Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

U-12 Berlin International ဘာလင်ဖိတ်ခေါ် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မြန်မာလူငယ် (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းမှ လူငယ်အသင်းသားများ ယနေ့ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ..

$
0
0

U-12 Berlin International ဘာလင်ဖိတ်ခေါ် ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် မြန်မာလူငယ် (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု တိုကျိုလက်ရွေးစင် အသင်းမှ လူငယ်အသင်းသားများ ယနေ့ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

တိုကျို ၉.၈.၂၀၁၄

ဂျာမဏီနို...င်ငံ ဘာလင်မြို့မှာ သြဂုတ်လ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပ ပြုလုပ်တဲ့ U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဂျပန်နိုင်ငံကိုယ်စားပြု မြန်မာလူငယ် (၂)ဦး ပါဝင်သည့် တိုကျိုလက်ရွေးစင် အသင်းမှ အသင်းသား လူငယ်များအား ယနေ့ Haneda အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ယနေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့် မိဘပြည်သူများမှ သွားရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
မြန်မာလူငယ် ဂိုးသမား (၂)ဦး ပါဝင်သည့် ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည် အိမ်ရှင် နာမည်ကျော် ဂျာမာန် Hertha Berlinအသင်းနှင့် Berlin အသင်းများအား ဆီးမီးဖိုင်နယ်တွင် အနိုင်ရ ကျော်ဖြတ်ကာ အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အာရှဘောလုံး အားကစား ထိပ်တန်းနိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံ ကိုယ်စားပြု တိုကျိုလူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသည့် မြန်မာနိုင်ငံသား လူငယ်နှစ်ဦး အရွေးချယ်ခံရကာ နိုင်ငံတကာ ပြိုင်ပွဲများ၌ ပါဝင်ကစားခွင့် ရခြင်းသည့် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ဝါသနာနှင့် အသက်မွေးဝမ်းကြောင်း ထပ်တူကျကာ ရပ်တည်နိုင်သည့် ဘောလုံးအင်အားကြီး နိုင်ငံတခုတွင် ဂျပန်နိုင်ငံသား ခြေစွမ်းခြေစ ရှိသူ အများအပြားအတွင်းမှ ဤကဲ့သို့ အနည်းငယ်မျှသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးရွေးချယ် စေလွှတ်ခံရခြင်းသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ပင် ဖြစ်သည်...။ မြန်မာလူမျိုးများ ကမ္ဘာနှင့်ယှဉ်လျှင် မညံ့ကြောင်းကို သမိုင်းတလျှောက်နှင့် ယခုထက်တိုင်အောင် ပြသလျှက်ရှိသည်။

အောင်ပွဲရ တိုကျိုလူငယ် လက်ရွေးစင် အသင်းသားများအား ဂျပန်တာဝန်ရှိသူများမှ အလေးထား ဆက်ဆံမှု၊ ကိုယ်အားကိုယ့်ကိုးမှု ရှိအောင် စိတ်ဓာတ်ရေးရာ အားပေးမှု ဇွဲသတ္တိရှိအောင် ပြသလမ်းညွှန်မှု အားပေးအားမြှောက် ဂုဏ်ပြုမှုများသည် အတုယူစရာပင် ဖြစ်သည်
အရည်အချင်းရှိသူများအား နိုင်ငံ့အကျိုးအတွက် ဆိုလျှင် နိုင်ငံခြားသားပင် ဖြစ်စေကာမူ စင်ပေါ်တင်မြှောက် အသိအမှတ်ပြုသော ဂျပန်နိုင်ငံနှင့် နိုင်ငံကြီးများ၏ လုပ်ဆောင်ချက်များအားလည်း အတုယူဖွယ်ရာဖြစ်ပေသည်။ ဂျပန်နိုင်ငံသည် အားကစားတွင် ထင်ပေါ်ကျော်ကြားသူ နိုင်ငံခြားများအား စင်တော်ကောက်ကာ မိမိနိုင်ငံသား အဖြစ် အသိအမှတ်ပြုလေ့ ရှိသည်။ ယခု U-12 Berlin International ဖိတ်ခေါ်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံသား ခရီးသွားလာခွင့် လက်မှတ် မရှိသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးမှာ ဂျပန်အစိုးရမှ ထုတ်ပေးသည့် ပြည်ဝင်ခွင့်လက်မှတ် (Re-Entry Permit)ဖြင့် သွားရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား Passport လက်ဝယ်မရှိသည့် မြန်မာနိုင်ငံသား လူငယ်(၂)ဦးနှင့် ခေတ္တခဏ အင်တာဗျူးတွင် မြန်မာနိုင်ငံတွင် လာရောက် ကစားချင်ပါသည်ဟု လူငယ်(၂)ဦးစလုံးမှ ဖြေကြားခဲ့ကြသည်..။ မြန်မာ့ဘောလုံး လောက တိုးတက်စေလိုသူ တာဝန်ရှိသူများ အနေဖြင့် ဤလူငယ် (၂)ဦး၏ ဆန္ဒအား ဖြည့်စည်းပေးနိုင်မည်ဟု မျှော်လင့်မိခြင်းနှင့် အတူ ဂျပန်နိုင်ငံကိုယ်စားပြု U-12 တိုကျိုလက်ရွေးစင် အသင်းသည်တွင် ပါဝင်ကာ မြန်မာ့ဂုဏ်ဆောင် ခဲ့သည့် မောင်ကောင်းဇံမရနှင့် မောင်သက်မျိုးရင်တို့အား ဂုဏ်ပြုလိုက်ရပါသည်။

သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

လာမည့် သြဂုတ်လ ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ ဂျပန်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AC Milan၊ Barcelonaစသည့် နိုင်ငံတကာ အသင်းများနှင့် နာမည်ကျော် ဂျပန်Junior Club အသင်းများ ပါဝင်ယှဉ်ပြိုင်မည့် U-12 Junior Soccer World Challenge 2014 တွင်လည်း တိုကျိုလူငယ် လက်ရွေးစင် အသင်းပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး Goal Keeper အဖြစ် မောင်ကောင်းဇံမရ ထပ်မံ ရွေးချယ် ခံရကြောင်း သိရှိရသည်။

ဆက်သွယ် မေးမြန်းလိုလျှင်
ဦးမြတ်သူ- မောင်ကောင်းဇံမရ ဖခင် ( မြန်မာ့ ဘောလီဘော လက်ရွေးစဉ်ဟောင်း)
( 81+90-5521-3941 (Viber available)
ဦးသက်လွင်- မောင်သက်ရင်မျိုး ဖခင် မြန်မာ့တင်းနစ် လက်ရွေးစင် ချန်ပီယံဟောင်း 81+80-5176-2421 (Viber available)

Viewing all articles
Browse latest Browse all 780

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သုံးလွန်းတင်မှ ကြိုး


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


စနေမင်း နှင့် တနင်္ဂနွေမင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ပရုပ်လုံးနံ့လေး မွှေးနေတဲ့ အဝတ်အထည် တွေရဲ့ ကြောက်စရာ အန္တရာယ်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မနောမယအိမ်ခြံမြေရောင်းနည်း