနဲ့  လှမ်းကိုက်တတ်သူကလဲရှိတယ်။

တဖြေးဖြေးချော့ပြောယူရတယ်။  ကျနော်ကချော့မော့ပြောတဲ့သူ။  ဆရာမတွေက  ဆူငေါက်စေချင်တယ်။  ကျနော် ဘယ်တော့မှမငေါက်ဘူး။  ဘာသွားတွေ့ သလဲဆိုတော့  အဲဒီခပ်ဆိုးဆိုးလေးတွေက  ကျနော်က ပြောရင်နားထောင်တယ်။  ဆရာမတွေပြောရင်  ငြင်းဆန်တယ်။  ပိုရွဲ့ ပြတယ်။

ကလေးနှစ်ဦးဆိုလျှင်    အိမ်မှာလဲဆိုးနေတယ်။  အိမ်မှာ  နားမထောင်တဲ့အခါ  အဖေက  အမေဆီကို  ဖုံးနဲ့ မက်ဆေ့ရိုက်လိုက်တယ်။  မက်ဆေ့အသံရတာနဲ့  အမေကဖုံးကိုင်ပြီး   ဘီလီ(ဆရာလှိုင်မြင့်)ဆီက မက်ဆေ့လာတယ်။ မင်းလိမ္မာရဲ့ လားမေးနေပြီ။  ငါလိမ္မာတယ်ဖြေလိုက်မယ် ဆိုတာလုပ်ရတယ်။  အိပ်ချိန်ဆို်  ဘီလ်ီဆီက  မက်ဆေ့လာတယ်   ဘီလီက   အားလုံးမျက်စေ့ပိတ်တဲ့   ပြောရင်သူနားထောင်ပြီ ။  အားလုံးအံ့သြကြရပါတယ်။   ပညာတစ်ခုတိုးခဲ့ပါတယ်။

အဲဒါကိုကျောင်းအုပ်နဲ့  တခြားဆရာမတွေကို  ပြောပြတတ်တယ်။  ပြောလိုတာကတော့  ကလေးတွေကို  နားလည်မှုပေးလျှင်သူတို့ က  အဲဒီလူရဲ့ စကားကို  ပိုပြီးနားထောင်တတ်ကြပါတယ် ။ ကလေးကိုရိုက်တာနဲ့   ရလဒ်က  တခြားဆီပါ။  နောက်တော့  အဲဒီခပ်ဆိုးဆိုးလေးနှစ်ယောက် လိမ္မာလာပါတယ်။

အဲဒီဆိုးတဲ့ကလေးတွေရဲ့ အကျောကိုလေ့လာရတယ်။  တချို့ ကလေးက  တီဗွီထဲက  Spider Man   Super man, စတာတွေကြိုက်တတ်တယ်။  တချို့ ကအငိုသန်တယ်။  မိဘကလာအပ်ရင်  ကျနော်က  ကျောင်းဘေးက  မိုးမြင့်တိုက်ကြီးတွေကို  ကြည့်နေတယ်။  အမေဖြစ်သူကမေးတယ်။  တမင်လုပ်နေတာကို  အမေကသိတယ်။    ဘီလီ-ဘာကြည့်နေတာလဲ။    ဟာ  မနက်အစောကြီးတုံးက  Spidermen ဒီတိုက်ပေါ်ကစောက်ထိုးဆင်းလာတာ  ခြေရာတွေကျန်သေးတယ်ပေါ့။  ဟိုကောင် ကျနော့်ဆီခုန်ကူးလာပြီ။  အမေက  လစ်ပြီ။

တချို့ ကလေးက  အလုပ်ကူလုပ်ချင်သူဆိုရင်  ငါကွာ  လေမှုတ်စက်ပျက်သွားလို့   မင်းမငိုနဲ့ ။  ငါမင်းအကူအညီလိုနေတယ်။  လာစက်ထားတဲ့ အခန်းသွားပြီးစက်ကို ဖွင့်ကြည့်ရအောင်ပေါ့။  အမေကလစ်ပြီ။

ကျောင်းရဲ့ ပေါ်လစီ (မူဝါဒ) က  မိဘတွေဟာ  ကလေးတွေကို နုတ်ဆက်ပြီးမှ  ပြန်ရတာ။  တချို့ ကလေးက  နုတ်ဆက်ဖို့  မဖြစ်နိင်တော့ ၊ မရတော့  မူဝါဒကိုလဲ ဘေးချိတ်တန် ချိတ်ရတာပါဘဲ။

ကလေးတွေကို  အော်မှ  ငေါက်မှအဟုတ်ထင်နေသူတွေ  စမ်းကြည့်ကြပါ။  ကြီးလာလျှင်လည်း  သူတို့ ဘဝကို  လေးလေးနက်နက် တွေးထားသူလို့ သူတို့ ကမြင်ထားလျှင်  စကားလေး  ဆယ်မိနစ်  ဆယ့်ငါးမိနစ်ပြောဆို  သွန်သင်လိုက်တာနဲ့   ဂ-ကွေ့ ပြုပြင်တတ်ကြပါတယ်။   သူတို့ ကိုအော်ငေါက်ကြိမ်းမောင်းထားလျှင်  တော်ရုံနားမထောင်ချင်ကြပါဘူး။  သတိထားကြည့်ကြပါ။  ပြောလေ  ပိုဆိုးလေးဖြစ်တတ်တယ်။

ဒီကိစ္စက  အမျိုးတွေ  မိတ်ဆွေမိသားစုတွေကြားမှာ  သူတို့ သားသမီးတွေကို ပြောဆိုမရလျှင် ကျနော်ကို ပြောခိုင်းတတ်ကြတာ မကြာခဏပါ ။  ဥပမာ  ကျနော့်အမ  ညီမ ဆရာဝန်တွေဘဲ။ သားသမီးတွေကလဲ ပညာတတ်တွေ။  တချို့ ကိစ္စလေးတွေမှာမိဘပြောလျှင်  နားမထောင်ကြဘူး။  ဒီတော့  ကိုကို (ကျနော်ကို  တမျိုးလုံးက ကိုကို  ဟုဘဲခေါ်ပါသည်)။  ကိုကိုပြောပေးပါဦး။  ကျနော်ပြောလိုက်တော့လဲ  ဂ -ငယ်ကွေ့ ပြင်သွားကြတယ်။ တလောက စင်ကာပူဝင်ရင်း တူတွေနဲ့ ဆုံပြီး  မင်းတို့ ကွာ မင်းတို့ မိဘတွေက အရာရှိကြီးတွေ  ပြောတာနားမထောင်ကြဘူး။  ငါပြောတော့ လဲနားထောင်တယ်ဆိုတော့  တူတစ်ယောက်က  ပါပါကြီးပြောတာက  နာခံသာတယ်တဲ့။

တူတစ်ယောက်က  အရွှမ်းဖေါက်တတ်တယ်။  ပါပါကြီး  ပါပါကြီးဒေါ်လာလိုရင်  သားကိုပြော  သားနဲနဲဆိုးပေးလိုက်ရင်  မေမေက  ပါပါကြီးပါးကိုနမ်းပြီး  အင်္ကျီင်္အိပ်ထဲ ဒေါ်လာ ၁၅ဝ - ၂ဝဝ ထဲ့ပေးတတ်တာ   ကျနော်သိတာပေါ့ ။  လူငယ်တွေသူတို့  ခံစားချက်  ဘဝကိုနားလည်ဖို့ အရင်ကြိုးစားမှသာ  ကိုယ်ဖြစ်စေလိုတာ ဖြစ်လာပါမည်။

 ကျနော့်ကျောင်းမှာ ကလေးတွေကို  မနက် ၈.၃ဝ မှာ ပုံပြင်တိုတိုလေး ဖတ်ပြရပါတယ်။  ကလေးစာအုပ်က  တမျက်နှာလုံး  အရောင်ကွဲပြားတဲ့  ပုံကြီးတွေနဲ့ စာအုပ်။  သိုးကလေးအကြောင်းဆို သိုးသံလေးလုပ်ပြရတယ်။  အဲဒီအချိန်မှာ  မာမီ   ဒယ်ဒီဆိုတဲ့  စာသားပါလာရင်  မပြောရပါဘူး။  တချို့ ကလေးက  မာမီဆိုတာကြားလိုက်တာနဲ့  ထငိုတတ်တာကရှိသေး ။  မာသားလို့ ပြော်ရတယ်။

စာဖတ်စဉ် သိုးလေးအကြောင်းဖတ်လျင်  သိုးအသံလေးတွေ  ကိုယ်ကလဲလုပ်ပြ  သူတို့ ကိုလဲ  ဆိုခိုင်းပေါ့။  ၅-မိနစ်  ၁ဝ- မိနစ်လောက်ဘဲ ဖတ်ရပါတယ်။  ပြီးအရုပ်လေးတွေ  ထုတ်ပြ  ဇါတ်လမ်းလေးတွေလုပ်  သီချင်းလေးတွေဆိုပြ ။  ဒါလဲ  ၅ / ၁ဝ မိနစ်ထက်မပိုရပါဘူး။

ပြီးသီချင်းလေးတွေဆိုပေးပါတယ်။  သူတို့ ဆိုတတ်တာ  ကြိုက်တတ်တာလေးတွေ  ဆိုပြီး  တစ်ဦးချင်းနာမည်ခေါ်   လက်ဆေးသင်ပေးရပါတယ်။  လက်ဆေးပြီးရင်  နံနက်စာကျွေးရပါတယ်။  ကျနော်တို့ ကျောင်းမှာတော့  နွားနို့နဲ့ ပေါင်မုန့်ကို  ယို   သို့မဟုတ် Vegemite  ဆိုတဲ့  အော်ဇီအစာပါ။  အသီးအရွက်ကနေ ထုတ်ထားတဲ့ ငံသောအနစ်ပါ  ညိုညိုပါ။  ပုန်းရည်ကြီးငံငံ သဘောပါဘဲ ။  ကလေးတွေကကြိုက်တတ်ကြတယ်။  သူတို့ ဟာသူတို့ စားကြတာများပါတယ်။  ပြီးလျှင်  ပန်းသီး  လမ္မော်သီး  သခွားသီး  ခရမ်းချဉ်းသီးတွေ ဆက်ကျွေးပါတယ်။

