Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

“ငြိမ်းချမ်းရေးနှင့်ပညာ၊အနာဂတ်ကမ္ဘာ” ကိုမျိုး(မြန်မာစာ)

$
0
0
ရွှေဝါရောင် အရှင်ထာဝရဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်း မှာလာရောက် ကဗျာရွတ်ဆို ဟောပြောခဲ့တဲ့  ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်ကိုမျိုး(မြန်မာစာ)

“ငြိမ်းချမ်းရေးနှင့်ပညာ၊အနာဂတ်ကမ္ဘာ” 
ကိုမျိုး(မြန်မာစာ)

သမီးလေးရေ...
Malalaလို သတ္တိအရာမှာ
 မရဲ့ဝံ့ခဲ့ရင်တောင်... ပညာအရာရဲရင့်ပါစေ...။
 ဥခွံဟောင်းကဖောက်ထွက် အတောင်အလက်စုံမှ.... ပျံသန်းလို့ရာရောက်နိုင်မှာ။
 ကောင်းကင်ဟာ... နေရာနှံ့အောင်
 မပျံနိုင်သူတွေအတွက်သာ ကမ္ဘာကုန် ကျယ်တာပါ သမီး။ 
ကမ္ဘာအနှံ့ ခြေဆန့်ချင်တဲ့ 
သမီးလေးရေ..... အတောင်ရှိလျက် အပျံသင်ဖို့ခက်နေသလို......
 ကျောင်းတံခါးတွေပိတ်.. ခေါင်းလောင်းသံတွေ တိတ်စေတဲ့ 
ကမ္ဘာအနှံ့ ဘေးဒုက္ခသင့် ဒေသတွေမှာ..... ပညာကို လိုတိုင်း 
မရနိုင်ရှာကြတဲ့ လူမမယ်တို့ဘ၀ (လက်တလော) ရခိုင်ဒေသတချိုနဲ့  ကချင်ပြည်နယ်က စစ်ဘေးရှောင် ကလေးသူငယ်တို့ဒုက္ခ 
သမီးတို့နေတဲ့မြို့ ရန်ကုန်ကနေ စာနာကြည့်နိုင်ပါစေ...
သမီးလေးရေ။ သမီးလေးရဲ့ ချစ်တဲ့ဖေဖေ..။ 

ကိုမျိုး(မြန်မာစာ)
 (၂၀၁၂နိုဝင်ဘာကရေးဖွဲ့ ပြီးဂျာနယ်မှာဖေါ်ပြခဲ့တဲ့ ကဗျာကို ၂၀၁၃ဇူလိုင်၂၁(မနက် ၁၀နာရီ)က ပထမဆုံးအကြိမ်မြောက် အဖြစ် ကျင်းပပြုလုပ် တဲ့
“အခမဲ့ပညာဥယျာဉ်ကွန်ပျူတာ သင်တန်းဆင်းပွဲ”မှာ Ashin Htavaraရဲ့ တိုက်တွန်းချက်အရ ကလေးတွေကို ပညာတန်ဖိုးပြောကြားရင်း ဆီလျှော်စွာရွတ်ဆို ခဲ့တာပါ။ 

http://www.youtube.com/watch?v=gv2xWn8ADoQ&feature=shareပညာသင်လိုချင်စိတ်ကြောင့် သေနတ်ပစ်ခံခဲ့ရတဲ့ မာလာလာအကြောင်း
ဆီလျှော်ရခြင်းက အဲ့ဒီအခမ်းအနား ကျင်းပရာ
ကျွန်တော် စကားပြောရာစားပွဲ
ခုံဘေးကနံရံမှာ သေနတ်ဒါဏ်ရာနဲ့ အသက်ပျောက်ကြွေလွင့်ခဲ့ရတဲ့ ဆယ်တန်း ကျောင်းသားလေးရဲ့ ဓါတ်ပုံလေးက အမှတ်ရစရာရှိနေလို့ ပါပဲ။
တစ်နေ့ က(ဇူလိုင်၁၉က)လည်း စဉ်းစားဆင်ခြင်ဥာဏ်
ပညာမဲ့သူတစ်စုရဲ့ သေနတ်ဒါဏ်နဲ့ ပဲ ကျဆုံးခဲ့ကျရရှာသူ
ကျွန်တော်တို့ မြန်မာပြည်သူတစ်ရပ်လုံး ရဲ့
ကျေးဇူးရှင်အမျိုးသားခေါင်းဆောင်ကြီးတွေကိုအမှတ်ရ လွမ်းဆွတ်ခဲ့ကြ
ရသေးတဲ့အတွက်ပါ။

 နွမ်းပါးလွန်းကြပေမဲ့ ပညာလိုလားစိတ်မှာ
အသိတရားကြွယ်ဝလွန်းတဲ့(အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်က“အခမဲ့ပညာဥယျာဉ်
ကွန်ပျူတာသင်တန်းမှာ ပညာလိုလားစွာသင်ယူနေကြတဲ့ကလေးတွေရှိရာ သမီးလေးကိုပါ
စာနာကြည့်နိုင်ပါစေဖို့ ခေါ်သွားခဲ့ပါတယ်။

ကိုမျိုး (မြန်မာစာ)

အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်းသို့ ဆက်သွယ်လှူဒါန်းလိုလျှင် 
အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်..


Viewing all articles
Browse latest Browse all 780

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တိတ်တိတ်ပုန်း မုန့်ဖိုးပေးတဲ့အကျင့်လေး စပြင်လိုက်ကြရအောင်


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်