Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

မင်္ဂလာဒုံ မြို့မ ရပ်ကွက် ပညာဒါန ကျောင်းဖွင့်ပွဲ အခမ်းအနား..

$
0
0
  မင်္ဂလာဒုံ မြို့ မရပ်ကွက် ပညာဒါနကျောင်းဖွင့်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်၏ လမ်းညွန်မှုနှင့် မင်္ဂလာဒုံမြိုနယ် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ဖြစ်ဖွင့်လှစ်သော ပညာရေးကွန်ယက်၏ (၃၇) ကျောင်းမြောက် ကိုယ်ထူကိုယ်ထ ပညာဒါနကျောင်းကို (၂.၇.၁၂)ရက် တနင်္ဂနွေနေ့က ပညာရေးကွန်ယက်မှ တာဝန်ရှိသူများ၊ ကျောင်းဖြစ် မြောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ဖွင့် လှစ်ခဲ့ကြပါသည်။ (၈/၉/၁၀)တန်း ကျောင်းသူ ကျောင်းသား(၇၀) ယောက်ကို စေတနာဆရာ၊ ဆရာမ (၁၄)ယောက်တို့က သင်ကြားပြသပေးမှာ ဖြစ်ပါသည်။

ကျောင်းလိပ်စာ
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၊
ရပ်ကျေးရုံး၊ မြရတုလမ်း၊
မြို့ မရပ်ကွက်၊ မင်္ဂလာဒုံ
Tel: ၀၉ ၅၁၀၄၈၁၁

ပညာရေးကွန်ယက်။
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၊

Viewing all articles
Browse latest Browse all 780

Trending Articles