Cheese ကတော့  တော်တော်လေးကျွေးပါတယ်။  ဆရာ  ဆရာမတွေကလဲ  ကလေးတွေနဲ့ အတူ  ထိုင်စားပြရပါတယ်။  ကျနော်မှာက  တစ်ဒုက္ခ။  သူတို့ အစာတွေတစ်ခုကိုမှ  ကျနော်မစားတတ်ပါ။  တဲ့လဲမတဲ့ဘူး။  ပန်းသီး သခွားသီးလောက်ဘဲ  စားပြရပါတယ်။

ပြီးကလေးတွေကို  ကစားကွင်းထဲခေါ်ထုတ်ရတယ်။  သူတို့ ဆီမှာ  သဲကစားကွင်း sand pit ကတော့ မပါလို့ မရဘူး။  လေးဘက်သွားစကလေးကနေ  ပြေးလွှားနိုင်သူအထိ  သဲကွင်းကိုမက်ကြတယ်။  သဲကိုနဲနဲလေး စိုအောင်လုပ်ထားပြီး   sand castle,  sand moulding အရုပ်ပုံလေးတွေလောင်း ပြရပါတယ်။   ထမင်းချက်တမ်းကစား။  ကျနော်တို့ ကိုယ်တိုင်ကလေးတွေ  ပုံစံနဲ့ ဝင်ကစားရပါတယ်။  ထိုင်ကြည့်နေရုံမရဘူး။

သူတို့ နဲ့  သူငယ်ချင်းပုံစံ အတူကစားနေရပါတယ်။  ဘောလုံးပုတ်တမ်း   ပြေးတမ်းလိုက်တမ်း   တူ့ တူပုန်းတမ်း။  တူရိယာတွေရှိတယ်   တီးခတ် မှုတ် သီချင်းဆို  အတူတူလုပ်နေရပါတယ်။
ပန်းချီဆွဲတာ  play dough ဂျုံမှုန့် နဲ့ လုပ်ထားတဲ့  ရွှံ့ သဘော အရုပ်လုပ်တမ်းကစားတာ အစုံလုပ်ပြကြရပါတယ်။

အဲဒီမှာ   ကလေးဗဟိုပြု ပညာရေးကစတယ်။  ကျနော်တို့ ဆီမှာ  ကစားစရာတွေကို  သီတင်းတပတ်လောက်  ထုတ်ပေးတယ်။  အဲဒါလဲနေ့တိုင်း မထပ်စေရဘူး။  တပတ်ပြည့်လျှင်  အဲဒီကစားစရာ  အစုကို  တစ်လ၊ နှစ်လ လောက်  ထုပ်ပိုးသိမ်းထားလိုက်ပြီ။  နောက်တစ်ကြိမ်ထပ်ထုတ်ပေးတော့   သူတို့ အတွက်  အသစ်လိုဖြစ်နေတော့ စိတ်ဝင်စားမှုပိုကောင်းတယ်။

ကလေးဗဟိုပြုဆိုတာ  အဲဒီတပတ်စာထဲက  သူတို့ ကြိုက်တာကို  သေသေချာချာကြည့်ထားပြီး  မှတ်တမ်းရေးထား နောက်နေ့ အတွက်  စီမံချက်ကြိုရေးထား ကိုထုတ်ပေးရတာ။ မိုက်ကယ် က ဘယ်လိုကစားနည်းကို စိတ်ဝင်စားတယ်။  ဂျူလီယာ က ဘယ်အရုပ်ကိုမှ ဘယ်လိုကစားတယ်။  နောက်နေ့ မှာ အဲဒီအရုပ်ကို အဝတ်အစား ဝတ်ပေးတဲ့အထိ  တိုးတက်လုပ်လာအောင်  ဘယ်လိုစီမံထားမယ်။  စီမံချက်ရေး  ရေးထားတဲ့အတိုင်း ထုတ်ပေးရတာကို  ကလေးဗဟိုပြုပညာရေးပါဘဲ။

အဲဒီလို  ကလေးဗဟိုပြုပညာရေးစီမံချက်က ကျနော်တို့ဆီမှာ  အသက် ၂ -စ်အောက်ကလေးတွေဆိုလျင်  ကလေး ၄ -ယောက်ကို ဆရာမ တစ်ယောက်အချိုး ထားရှိပါတယ်။  အသက် ၂ -နစ်နင့် ၄ နစ်ကြားကို  ကလေး ၈ -ယောက်ကိုဆရာမ တစ်ယောက်။  အသက် ၄ နင့် ၆ ကြားကို ကလေး ၁ဝ ယောက်ကို ဆရာမ တစ်ယောက်နုံး သတ်မှတ်ထားပါတယ် ။

အကြီးတန်းကျတော့  သူတို ကြိုက်တာ ရွေးခိုင်းပြီး  ချပေးတာ။  မူကြိုတန်းကျတော့ သူတို့ ဘာသာ ကစားချင်ဆာကို ဆရာမကိုတင်ပြပြီး ကိုယ်တိုင်ရွေးထုတ် ကစားရပါတယ်။ ပြီး တစ်ခုကိုသိမ်းပြီမှ နောက်တစ်ခုကိုထုတ်ရပါတယ်။  ကစားပြီးရင်နေရာတကျပြန်သိမ်း။  နေရာတကျသိမ်းပြီးမှ  နောက်တစ်ခု  ပြန်ယူလို့ ရတယ် ။   ကစားစရာကို  သူ့ သတ်မှတ်နေရာမှာဘဲ  ကစားခွင့်ပေးထားတယ်။

ဥပမာ  ရထားတွဲကစားလျှင်  တစ်နေရာ။   ထမင်း  ဟင်းချက်လျှင်  တစ်နေရာ။

 ၁၁.၃ဝ  ထိုးတာနဲ့  နေ့ လည်စာကျွေးပါတယ်။  မကျွေးခင် ၁၅-မိနစ်ခန့်   ပုံပြင်ဖတ်ပြ သီချင်းဆိုပြရပါတယ်။ အဲဒီအချိန်မှာ  ဘယ်ကလေးက   ပုံပြင်ကို  ပြီးတဲ့အချိန်အထိ  နားစိုက်ထောင်တယ်။  ဘယ်သူက  တဝက်နဲ့  မငြိမ်တော့ဘူးတွေ  မှတ်ရပါတယ်။
ပြီးနေ့ လည်စာကျွေးပါတယ်။

နေ့ လည်စာကျွေးပြီးရင်  နေ့ ခင်းအိပ်ချိန်  သိပ်ရပါတယ်။  အဲဒီမှာ  ကလေးအကျောမသိရင်  အကြာကြီးပုတ်သိပ်နေလဲ  မအိပ်သူက  မအိပ်ဘူး ။  ကလေး အကျောသိအောင် ကြည့်ထားရင်  ခနလေးနဲ့ အိပ်ပါတယ်။   ဆရာမတွေ  သိပ်လို့ မရသူတွေကို  ကျနော်သိပ်ပေးလျင် ၂ မိနစ်လောက်  ၅ မိနစ်ဆိုအိပ်ပြီ။  အဲဒီလိုအိပ်ချိန်ကျတော့  ဆရာမတွေ  အကွန် မတက်ရဲဘူး။  ကလေးအကျောဘယ်လို ကြည့်ရမယ်ဆိုတာ  ကျနော် သိတာ မမျှခဲ့ဘူး။  မျှလဲ နားထောင်မှာမဟုတ်ဘူး။  ဘဝင်တွေ။

ဆူတတ်ငေါက်တတ်  စိတ်တိုတတ်သူဆို  တချို့ ကလေးက  မယုံစားတော့  တော်တော်နဲ့ မအိပ်ဘူး။  တချို့ ဆို လုံးဝမအိပ်တာ။  ကျနော်က  ဘေးကပ်ထိုင်လိုက်တာနဲ့   သူ့ ဟာသူအိပ်သွားကြတာ။  သူတို့ သိပ်လို့ အိပ်လျှင်တောင်  ခနနေ  နိုးတော့တာ။

စိတ်မချစိတ်   မလုံခြုံတဲ့စိတ်က  ကလေးဘဝတွေမှာကို ရှိနေပြီ။  တချို့ ဆို  အိမ်မှာလဲနေ့ ခင်းဘက်  မအိပ်ဘူး။  မိဘသိပ်လဲမအိပ်ဘူး။  တခြားဘယ်သူသိပ်သိပ်မအိပ်ဘူး။  ကျနော်ဘေးက  အသာလေးထိုင်ပေးတာနဲ့  အိပ်တယ်။  ကျနော့်ကိုသူတို့ ရဲ့ သူငယ်ချင်းအဖြစ်မြင်ထားတာလေ။  သူတို့ ကိုငေါက်ထားဖူးတာ  ရှိလျင်  မအိပ်တော့ဘူး။  အိပ်နေချိန်သူတို့ ကိုထားခဲ့ပြီး  အပြင်ထွက်သွားဖူးတာမျိုးလဲ  စိတ်ကရှိနေတတ်တယ်။

တစ်ခါမှာတော့   တရုတ်မလေး။  ရှစ်လအရွယ်လာအပ်တယ်။  အမေကကျောင်းမှာ တလလောက် အတူတူ နေနေတယ်။  နေ့ လယ်ကလေးသိပ်ခါးနီးတိုင်း ပြန်ခေါ်သွားတယ်။  တလလောက်နေတော့  တစ်နေကုန်အပ်ထားခဲ့ပြီ။  ကလေးက  ကျနော့်ကိုကပ်တော့   သူတို့ ကလဲသိနေတော့  ကျနော့်တာဝန်ပေါ့ ။ အိပ်ချိန်ကျတော့  လူပေါ်ဘဲအိပ်တာ။  ချတာနဲ့ နိုးပြီ။  ဒီတော့ အိပ်တာနဲ့  ကုတင်ပေါ်တင်  လက်ဖဝါးနစ်ဖက်နဲ့   ကျောနဲ့ ရင်ကို သာသာလေးညှပ်ဖိပေးထားပြီး  တဖြေးဖြေးချင်း အသာ လွှတ်ပေးထားတော့  အိပ်သွားတယ်။  သိလိုက်ပြီ။  ဒါနဲ့  ဗွီဒီယို  နင့် ဓါတ်ပုံရိုက်ထားလိုက်တယ်။

