Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

ဆီးဂိမ်း ပြိုင်ပွဲမှ ရေကူးအားကစားသမားများ၏ မေတ္တာရပ်ခံစာ..

$
0
0
ဆီးဂိမ်း ပြိုင်ပွဲမှ ရေကူးအားကစားသမားများ၏ မေတ္တာရပ်ခံစာ.. 

 ဖေ့စ်ဘွတ်မိတ်ဆွေအပေါင်းတို့ ဆီးဂိမ်းဖွင့်ပွဲကြည့်အပြီး.....ဇာတိသွေး ဇာတိမာန်တက်နေတဲ့ အချိန် အကူညီလေးတောင်းချင်ပါတယ်။
အကူညီမတောင်းခင်...ကျွန်မ မိုးသူအောင်ရဲ့..ငယ်ဘ၀အကြောင်းလေးပြောပြချင်ပါတယ်။ ခုလိုမျိုး ဆီးဂိမ်းပြိုင်ပွဲ (၇)ကြိမ်သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ သူများနိုင်ငံမှာ သွားပြိုင်ရတော့ ရေကူးပြိုင်ပွဲမှာ....
ကျွန်မတို့ မြန်မာကို လာအားပေးတဲ့ပရိတ်သတ်က အယောက် ၂၀မရှိပါဘူး။ တချို့ပွဲတွေဆို တစ်ယောက်မှကိုမရှိတာပါ။ အဲ့လိုအချိန်မှာ မြန်မာတစ်ယောက်ယောက်ရဲ့ အားပေးသံကြားရရင် ကျွန်မအလွန်အားတက်မိပါတယ်။

ထို့ကြောင့် ၁၂.၁၂.၂၀၁၃ မှ ၁၆.၁၂.၂၀၁၃ တွင် မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ကြမယ့် မြန်မာရေကူးကစားသမားများ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ
သူတို့ရဲ့ ယှဉ်ပြိုင်ရဲတဲ့စိတ်ဓါတ် (နိုင်ငံကိုယ်စားပြု) ကိုအားပေးစေချင်ပါသည်။
ကျွန်မ ဖေ့စ်ဘွတ်ပေါ်မှ မိတ်ဆွေများ ဒီ status တွင် comment လေးရေးပြီး မြန်မာရေကူးသမားလေးတွေရဲ့ စိတ် အားတက်စေရန် ကျွန်မနဲ့အတူတူ အားပေးစေချင်ပါသည်။

သူတို့လေးတွေက ကျွန်မ ဖေ့စ်ဘွတ်ရှိတဲ့အတွက် မိတ်ဆွေတို့ အားပေးတဲ့comment လေးတွေမြင်မှာပါ။ အားလုံးကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ရေကူးအားကစားသမားများ

ထို့အတွက်ကြောင့် အမေစုမှ ယနေ့ ရေကူးအားကစားသမားများအား သွားရောက် အားပေးခဲ့သည်..။ဓာတ်ပုံ မအိသူ နှင့်
ဆီးဂိမ်းလင့်ခ် https://www.facebook.com/27thSEAGamesMyanmar

  

အားကစားသမားကို နိုင်ငံ့ဂုဏ်ဆောင်လို့မြင်... 
We support all of our players.

ယနေ့ (၄၄)နှစ်ကြာမှ ကိုယ့်မြေမှာ ပြန်လည်ပြုလုပ်ခဲ့တဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးနဲ့ ရေးသားနေကြတာကို မြင်နေရသည်..။
ကျွန်တော်တို့ အမြင်တွေ မရောထွေးဘို့ ခွဲမြင်ဘို့ လိုအပ်လှသည်..။

ကိုယ့်ပြည် ကိုယ့်မြေပေါ်မှာ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အားကစားသမားတွေ အပြင်းအထန် ကြိုးစားယှဉ်ပြိုင်နေကြသည်..။
ဒီကနေ့ မြန်မာ အားကစားသမားတွေ ယှဉ်ပြိုင်နေကြတာ စစ်အစိုးရ Policy ကားရိုက်နေတာမဟုတ် နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ရေကုန်ရေခန်း ကြိုးစားယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်..။ ဒီအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ရှုံးရှုံးနိုင်နိုင် ကျရာနေရာက အားဆေးတခွက် အနေဖြင့် အားပေးချီးမြှောက်သင့်ပေသည်..။

အမေရိကန် သမ္မတ ဂျော့ဘုရှ် လက်ထက် အီရတ်နဲ့ အာဖကန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်တဲ့ အချိန် အမေရိကန် ပြည်သူတွေ သမ္မတဂျော့ရှ်ကို ဆန့်ကျင်ဝေဖန်ကြပေမယ့်..။ အမေရိကန် စစ်သားတွေအတွက်တော့ We support our troop.We love our troop ဆိုပြီး အမေရိကန် ပြည်သူတွေတခဲနက် ထောက်ခံခဲ့ကြသည်..။
ကျွန်တော်တို ခွဲခြားမြင်တတ်ဖို့ လိုအပ်လှပေသည်..။ ကျန်စစ်သားကို ကျန်စစ်သားလို့မြင် စောလူမင်းကို စောလူးမင်းလို မြင်ကြပြီး သမိုင်းတွေ မရောထွေးဖို့ လိုအပ်လှပေသည်..။

ဒီနေ့ ဒီအချိန်မှာ မြန်မာအားကစားသမားတွေ အတွက် အပြည့်အဝ ထောက်ခံပြီး စိတ်ဓာတ်ရေးရာ အရအားပေးဖို့ လိုအပ်လှပေသည်..။
ကျွန်တော်တို့ မြန်မာ့အားကစား ကမ္ဘာမှာ လွှမ်းဖို့ထက် မြန်မာ့မြေပေါ်မှာ ကျင်းပတဲ့ မြန်မာ့အားကစား မြန်မာ့မြေပေါ်မှာ လွှမ်းမိုးအနိုင်ယူနိုင်ဖို့ ...

We support all of our players.
ဒီမိုဝေယံ

ဓာတ်ပုံ မအိသူ
ယနေ့ ဝဏ္ဏသိဒ္ဓိရေကူးကန်မှာ ရေကူးအား ကစားသမားများအား သွားရောက် အားပေးခဲ့တဲ့ အမေစု..

Viewing all articles
Browse latest Browse all 780

Trending Articles