  ခနနေတော့ အမေက ဖုံးဆက်လာတယ်။  သူ့ သမီးအိပ်ပြီလားပေါ့ ။  အိပ်ပြီ ။  ဘယ်မှာသိပ်လဲ။ ကုတင်ပေါ်မှာဆိုတော့  ရှင်   တကယ်လားပေါ့ ။  ချက်ချင်းပြေးချလာတယ် ။  ပြီးမှ  သူသမီးကမွေးကထည်းက   လူကြီးပေါ်မှာဘဲ အိပ်တာ ။ ဒါ ပထမဦးဆုံးအကြိမ် ကုတင်ပေါ်အိပ်တာပါပေါ့ ၊    မယုံနိုင်ဖြစ်နေရှာတယ်။  ကလေးရဲ့ အမေကို  ဘယ်လိုသိပ်ရတယ် ရှင်းပြရတာပေါ့။  ကျေးဇူးတင်လွန်းလို့   မျက်ရည်တောင်ကျရှာတယ်။  ပျော်လဲပျော်သွားရှာတယ်  ကျေနပ်သွားတယ ။

ဘာပြောကောင်းမလဲ  သူစကားဖြန့် တာနဲ့  နောက်ထပ်  တရုတ်ကောင်လေးတစ်ယောက်  ထပ်ရောက်လာပါသေးတယ်။  ဒီပုံစံပါဘဲ။  အော်မိဘမေတ္တာ  တယ်ကြီးမားရှာတာပါဘဲ ။

နောက်တခုကတော့  မနာလိုစိတ်  Jealousy စိတ်။  အဲဒါကအိမ်မှာ  အငယ်ရှိလာပြီးသူ့ ကိုအလေးမထားတော့လျှင်  စိတ်ခံစားလာတတ်တာ။   အဲဒါကိုတော့  အငယ်လေးကို  သူများက  ယူသွားမယ်  မင်းစောင့်ပေး။  မင်းမရှိရင်  အငယ်လေးကငိုတယ်။   တခါတလေ သူ့ ကိုနို့ တိုက်ခိုင်းတာမျိုး။  အဲဒီလိုပြုပြင်ယူရတယ်။

ဒီကလေးအငယ်ရှိလာလို့ သူ့ ကိုဂရုမစိုက်တာအတွက် စိတ်ဓါတ်ကျတဲ့ သဘောဆန်ဆန်ဖြစ်တာကို  ပေါ့ပေါ့ထားလို့ မရဘူး။
သူငယ်ချင်းအချင်းချင်းလဲ  မနာလိုတတ်တာရှိရင်  ကုပ်တာဖဲ့တာ  ကိုက်တာလုပ်တတ်တယ်။  အဲဒါမျိုးကတော့ အကောင်းဆုံးက  ပြေးတမ်းလို်က်တမ်းအတူတူ ကစားပေးရင်  ဘော်ဒါလိုပြန်ရင်းနှီးသွားပါတယ်။  ကိုက်တတ်သူကို  ဒီနည်းက   ကိုက်တတ်တဲ့အကျင့်ကို  မြန်မြန်ပျောက်စေပါတယ်။  ဒီကိုက်တတ်သူက  သူရဲကောင်းပုံစံနဲ့   သူကလိုက်သူကို  ရင်ဆိုင်ရဲတယ်။  ဆရာကြီးလုပ်တတ်ပြီး  ကိုက်တတ်တာလေး မေ့သွားတတ်တယ် ။

ဒီဆိုးတဲ့  စွာတဲ့ကလေးတွေကလဲ  ကျနော့်ကိုပိုခင်တွယ်  ပိုကပ်တယ်။   ကိုက်လိုက်ပြီဆို  ကျနော်မှာ  အစီရင်စာခံဖေါင်  ဖြည့်ရပြန်ပြီ။  ညနေမိဘကိုလက်မှတ်ထိုးခိုင်း   ကျေနပ်အောင်ပြောရ  တာဝန်ပိုတယ် ။  ဆရာမတွေက  ဘီလီ  မင်းကောင်  ကိုက်ပြန်ပြီ။  ကုတ်လို်က်ပြန်ပြီ။  ကျနော်ကလဲ  ကျနော်ကောင်မဟုတ်ဘူး။  အားလုံးရဲ့ ကလေးပါပေါ့။

အတန်းနဲနဲကြီးလာချိန်မှာ  အဲဒီကိုက်တတ်သူတွေကို  မိန်းခလေးတွေက  ပိုခင်တွယ်တတ်ကြတယ်။  သူတို့က  ယောက်ျားစိတ်ပိုရှိတဲ့ပုံ။  ဝိုင်းဝိုင်းလည် ။ သတ္တိလဲပိုရှိတတ်ကြတယ်။
နောက်တခုကတော့  ကျောင်းသင်ရိုးညွှန်းတမ်းမှာ  ကလေးငိုသံအမျိုးမျိုးကိုနားလည်ဖို့  သင်ပေးတယ်။  နို့ ဆာရင်ဘယ်လိုအသံ  သေးစိုနေရင်ဘယ်လိုအသံ။  စိတ်တိုလျှင် ဘယ်လိုအသံပေါ့။   တခါသင်ထားဘူးရင်  သိလာတယ်။

အဲဒီမှာ  မသင်ထားတဲ့အသံတွေကို  ကျနော်ကသတိထားမိလာတာရှိတယ်။  ကလေးတစ်ယောက်က  စငိုစမှာကို  အသံကိုဖြဲငိုတတ်တာရှိတယ်။  ဂါး  ဂါး အစအသံကိုမြင့်ထားတယ်။ အဲဒီကလေး  ဒေါသကြီးမယ်။  ကိုက်မယ်  ကျနော်ကြိုပြောနိုင်ပြီ။

တချို့ကလေးက  စငိုတာ  တိုးတိုးနောက်မှ အသံကျယ်ဆွဲငိုတတ်တယ်။  ငှဲငှဲတိုးတိုးပြီးမှ  အား။ တဖြေးဖြေးအသံဆွဲငိုတာ။  အဲဒီကလေး  ကြောက်တတ်တယ်။  နဲနဲလဲ  ခြောက်တယ် ။

နောက်ကျနော်လေ့လာခဲ့တာပေါ့။  ခုနက အသံအစမှာ  ဂါး ဂါးစအော်တတ်သူတွေက  ဝှေးစေ့ကြီးတယ်။  လူဆိုးတွေ ။  လူကြီးကိုတောင် ပြန်ကိုက်တတ်တယ်။ စိတ်တိုလာရင်ကော့ထိုးတတ်တယ် ။ မျက်နှမိရင်   မျက်နာကုပ်ဆွဲတတ်သူတွေ။

အသံတိုးတိုးနဲ့ စတတ်သူတွေက  ဝှေးစေ့  သေးသေးလေးတွေ ။  တစ်ချို့ ဆိုလျှင်   ဝှေးစေ့က  ရှိတောင်မရှိရှာဘူး။   အပြင်ဗန်းကြည့်လျှင်  လူလိမ်မာလေးတွေပေါ့။  ထားသလိုနေတယ် ။  နားထောင်တတ်တယ် ။  ရန်မဖြစ်တတ်ဘူး။  ဟိုကောင်တွေကတော့  ထစ်ဆိုလုပ်ပြီးပြီ။  ရိုက်ပြီးပြီ ။  ကိုက်ပြီးပြီ။

ကျနော်က  ကလေးငယ်ငယ်လေးကထဲက  ဒီကောင်ကိုက်မဲ့သူ။  ဒီကောင်  လိမ္မာမဲ့သူပေါ့။   ကြီးလာတော့ မှန်နေတယ်။  ဆရာမတွေက    ရှင်ဘယ်လိုလုပ်ကြိုသိတာလဲပေါ့။  ပြောရခက်နေတယ် ။  အသံကိုတော့ ပြောပြလို့ ရတယ်။  ဝှေးစေ့ကြည့်ထားတာပြောပြရင်  ကျနော်ပြသနာတက်မယ်။  မပြောခဲ့ဘူး ။

မိမိသားယောက်ျားလေးတွေမှာ  ဝှေးစေ့ကို  သေသေခြာခြာစစ်ကြည့်ကြပါ။  သံသယရှိလျှင်  ဆရာဝန်နဲ့  ကြိုတိုင်ပင်စေချင်ပါတယ်။  ပြောသာပြောရတာ  ဆရာဝန်အများစုက   ကျနော့်အယူအဆကို  လက်ခံကြပါ့မလား ။  သင်ရိုးညွှန်းတမ်းစာအုပ်တွေထဲမှာမှ  မပါသေးတာ။

ဒါနဲ့  ဆက်စပ်ပေါ့ ။    ကျနော်ရန်ကုန်ပြန်ရောက်စတထည်းက  သူငယ်ချင်းဆရာဝန်နှစ်ယောက်က  ဘီလီ  မင်းအခုယောက်ျားတွေ  အသက်နဲနဲရလာရင်ကို သွေးသားကိစ္စအားနည်းနေကြတယ် ။ မင်းအဲဒါကုတတ်ရင်  တစ်ယောက်  ၂ -သိန်းလဲ  လာကြမယ။  ၅-သိန်းလဲလာကြမယ်ပေါ့ ။  အဲဒီကိစ္စ ပြသနာ ကျနော့်အမြင်လေးဆွေးနွေးပါဦးမယ်။   အမြင်ပါ။ (ဆောင်းပါးသီးသန့် ရေးပါမည်)

 ကလေးတွေမှာ  ငယ်ငယ်လေးကထည်းက  မိန်းမလျာစိတ် ရှိနေတတ်တာလေးတွေ  အကြောင်းလဲရေးပါဦးမည်။  စောစောသတိထားနိုင်ရင်   မိမိသားယောက်ျားလေးတွေ   မိန်းမလျာဖြစ်သွားခြင်းမှ  ကာကွယ်နိုင်ကောင်း၏ လို့ယူဆမိလို့ ပါ။

အခု ကျနော် ဆစ်ဒနီပြန်ရောက်တော့  ကျနော့်အလုပ်ကိုသွာလည်ခဲ့ပါတယ်။  စိတ်မကောင်းတာက

(၁) ကလေးကစားကွင်းသန့် ရှင်းရေး  အလွန်ညံ့နေပါသည်။ ကျနော်လို အပင်ပန်းခံရှင်းမဲ့သူမရှိတော့ ကလေးတွေ အညစ်အကြေးတွေအပေါ်  လေးဘက်ထောက် သွားနေတာမြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။  ဆရာမတွေ ကိုယ့်သားသမိးဆို ဒီလိုထားပါ့မလား  အတွေးပေါ်လာတော့၏။

(၂) ကျနော့်ဘော်ဒါ ဆရာမတစ်ယောက်က  ဘီလီ  မင်းမရှိတော့  ဆိုးတဲ့ကလေးတွေ သိပ်မရှိဘူး။  အော် ကျနော်က  ဆိုးအောင်  ပြန်အာခံရဲအောင်သင်ပေးတာကို  ဆိုလိုပါသည်။  ကျနော်က  ငယ်ငယ်ကထဲက  ပထမဆုံးသင်ပေးတဲ့ စကားက  နိုး (NO) ကိုသင်ပေးတာကို ဆရာမတချို့ ကမကြိုက်ကြတာပါ။  ကျနော်က  လူမှန်လျင်  နိုးပြောရဲရမည် လို့ လက်ခံထားသူ။

( ၃ ) ကလေးတွေ  ပျော်ရွှင်ပြီး  ကီး ၊  အား ၊ ဟီးဟား  အော်သံတွေ တိတ်ဆိတ် နေပါတော့သည်။  ကျနော်ရှိစဉ်က ဆူညံ့နေတတ်လို့  တခြားအခန်းက  အသံတွေထိမ်းပေးဖို့  လာပြောတတ်ကြသည်။  အခုငိုသံတွေ  လွှမ်းနေပါတော့သည် ။

ကျနော်ကလေးကျောင်းမှာ အလုပ်ပြန် မဝင်ဖြစ်တော့ပါ။


ဆက်လက်ဖော်ပြပါမည်.

အားလုံးကိုလေးစားလျှက်
ဒေါက်တာလှိုင်မြင့်
ကလေးပြုစုပျိုးထောင်ရေး  ပညာရပ် (အပိုင်း ၁) ပြန်ဖတ်လိုလျှင်

တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း.. တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)...

$
0
0
တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး (ပေးစာ)


သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်
                                နေ့စွဲ။        ။ ၆.၁၁.၂၀၁၃

အကြောင်းအရာ။      ။ တပ်မတော်အတွင်း အဓမ္မစေခိုင်းမှုများကို တိုင်ကြားခြင်း

ကျွန်မက တပ်မတော်(ကြည်း)မှ အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးက ILO အဖွဲ့အစည်းကို အဓမ္မ စေခိုင်းမှုများ ပပျောက်စေရမည်ဟု ကတိပေးခဲ့တာ ကြားသိရတော့ ကျွန်မတို့ ကာကွယ်ရေး ၀န်ကြီးဌာနက စစ်သည်ဇနီးသည်တွေမှာ အလွန်ပင် အားတက်ခဲ့ရပါတယ်ရှင်။

ဒါကြောင့်လည်း တပ်ရင်းကော်မတီက ချမှတ်ထားတဲ့ အလုပ်တွေကို အတင်းအဓမ္မလုပ်ခိုင်းရုံသာမက လူကြီးကတော်တွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်မှုကိစ္စတွေကိုပါ အစေခံသဖွယ် သဘောထားပြီး အဓမ္မခိုင်းစေခံနေရတဲ့ ကျွန်မနဲ့ ကျွန်မကဲ့သို့ ဘ၀တူ တပ်မတော်သားတွေရဲ့ အိမ်သူ ဇနီးမယားတွေ ခံစားနေရတဲ့ ဒုက္ခတွေကိုရော နိုင်ငံတော်သမ္မတကြီး သိရှိပြီး လိုအပ်သလို ကြည့်ရှု စောင့်ရှောက် ပေးနိုင်ပါစေရန် ယခုလို စာရေး တိုင်ကြားလိုက်ရခြင်းဖြစ်ပါတယ်။

သမ္မတကြီးရဲ့ အစိုးရသစ် တက်လာတဲ့အချိန်ကစလို့  အခုအချိန်အထိ တပ်တွေမှာ အရင်ထက် ပိုဆိုးနေပါတယ်။ အရပ်ဘက်အာဏာမရှိတော့တဲ့အခါ တပ်တွေထဲမှာပဲ အာဏာလိုက်ပြနေကြပါတယ်။ တပ်ရင်းမှာ စစ်သည် မိသားစုတွေ တပ်နေပျော်စေဖို့ဆိုပြီး တာဝန်တွေပေးထားပေမယ့် တကယ်တော့ အဲဒီတာဝန်တွေကို မဖြစ်မနေ ကျေပွန်အောင် လိုက်ပြီးလုပ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ အရာရှိကတော်တွေ တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး အတင်းလိုက်နေခိုင်းပါတယ်။

 လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး ကျွန်မတို့ကို ဘယ်ကိုမှ ပေးမသွားပါဘူး။ တပ်မတော်လေ/ရေ တို့မှာတော့ အဲဒီလို အတင်းခြိမ်းခြောက်ပြီး လိုက်နေခိုင်းတာ မရှိဘူးလို့ သိရပါတယ်။ ကျွန်မတို့မှာ သူတို့ရဲ့ လခစားဝန်ထမ်း၊ အမှုထမ်းတွေ မဟုတ်ပေမယ့် သူတို့ပေးတဲ့တာဝန်၊ ခိုင်းတဲ့အလုပ်မှန်သမျှ ငြင်းခွင့် လုံးဝ (လုံးဝ) မရှိပါဘူး။ အထက်လူကြီးတွေနဲ့ ဇနီးတွေကို အမြဲကြောက်နေရပါတယ်။

ခင်ပွန်းဖြစ်သူရတဲ့ လစာနဲ့ မလုံလောက်တဲ့အတွက် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ရှေ့ရေးအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေလေးရအောင်လည်း လုပ်ခွင့်မရှိပါဘူး။ အစိုးရအလုပ်လုပ်နေတာဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ အခြားကုမ္ပဏီ အလုပ်တွေဆို လုံးဝမလုပ်ရဘူးလို့ အမိန့် ထုတ်ထားပါတယ်။ အပြင်အလုပ်လုပ်နေရင်လည်း အလုပ်က အတင်းထွက်ခိုင်းပါတယ်။ ကျွန်မတို့မှာ ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရဘဲ တပ်အလုပ်တွေပဲ အဆူအဆဲ မခံရအောင် မနားမနေ လုပ်နေပါတယ်။ လစဉ်ပုံမှန် အစည်းအဝေးတွေ၊ အပတ်စဉ် ဆွေးနွေးပွဲတွေ၊ ဆန္ဒခံယူပွဲတွေလုပ်ရပါတယ်။

အရာရှိဇနီးတွေ၊ စစ်သည်ဇနီးတွေအားလုံး မပျက်မကွက် တက်ရပါတယ်။ ဘာအကြောင်းပြချက်နဲ့မှ ပျက်ကွက်လို့မရပါဘူး။ ပျက်ကွက်ရင် အရေးယူခံရပါတယ်။ တပ်တွင်း စုပေါင်းသန့်ရှင်းရေးလုပ်ရပြီး အင်အားဘယ်လောက်နဲ့ လုပ်ခဲ့ပါတယ်ဆိုတာတွေ တင်ပြရပါတယ်။။ ရဲဘော်ဇနီးတွေ လုပ်အားပေးမလာရင် ရုံးတင်ခံရပါတယ်။ ရဲဘော်တွေရဲ့ သားသမီးတွေ စာမေးပွဲ အောင်ချက်ကိုလည်း လစဉ်တင်ပြရပြီး အောင်ချက်နည်းရင် ကျွန်မတို့ကို တာဝန်မကျေဘူးဆိုပြီး အဆူခံရပါတယ်။ မူကြိုကျောင်းမှာ ကလေးတွေကို အာဟာရကျွေးဖို့အတွက် ကျွန်မတို့ကို မုန့်ဟင်းခါးရောင်းပြီး ငွေရှာခိုင်းပါတယ်။

မိဘကသင်ပေးခဲ့လို့ မိမိပညာနဲ့လုပ်ခွင့်ရတဲ့ ဂုဏ်ရှိတဲ့ အလုပ်ကနေထွက်ခဲ့ရပြီး အခုတော့ ကျွန်မတို့မှာ အထက်အမိန့်အရ လမ်းဘေး ဈေးသည်ဖြစ်နေရပါတယ်။ ပြီးတော့ လပြည့်/လကွယ် အဖိတ်၊ ဥပုသ်နေ့တိုင်း ဓမ္မာရုံမှာ မဖြစ်မနေ ၀တ်ရွတ်ဖို့ တာဝန်ရှိပါတယ်။ ဘာသာရေးအတွက် ၀တ်ရွတ်ရတာ ရည်ရွယ်ချက်ကောင်းပေမယ့် တစ်ခါတစ်ရံ အထက်အမိန့်အရ ယတြာချေဖို့ ပဌာန်းရွတ်ပွဲတွေ လုပ်ရပါတယ်။ သဒ္ဓါတရားမပါဘဲ အောင့်သက်သက်နဲ့ လုပ်ရတဲ့အတွက် ကျွန်မတို့မှာ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေရပါတယ်။

ယောက်ျားတွေ တပ်မှာမရှိလဲ ကျွန်မတို့မှာတော့ တပ်မှာပဲ နေရပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တို့ သင်္ကြန်ပိတ်ရက်တို့မှာလည်း တပ်မှာ အလုပ်တွေရှိတယ်ဆိုပြီး ခွင့်မပေးလို့ ဘယ်မှသွားလို့မရပါဘူး။ မိဘနေမကောင်းလို့ မိဘအိမ်ပြန်ပြီး ပြုစုချင်တာ၊ လူမှုရေးကိစ္စ ဘာသာရေးကိစ္စနဲ့ သွားချင်လာချင်တာတောင် သွားခွင့်မရပါဘူး။ ခွင့်ရမှ သွားရလာရပါတယ်။ စနေ၊ တနင်္ဂနွေဆိုတာ တရားဝင်ရုံးပိတ်ရက်ဖြစ်ပေမယ့် ကျွန်မတို့အတွက်ကတော့ အားလပ်ရက်ဆိုတာ မရှိပါဘူး။

ကျမတို့မှာ ထွက်ပေါက်မရှိ ဖြစ်နေပါတယ်။ ဒီလို တရားမျှတမှုမရှိတဲ့ အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုက္ခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။
နောက်ပြီး အထက်ဌာန အကြီးအကဲတွေနဲ့ သူတို့ ဇနီးတွေ တချိန်လုံး တပ်စစ်ဆိုပြီး လာနေပါတယ်။  သူတို့အားနေလို့ လာနေကြတာလို့ပဲ ထင်ပါတယ်။ သူတို့ကသာ အားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ သူတို့ လာတဲ့အခါတိုင်း ကျွန်မတို့မှာ အလွန်အမင်း စိတ်ဒုက္ခရောက်ကြရပါတယ်။

လူကြီးလာတဲ့အချိန်ကနေ ပြန်သွားတဲ့အချိန် အထိ မိမိရဲ့ မိသားစုကိစ္စတွေကို လုံးဝပစ်ထားလိုက်ရပြီး ဘာမှအမှားအယွင်းမရှိအောင် အထူးသတိထားပြီး စိုးရိမ် ထိတ်လန့်စွာနဲ့ နေနေရပါတယ်။ ကျွန်မတို့မှာ ချက်ရေးပြုတ်ရေး ဧည့်ခံရေးအပြင် အခိုင်းအစေများသဖွယ် သဘောထား ဆက်ဆံခံနေရပါတယ်။  အဲဒီအချိန် ကျွန်မတို့ရဲ့ သားငယ်သမီးငယ်လေးတွေ နေမကောင်းဖြစ်နေတာတောင်မှ အနီးကပ် ပြုစု စောင့်ရှောက်ခွင့် မရပါဘူး။

 လူကြီးတွေရဲ့ သားသမီးတွေ အလည်အပတ်ဆိုပြီး လိုက်လာကြရင်လည်း စိုးရိမ် ထိတ်လန့်စွာနဲ့ပဲ စောင့်ရှောက်ပေးရပြီး ဝေယျာဝစ္စများ လုပ်ကိုင်ပေးရပါတယ်။ အိမ်မှာ ဖျားနေတဲ့ မိမိရင်သွေးကိုတော့ ဖြစ်သလို ပစ်ထားခဲ့ရပြီး လူကြီးသားသမီးတွေကိုတော့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးရတဲ့ မိခင်ဖြစ်တဲ့ ကျွန်မတို့မှာ အလွန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရပါတယ်။ ကျွန်မတို့ကို စိတ်တိုင်းကျ ခိုင်းစေလို့ အားမရတဲ့အခါတိုင်း ခင်ပွန်းဖြစ်သူတို့ကို အထက်အရာရှိက အကြောင်းရှာပြီး အရေးယူတာ၊ ထိုးကြိတ်တာတွေ လုပ်ပါတယ်။

လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။ ကျွန်မတို့ရဲ့ မိဘတွေက လူ့အောက်မကျအောင် ပညာတွေသင်ပေးခဲ့ပေမယ့် အခုတော့ ကိုယ်ထမင်းကိုယ်စားပြီး သူများကို အစေခံသဖွယ် ဒူးထောက်ခစားရ၊ ပြောဆိုဆက်ခံ ခိုင်းစေခံနေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာ သည်းခံနေတာပါ။ စစ်တပ်ဆိုတာကြီးကို စိတ်ကုန်နေတာ တော်တော်ကြာပါပြီ။

အခုဆို တပ်တွေမှာ အခြေအနေ အရမ်းဆိုးနေပါတယ်။  ရဲဘော်တွေကိုလည်း ကိုယ့်တပ် သက်သာ ချောင်ချိရေး ကိုယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တစ်နေကုန်မတက်ရတဲ့သူနဲ့၊ တစ်နေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ် သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် ရှင်းပြီးသားလမ်းပေါ်ကို သစ်ပင်ပေါ်က သစ်ရွက်ကြွေကျလာတာကိုတောင် ခွင့်မလွှတ်တတ်ပါဘူး။

အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာ ဆိုသလို ယောက်ျားတွေမှာပူနေတော့ ဇနီးမယားများမှာလည်း အလွန်ပင် စိတ်ဆင်းရဲနေကြရပါတယ်။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။

ရဲဘော်တွေခမျာ နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းခံနေရပေမယ့် လစာကတော့ မလောက်ငစမြဲပါပဲ။ ယောက်ျားရဲ့လစာနဲ့ မလုံလောက်တဲ့အခါကျတော့ မိသားစုရဲ့ စားဝတ်နေရေးကို မိန်းမဖြစ်သူကပဲ ဖြေရှင်းရပါတယ်။

ရဲဘော်ဇနီးတွေခမျာ ကောက်ရိတ်ချိန် ကောက်ရိတ်၊ ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ မိသားစု စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ကျွန်မလည်း သူတို့ရဲ့အခက်အခဲတွေကို သိနေပေမယ့်  အထက်အမိန့်အရ ရင်နာနာနဲ့ ခိုင်းစေနေရပါတယ်။
နေ့စဉ် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ တပ်သားတွေရဲ့ ဇနီးမယားတွေကို ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီး ပြိုင်ပွဲတွေလည်း လုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့မိသားစု ၀မ်းရေးအတွက် အလုပ်သွားမလုပ်ရဘဲ ဘုရားစာထိုင်ကျက်နေရပါတယ်။ အလုပ်သွားမလုပ်နိုင်တဲ့အခါ မိသားစု စားဝတ်နေရေးအတွက် အလွန်ဒုက္ခရောက်ကြရတာ မျက်မြင်ကိုယ်တွေ့ပါပဲ။

တချို့ရဲမေတွေဆိုရင် တပ်တွင်းပြိုင်ပွဲတွေ ၀င်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ခိုင်းခံရပါတယ်။  သေနတ်ပစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ဂျူဒို… အစုံပါပဲ။ စားဝတ်နေရေး မပြေလည်တဲ့ကြားက ဒီလိုအတင်းအဓမ္မခိုင်းတဲ့ အလုပ်တွေ ဘယ်သူက သွားလုပ်ချင်မှာလဲ။ ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး သူတို့ မိသားစုကို ဖြစ်သလို ထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေး လမ်းညွှန်သူများကတော့ ရဲမေတွေ လုပ်ချင်လား/မလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေး ခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ သူတို့မျက်နှာရဖို့ တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်အောင် အတင်းဖိအားပေးကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူထားကြတာ မဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်း မရှိကြရှာဘူး။ ဒီလို အတင်းအကြပ် ပြိုင်ပွဲတွေ လုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။

ပြီးတော့ ကြက်တွေ ကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင် မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ ဖြေရှင်းရမယ်ဆိုပြီး အိမ်ထောင်တစ်စုကို ဘာဘယ်နှစ်ကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့ အတင်းမွေးခိုင်းရင်လည်း မွေးရပါတယ်။  ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာ သိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါပဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါပဲ။ လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေ လာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်း နေကြတာပါပဲ။

အထက်လူကြီးတွေ လာစစ်တဲ့အခါ ဘာအဆင်မပြေတာရှိလဲလို့ တာဝန်ကျေရုံ မေးပေမယ့် ကျွန်မတို့မှာ တကယ်အဆင်မပြေတဲ့အကြောင်းတွေ မတင်ပြရဲပါဘူး။ တင်ပြရင်လည်း မိမိ ခင်ပွန်းသည် ဒုက္ခရောက်မှာပါပဲ။ သူတို့အမိန့်ကို မနာခံချင်ရင်၊ သူတို့ပြောဆိုသမျှ ခေါင်းငုံ့မခံချင်ရင်၊ သူတို့ခိုင်းတာတွေ လိုက်မလုပ်နိုင်ရင် အိမ်ထောင်ရေးပြိုကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။ မိန်းမတွေအချင်းချင်း အာဏာပြ၊ အတင်းအဓမ္မ အမိန့်ပေးနေတာတွေ ပပျောက်စေချင်ပါပြီ။ ကျွန်မတစ်ယောက်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သုတ်နေရသူတွေအားလုံး အတွက် ပြောတာပါ။ ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။

သမ္မတကြီးရှင့်

ကျွန်မ အခုလို စာရေးသား တိုင်ကြားရခြင်းမှာ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်မနှင့်တကွ အရာရှိစစ်သည်များရဲ့ ဇနီးမယားများ၊ ရဲဘော်များရဲ့ ဇနီးမယားများ ခံစားနေရသော ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ အမှန်အတိုင်း သိရှိပြီး တရားမျှတမှု မရှိသော အမိန့်နှင့် အတင်း အဓမ္မ ခိုင်းစေခံနေရတဲ့ ဘ၀များမှ လွတ်မြောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာဖြစ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ခြင်း မဟုတ်ပါ။

ကျွန်မရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံနဲ့ တိုင်ကြားရင် ပိုထိရောက်မယ်ဆိုတာသိပေမယ့် ကျွန်မရဲ့ခင်ပွန်းကို အငြှိုးအတေးထားပြီး ဒုက္ခပေးမှာကြောက်တဲ့အတွက် အပြည့်အစုံ မဖော်ပြရဲပါရှင့်။ ဒါ့ကြောင့် ယခုကဲ့သို့ မတရားသော အမိန့်အာဏာများ၊ အတင်းအဓမ္မ ခိုင်းစေမှုများ၊ ဖိနှိပ်ချုပ်ကိုင်မှုများ ပပျောက်သည်အထိ နိုင်ငံတော်သမ္မတကြီးမှ လိုအပ်သလို တည့်မတ် ထိန်းကျောင်းပေးပါရန် ယုံကြည်အားကိုးပြီး အထူးမေတ္တာရပ်ခံ တိုင်ကြားအပ်ပါတယ်ရှင့်။

ယုံကြည်မျှော်လင့်ခြင်းများစွာဖြင့်
တပ်မတော် (ကြည်း) အရာရှိစစ်သည်ဇနီးတစ်ဦး

အသားတိုး ဒေသခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ) ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)

$
0
0
အသားတိုး ဒေသ ခံကြက်စီမံကိန်း (တောင်သူလယ်သမားများ၏ ဒုတိယ ဝင်ငွေ)
ဆောင်းပါးရှင်(ဒေါက်တာလှိုင်မြင့်)

 (၁) ကြက်သားဈေးနှုန်း ( မြန်မာနှင့် ကမ္ဘာ့ဈေး)

 မြန်မာနိုင်ငံတွင်  စီပီကြက်သားဈေးမှာ  ဖွံ့ ဖြိုးတိုးတက်ပြီးကမ္ဘာတွင်  လစာနုံး အလွန်မြင့်မားသော သြစတေးလျနိုင်ငံထက်ပင်  ဈေးပိုကြိးနေသည်မှာ  သဘာဝမကျ ဖြစ်နေပါသည်။  သြစတေးလျနိုင်ငံ၏  အနိမ့်ဆုံး  အလုပ်သမားလုပ်ခမှာ တစ်နာရီလျှင် ၁၈.၅- ဒေါ်လာ သတ်မှတ်ထားသောနိုင်ငံဖြစ်ပါသည် ။  သန့် ရှင်းရေးအလုပ်သမားတဦးသည်ပင်  တနေ့ -၈-နာရီအလုပ်ဆင်းလျှင်ပင်  တရက်ကို..ဒေါ်လာ-၁၅ဝ - ခန့် ရသောနိုင်ငံတွင်  ကြက်သားဈေးမှာ  ..စတိုးဆိုင်ကြိးများတွင်ပင်.
...တစ်ကီလိုလျှင် ၃.၅ ဒေါ်လာ  ခန့် ရှိရာ..တစ်ပိဿာလျှင်..မြန်မာငွေနှင့်..  ၄၂ဝဝ  မှ ၅၅ဝဝ ကျပ် - ခန့် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင် (ပေါင် ဖြင့်ရောင်းသည် ) တစ်ပေါင်လျင် - ၁- ဒေါ်လာဖြစ်သဖြင့် တစ်ပိဿာ (၃.၆ ပေါင်) ဆိုလျင် ၃.၆ ဒေါ်လာဖြစ်ပါသည်။   မြန်မာငွေဖြင့်  တစ်ပိဿာလျင် ၃၄ဝဝ -ကျပ်သာရှိပါသည်။  အမေရိကန်တွင်  အနိမ့်ဆုံး လုပ်ခမှာ  တစ်နာရီလျင် (၈.၅ ဒေါ်လာဖြစ်ပါသည်)။
လက်ကားဝယ်ယူလျင်  တပိဿာလျှင် ကျပ် ၂၅ဝဝ- ခန့်သာလျှင်ရှိ၏။
တနည်း  အော်ဇီမှ  အလုပ်ကြမ်းသမားတဥိးတနေ့ ဝင်ငွေဖြင့်  ကြက် ပိသာ...၅ဝ - ခန့် ဝယ်နို်င်ပါသည်။  မြန်မာပြည်တွင်မူ  အလုပ်သမားတဦး၏ ဝင်ငွေဖြင့်ဆိုလျှင်..ကြက်..ပိဿာတစ်ဝက်ခန့် သာဝယ်ယူနို်င်ပါမည်။  တခုခုတော့လွှဲချော်နေပါသည်။ 

အလုပ်သမားခ  အလွန်ဈေးကြိးပြီး  မွေးမြူရေးကုန်ကြမ်းဈေးကြီးသော နိုင်ငံတွင်  ကြက်သားဈေးနိမ့်နေပြီး အလုပ်သမားခနှင့် မွေးမြူရေးကုန်ကြမ်းဈေး   အလွန်နိမ့်သော  နိုင်ငံတွင် ကြက်သားဈေးမြင့်နေတာကတော့  အဖြေရှာလို့ ရနိုင်မယ်ထင်ပါတယ်။  ကြက်သားဈေးကို  ချနိုင်ရပါမည်။  ကြက်သားဈေးမချနိုင်ဘဲ   အစိုးရမှ အဟာရပြည့်ဝဖို့  ပြောဆိုနေခြင်းမှာ  အိတ်ပေါက်နင့် ဖါးကောက်နေခြင်းသာ ဖြစ်ပါမည်။  အစိုးရသည်  အမှန်တကယ်  ကြက်သားဈေးချလိုလျင် မခက်ခဲလှပါ။
IF   THERE  IS  A  WILL,  THERE IS  A WAY.  ဆန္ဒရှိက နည်းလမ်းရ  ဆိုသကဲ့သို့ပင်။  သမ္မတကြီး ပြောနေကြ  လူထုအတွက်အဓိကထား စဉ်းစားမည်ဆိုလျှင်  အခြေခံစားကုန်လဲဖြစ်  မြန်မာလူငယ်များခန္ဓာကိုယ်ဖွံ့ ဖြိုးရန်  အဓိကကျသောအသားဓါတ် ကြက်သားဈေးကို  အများစားသုံးနို်င်သောဈေး  လူအများစုအခြေခံလစာနင့်သင့်မျှသောဈေးသို့ ချပေးရန် စဉ်းစားကြရပါမည်။


(၂)  ကြက်သားဈေး ကျဆင်းရေးစီမံချက် (ဒေသခံကြက်မွေးမြူရေးစီမံချက်)

လယ်သမားများကို  တပိုင်တနိုင် ကြက်မွေးမြူနို်င်အောင်  NGO အဖွဲ့ အစည်းများမှ  ပံ့ပိုးကူညီနိုင်လျှင်  ကြက်သားအထွက်တိုးလာပြီး  ကြက်သားဈေး ကျဆင်းလာနိုင်ပါသည်။  သို့ အတွက် ကြက်တပိုင်တနိုင်မွေးမြူရေး  ယခုစီမံချက်ကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ဒီစီမံကိန်းကို  အပြည့်အစုံမရေးခင်   အသားတိုးကြက်သား နင့် သဘာဝ ရွာကြက်နိုင်းယှဉ်ချက်ကို ပထမရေးလိုပါသည် ။
(၃) မိန်းမလျာဖြစ်ပွားနှုန်းနှင့် သိပ္ဗံအသားတိုး အသားများ၏ဆက်နွယ်နေမှု

 ယနေ့ အထိ ကမ္ဘာပေါ်တွင်  ဆွေးနွေးခြင်းမရှိသေးသောအယူအဆ  တခုကိုလဲတင်ပြလိုပါသည် ။  မိမိ၏ ကိုယ်ပိုင်တွေးတော  ဆင်ခြင်ယူဆချက်သာဖြစ်ပြီး  သိပ္ဗံနည်းကျ လက်တွေ့သုသေသန ပြုလုပ်နိုင်စွမ်းမရှိသေးပါ။  ဘယ်ပညာရှင်များမှလဲ   ကျနော်တွေးတောယူဆချက်ကို  မတွေးမိကြသေးဟု ယူဆပါသည်။

ကျနော်ဒါကိုတင်ပြလိုက်လျင် သဘောထားအမြင်မတူသူတွေကြား  ပွဲဆူကောင်းဆူသွားပါမည်။  ဒါကျနော် လေ့လာထားမိ  မြင်ထားမိတာများအပေါ်သုံးသပ်ထားချက်သာဖြစ်ပါကြောင်း။   စာပေပေါ် ကဖတ်ထားတာမဟုတ်ပါ။  စာပေပေါ်မပါတာကိုရေးလျှင်၊  ပြောလျင်  ထပွဲဆူချင်ကြသူတွေ နှင့်တော့  ပြသနာ။ ပွဲဆူအောင်လုပ်သည်  အပြောခံရတာလဲ  ခနခန။
ကျနော့်တွေးဆချက်  ကျနော့် လေ့လာထားချက်တွေပါ။  အမြင်မတူသူတွေဆီက  အမြင်ကိုလဲ  ပညာအမြင်တွေလဲ  ရချင်ပါတယ်။  လူငယ်များလည်း  ဝိုင်းဝန်းသုံးသပ်လာကြမည်ဆိုလျင်   အတွေးအခေါ် သုံးသပ်ချက် အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

ကနေ့  ကမ္ဘာပေါ်တွင်၊   အထူးသဖြင့်  ထိုင်းနိုင်ငံနှင့် အနောက်နိုင်ငံကြိးတွေမှာ  မိန်းမလျှာ (အခြောက်တွေ) ဟာ  တနေ့ တခြားပိုမိုများပြား  လာနေပါတယ်။ အထူးသဖြင့်  ထိုင်းနိုင်ငံ မှာ ရာခိုင်နှုန်း အတော်များနေပါပြီ။  သေသေချာချာ စဉ်းစားကြည့်ကြရအောင်ပါ။  ဓမ္မဓိဌာန်ကျကျ တွေးကြည့်ကြရအောင်။

လူတွေမှာ  မိန်းမ နှင့် ယောင်္ကျား အားလုံးတွင်     ကျားဟော်မုန်း နှင့်  မဟော်မုန်း နစ်မျိုးလုံး  သူ့ အချိုးနင့်သူရှိကြသည်ပင်။ ယောင်္ကျားများတွင် (မ) ဟော်မုန်းအချိုးက နည်းပြီး  (ကျား) ဟော်မုန်းက ပိုများနေပါသည်။ အလားတူပင်  မိန်းမများတွင် (မ) ဟော်မုန်းက  များပြီး (ကျား) ဟော်မုန်းက နည်းပါသည်။  တကယ်တော့ ကျား-ဟော်မုန်းဆိုသည်မှာ ခန္ဓာကိုယ်ရှိ   မ-ဟော်မုန်းမှတဆင့်  အဆင့်  ၄ - ဆင့်တက်ပြောင်းလဲမှ  ကျားဟော်မုန်းဖြစ်လာခြင်း  ဖြစ်ပါသည်။ ယောက်ျားတစ်ယောက်တွင်  အထီးဟော်မုန်းနည်းပြီး  အမဟော်မုန်းများခဲ့လျင်  ထိုသူဟာ မိန်းမလျာ  ဖြစ်ပေတော့မည် ။  မိန်းခလေးတစ်ယောက်တွင်လည်း  (အထီး) ကျားဟော်မုန်းက ရှိသင့်သည်ထက် များနေလျင်  ထိုမိန်းခလေးသည်   ယောက်ျားစိတ်ပေါက်ပါတော့မည်။

တခါ ထူးဆန်းနေတာက  သဘာဝတွင်ရှိနေသော အစားအစာများတွင်   မ-ဟော်မုန်းက ကုန်ကြမ်းအဖြစ် များများစားစား ရှိပါသည်။  အသီးအနှံ တွေမှာ  (မ) ဟော်မုန်းပါဝင်သောအစားအစာ များစွာရှိပါတယ် ။  ဥပမာ ပဲပိစပ်။ Cranberries ,  ကျားဟော်မုန်းကတော့  အလွန်ရှားပါး  ပါသည်  ။  အသီးအနှံ များတွင်ပါဝင်ခြင်းမရှိပါ။  ပါဝင်လျင်လဲ  တိရိဆန်တို့ ၏အသားမှာသာ  ပါဝင်ပါသည်။ တရုတ်လူမျိုးတွေနဲ့  အာရှလူမျိုးတချို့ ကတော့ ကျား - ကြံ့ - ဖျံ - တောက်တဲ့  - အိမ်မြောင် စုံနေအောင်  တိရိစ္ဆာန်ပေါင်းစုံကနေ ကြံကြံဖန်ဖန်   ကျားဟော်မုန်း အားကောင်းသည်ဆိုကာ  စားသောက်နေကြပါတယ်။  တနည်း  ကျား-ဟော်မုန်းဓါတ်ဟာ အမျိုးသားတွေအတွက် အလွန်အရေးကြီးသော  အရာဖြစ်နေသည်ကတော့  ကျား၊  ကြံချို  ဖျံသိုလ်  တွေရဲ့ ဈေးနှုန်းက  သက်သေပြနေပါပြီ။

အထူးသဖြင့်အသက်ကြိးလာလေ  ကျား-ဟော်မုန်းဓါတ်ကို  ပိုမိုတန်ဖိုးပေး  အလေးထားလာတတ်တာဟာ  လူကြိးပိုင်းတွေအတွက် အလွန်အရေးကြိးသောဆေးဝါး  ဖြစ်နေပါသည်။  လူ့သဘာဝအရ အသက်ကြီးလာချိန်တွင်  ကာမစိတ် အားနည်းလာတတ်ကြပါသည်။  သို့သော် အချို့တွင်  ဖြစ်သင့်သည်ထက်ပိုမို  အားယုတ်လာတတ်ကြပါသည်။  ပန်းသေသည့်အဆင့်အထိ  တစတစ ဆိုးလာပါတော့သည် ။

သတ္တဝါတွေမှာ  ဒီလို--မ-ဟော်မုန်းကို အသီးအနှံတွေကပင် များများစားစား ရနိုင်သော်လည်း  ကျား-ဟော်မုန်းကတော့ ရှားပါးနေပါတယ်။  အထီး-သတ္တဝါတွေဆီမှသာ   ရနိုင်ပါသည်။  တခါ ယခုခေတ်တွင်  အထီးသတ္တ၀ါကနေ  ရယူရန်ကလဲ  ဥပမာ  အသားတိုးကြက်က  အထီးတော့ အထီးပါဘဲ။  ဂန်ဒူးဖြစ်နေတာက  ပြသနာပါ။   အသားတိုးရန်နှင့် အသားနူးညံ့နေရန်  မဟော်မုန်းနင့် သိပ္ဗံနည်းဖြင့်  မျိုးဆက်ကိုပြုပြင်ယူလာသော  အသားများဖြစ်နေပါသည်။
ထိုကြောင့်  အသားတိုး ကြက်သားမှာ  အသားများပြီး နုးညံ့ နေပါသည်။  ယောင်္ကျားတစ်ယောက် အသားနှင့် မိန်းမတစ်ယောက်အသား ကွာခြားသလို  သဘာဝ ဟော်မုန်းအပြည့်ပါဝင်သော  တောကြက်သားနင့်  မွေးမြူရေးကြက်သား  နုးညံ့မှု  အသားပါဝင်မှု ကွားခြားသလို ကွာခြားနေပါသည်။ မွေးမြူရေး သိပ္ပံကြက်ကိုစားလျှင်  ကျနော်ပြောနေတာလေး  မျက်စေ့ထဲ မြင်မိစေချင်ပါသည်။  မွေးမြူရေးအသားများများ စားလျင်  ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမည်လဲ။  ကျားဟော်မုန်းတွေ စားမိနေတာလား  မဟော်မုန်းတွေ စားမိနေတာလား  မိမိဖါသာစဉ်းစားကြည့်ကြပါ။
တခုမေးစရာရှိလာပါသည်။  သက်သတ်လွတ်စားသူတွေ  ဘာကြောင့် မိန်းမရှာမဖြစ်သလဲ။  ဟုတ်ကဲ့။  သူတို့က သိပ္ပံအသားကို မစားတော့  မဟော်မုန်းထိတွေ့ မှု  မရှိပါဘူး။ သဘာဝအပြောင်းအလဲ မရှိတော့ပါ။
(၄) ကြက်အထီးများ၏ ဟော်မုန်း  ခန့် မှန်းကြည့်ခြင်း..

ဘာလို့ အသားတိုးကြက်ကို  ဂန်ဒူးလို့ ပြောရပါသလဲဆိုတာကို ကြည့်ရအောင် ၊   သဘာဝ(  ရွာကြက် ၊  တိုက်ကြက်)  ကြက်ငယ်လေးတွေ  အသက် ၃-ပတ်သား မှ တလ သို့ မဟုတ် ၂-လသားအရွယ်လေးတွေကို  လူတဦးက မိမိလက်မှာ  ဝါဂွမ်းလုံးလေးတခုသော်၎င်း...ကြက်အရုပ်လေးသော်၎င်း  ကိုင်ပြီး  ခွပ်သလိုပုံစံနဲ့  ကြက်ကလေးတွေကို  တို့ လိုက်လျင်  ကြက်အမလေးတွေက  ကျိကျိ နဲ့  အသံပေးပြီး ထွက်ပြေးတတ်ပြီး  ကြက်အထီးလေးတွေက  ရင်ကော့တက်လာပြီး ခွပ်ဖို့ လုပ်ပြတတ်ကြပါတယ်။  သဘာဝအရ တိုက်ကြက်ပေါက် လေးတွေဟာ  အချင်းချင်းသွေးတွေ  ထွက်အောင်မကြာခန ခွပ်နေတတ်ကြပါတယ်။

အထူးသဖြင့်တိုက်ကြက်များမှာ   ကျားဟော်မုန်းများတတ်တော့ ပိုသိသာပါတယ်။     အသားတိုး သိပ္ပံကြက်ကလေးတွေကို တို့လိုက်ရင်တော့  (အထီး နင့် အမ အားလုံး) ဟာဂန်ဒူးသတ္တိပြကြတော့တာပါဘဲ။  အကုန် ထွက်ပြေးကြတော့တာပါဘဲ။  အသားတိုးကြက်တွေမှာ  အချင်းချင်းခွပ်တာ  တစ်ကြိမ်တစ်ခါမှ မရှိပါ။

တခါ ဒီအသားတိုး ကြက်အထီးကို ကြီးအောင်မွေးထားရင်  ကောင်းကောင်း မတွန်တတ်ဘူး။  ကြက်မကိုလဲ မလိုက်တတ်ဘူး။ ဒီတော့ ဂန်ဒူးပြောတာ  မလွန်ပါဘူး။  ဒီလိုဂန်ဒူးစိတ်ရှိနေတဲ့ အကောင်တွေရဲ့   အသားကိုချည်းဘဲ စားနေမယ်ဆိုလျင်  ရေရှည်မှာ  မိန်းမရှာ စိတ်ပေါက်နိုင်မယ်လို့ယူဆမိတာပါ။  ယူဆချက်ပါ။ 
(၅)  ဒါဆိုလျင်  သိပ္ပံအသားတိုးတွေကို  မိန်းခလေးတွေ များများစားလျှင်
 
 အန္တရာယ်မရှိဘူးပေါ့လို့   ပြောနိုင်ပါသလား။  ကျနော့် သုသေသနတော့ မလုပ်နိုင်ခဲ့ပါ။  ဒါပေမယ့်  အသိမိတ်ဆွေမိသားစု နှစ်ခုမှာတော့  သိပ္ဗံအသားတိုး ကြက်သားအစားများသူ  မိန်ခလေးနှစ် ယောက် (မိဘတွေက အလိုလိုက်ပြီး  ကြက်ကင်တွေ  ဝယ်ကျွေးတာများသွား၏)။  ထိုမိန်းခလေးနှစ်ဦးသည်  အသက်အရွယ်တူ အခြားမိန်းခလေးများထက်  ခန္ဓာကိုယ်အရွယ်ကြီးပြီး  လေးတန်းမှာပင်  ရင်သားတွေ ကြီးထွားနေပါသည်။  တစ်ဦးက  လေးတန်းနှစ် အလယ်မှာပင်( အသက် ၉  -နစ်အရွယ် )  ရာသီသွေးစပေါ်ပါသည်။  တဦးက  ငါးတန်း  ( အသက် ၁ဝ -နှစ်မှာ ) ရာသီစပေါ်ပါသည်။

၉ -နစ်မှာ ရာသီစပေါ်ခဲ့သူသည်   အသက် ၁၃ - နှစ်အရွယ်တွင် လိင်ကိစ္စသောင်းကျန်းတဲ့ သတင်း ကြားရပါတော့သည်။  အိမ်ပြုသင့်သော အရွယ်မရောက်မှီ  အိမ်ထောင်ရှိ လူကြီးတစ်ယောက်နင့်  ဖေါက်ပြားနေပါတော့သည်။  လိင်စိတ်ဖေါက်လာလျှင်  မိဘစကားနာမထောင်နိုင်  ကမူးရှုးထိုး ရမ်းပါတော့သည်။ ၁ဝ -နှစ်မှာ ရာသီသွေးစပေါ်သူ၏  သတင်းအစအန မရပါ။  အဆက်အသွယ် ပြတ်သွားပါသည်။ သတိထားရန်ပါ။

(၆) ကျား-ဟော်မုန်းကို  သဘာဝအရလူခန္ဒာကိုယ်ကလဲ  ချက်လုပ်နေပါတယ်။ 
 
 သို့သော် ကုန်ကြမ်းလိုအပ်ပါတယ်။ ကုန်ကြမ်းပိုရနိုင်တော့ ပိုအဆင်ပြေ  ပိုအားကောင်းနို်င်တာပေါ့။ ဥပမာ  ဗိုက်တာမင်အားဆေးတွေကို  လူ့ ခန္ဒာကိုယ်က သဘာဝအရ ချက်လုပ်နေတာပါဘဲ။  သို့သော်  မလုံလောက်ပါဘူးဆိုပြီး  သိပ္ဗ့ပညာရှင်တွေ  ဆရာဝန်တွေက  ဗိုက်တာမင်အားဆေးတွေ (Vitamins & Minerals)  စားဖို့ တိုက်တွန်းနေကြပြီး  ကျား-ဟော်မုန်းဓါတ်အတွက် သဘာဝကုန်ကြမ်း ချို့ ယွင်းနေမှုကိုတော့  မစဉ်းကြသေးတာပါဘဲ။  ဆရာဝန်တွေ  သိပ္ဗံပညာရှင်တွေကို  စဉ်းစားကြဖို့ ကျနော်တိုက်တွန်းလိုပါတယ်။
ထိုင်းမှာ  အသားတိုးကြက်အစားများလို့   အခြောက်နိုင်ငံဘက်ကို တက်လှမ်းနေပါပြီ ။  ကျနော်တို့ နိုင်ငံမှာ  ကျေးလက်တောရွာတွေမှာ  အခြောက်မရှိသလောက် နည်းပါး၏။  တောရွာတွေမှာ သဘာဝအကောင်တွေကို မွေး ၊  ပစ်ခတ်စားနေကြရတော့  ကျားဟော်မုန်း  ပြည့်ပြည့်ဝဝ ရနေပါသည်။  အထူးသဖြင့် တောင်တန်းဒေသတွေမှာ  အခြောက်အလွန်ရှားပါသည် ။

ယနေ့ ကာလတွင်  ကာမကိစ္စအားနည်းတာကို Viagra ကဲ့သို့ ကာမနိုးကြွစေတဲ့ ဆေးတွေတော့ တီထွင်ဖေါ်ထုတ်လာကြ၏။   အသက်ငယ်ရွယ်သူတွေ  ဒီဆေးတွေသုံးစွဲလျှင်   အသက် ၄ဝ ဝန်းကျင်မှာပင်  ဒီဆေးမစားရလျှင်  ကာမစိတ်မလာတော့တဲ့ ဆိုးကျိုးတွေ အများကြုံတွေ့ နေကြရပါသည်။  သတိထားကြရန်ပါ။  ဒီဆေးပေါ်လာတာ နှစ် ၂ဝ ခန့် ဘဲရှိသေးသည်။  ဆိုးကျိုးတွေ  ကကြောက်စရာ။

အခုခေတ်မှာ  အထက်ပါနိုင်ငံကြီးတွေမှာ  သဘာဝကြက် (ရိုးရာတောကြက်) ကို လုံးဝ မရနိုင်တော့ပါ။   အသားတိုးကြက်  အသားတိုးဝက်တွေသာ ရနိုင်ပါတော့သည်။  ကြက်ဥဆိုရင်လဲ အခုခေတ်မှာ  လေဥ (အထီးနဲ့ အမ - စပ်ယှက်ပြီး သန္ဓေအောင်ထားတဲ့ဥ) ဆိုတာ ဈေးမှာ လုံးဝ မရနိုင်တော့ပါ။  တောကြက်ဥနှင့် သိပ္ပံကြက်ဥ နှစ်မျိုးကို ယှဉ်စားကြည့်ကြပါဦး။  အရသာမည်မျှကွာခြားသည်ကို လူတိုင်းလက်ခံကြပါမည်။

(၇) တခါ အသားတိုးကြက်ကိုလေ့လာကြည့်လိုက်ရင်  
 
သူက သဘာဝလွန်ပြီး ရက်ပိုင်းအတွင်း  အမြန်ကြီးထွားလာတဲ့ အမျိုးအစား။  ဒီတော့အသားက ပွစေ့စေ့ ။  ကြက်အထီးရောအမပါ  ရန်ကိုရင်ဆိုင်ရဲ  သောသတ္တိစိတ်မရှိကြဘူး။  ကြက်ပွပွကြီး အကောင်သာကြိးတယ်  မခွပ်ရဲကြဘူး။ တနည်း   ကြက်ဂန်ဒူးတွေ။  အထီးဟော်မုန်းနည်းတဲ့  ကြက်အခြောက်တွေ။
တခါ  သဘာဝမှာကိုက  တိရိစ္ဆာန်တွေ ကြိးထွားမြန်အောင်  မဟော်မုန်းကို ကျွေးတာများပါတယ်။  ဒီအသားတိုးတွေက  ဒီလိုဟော်မုန်းတွေနဲ့  ပြုပြင်မျိုးစပ်ယူထားတာတွေပါ ။
လူတွေက  ဒီလိုကြက်ဂန်ဒူးတွေဘဲစားကြရတော့  မ-ဟော်မုန်းကို ပိုများများစားနေတဲ့ သဘောရောက်နေပြီး  ကျား-ဟော်မုန်း  မစားရသလောက် ဖြစ်နေကြပါတော့တယ်။  ရေရှည်မှာ  အကျိုးသက်ရောက်နိုင်မလား..မသက်ဘူးလား  စဉ်းစားကြပါ။  အကျိုးမသက်ရောက်ဘူး ဆိုရင်တောင်  ကျနော့်မြေးမြစ်တွေကိုတော့ အသားပွပွ ဂန်ဒူးစိတ် မိန်းမရှာကြက်တော့ ဖြစ်နို်င်ရင်  မကျွေးချင်ပါဘူး။  မတော်ဂန်ဒူးဖြစ်သွားရင်  ရင်ကျိုးရချည့်ရဲ့ ။  အမေရိကန်မှာ သိပ္ပံ အသားတွေအစားများပီး  လူခန္ဓာကိုယ်ကြီးတွေ  ကြီးထွားလာပြီး  သွေးတိုး  နှလုံး စတဲ့ ရောဂါတွေက အများကြီး တိုးလာပါတော့တယ်။

နောက်တချက်က  ဒီလိုဂန်ဒူးကြက်တွေရဲ့ အရသာက  သဘာဝတော့ကြက် ( ရွာကြက်. .အော်ဂဲနစ်ကြက်) လောက်အရသာမရှိပါဘူး။ အရသာ-သာလွန်မှုက  တောကြက်ကို ဈေးပိုပေးရမှုက  သက်သေပြ  စကားပြောနေပါတယ်။
ကြက်သားဈေး  ထိန်းချုပ်ရေး  ဈေးနှုန်းချရေး  လူမှုစီမံချက်။

တခါ  မြန်မာနိုင်ငံမှာ  အထက်ကတင်ပြခဲ့သလိုဘဲ  ကြက်သားဈေးကြိးနေတာကို ဈေးချနိုင်ဖို့  လူအများစု ပါဝင်နိုင်သော၊  အထူးသဖြင့် ကျေးလက် တောင်သူလယ်သမားတွေ ပါဝင်နိုင်သော  ကြက်မွေးမြူရေး စီမံချက်ကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင် ကြက်သားဈေးကျလာပြီး  လူအများစု  ကြက်ဥကြက်သား ပိုမိုတိုးစားလာနိုင်ရင်  တနေ့ တခြားလူကိုယ်ထည် သေးငယ်လာသော  ကျနော်တို့ မြန်မာတွေရဲ့ အရပ်အမောင်းတွေ ပြန်လည် တိုးတက်လာစေမှာကတော့  ငြင်းစရာမလိုသော သိပ္ပံတွေ့ ရှိချက်တွေ  ညွှန်ပြထားပြီးပါပြီ။

သို့အတွက်  ကျနော်သည်  လက်တွေ့ ဖေါ်ဆောင်နိုင်သော ယခုစီမံချက်ကို တင်ပြလိုက်ရပါသည်။

     ဒေသခံ ဥစား  အသားစား- ကြက်စီမံကိန်း

(ဆက်လက် ဖေါ်ပြပါမည်)

အားလုံးကို လေးစားလျှက်
လှိုင်မြင့်

ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၄ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်.

$
0
0
(ဓာတ်ပုံများ ဦးသန်းဝင်း-အားကျေးဇူး အထူးတင်ရှိပါသည်) 
 ဂျပန်နိုင်ငံ တိုကျိုမြို့မှ ၄ကြိမ်မြောက် စုပေါင်း ဘုံကထိန်ပွဲတော်. 
 
(နိုဝင်ဘာ ၁၀ရက်နေ့)က ဂျပန်နိုင်ငံ တိုကျိုမြို့ ရောက် မြန်မာမိသားစုများမှ (၄)ကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်..။

ဂျပန်နိုင်ငံမှ တိုကျို၊ နာဂိုယာ၊ ကျူးရှုးမြို့များမှာ သီတင်းသုံးနေသည့် ဆရာတော် သံဃာတော်များ အပါအဝင် မိတ္ထီလာ၊ သံလျင်၊ ရန်ကုန်နှင့် မြိတ်မြို့များမှ ခေတ္တကြွရောက် တော်မူကြသည့် ဆရာတော် သံဃာတော် (၉)ပါးအား ဘုံကထိန်ခင်း ဆပ်ကပ်လှူဒါန်း ပူဇော်ခဲ့ကြပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာမိသားစု ၁၀၀ကျော်ခန့်က ဆွမ်းစုပေါင်း ဆပ်ကပ် ပူဇော်ခဲ့ကြပြီး ကထိန်တရား အနုမောဒနာ နာယူခဲ့ကြသည်။

ဂျပန်နိုင်ငံရောက် မြန်မာမိသားစုရဲ့ စုပေါင်းကထိန်အလှူ နတ်လူသာဓု ခေါ်စေသော်။

ဒီမိုဝေယံ

Viewing all 780 articles
Browse latest View live