Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

တည်ဆောက်ဆဲ ဘုရင့်နောင်တံတား တိုင်ပြိုကျမှုဖြစ်ပွား..

$
0
0
တည်ဆောက်ဆဲ ဘုရင့်နောင်တံတားတိုင်ပြိုကျမှုဖြစ်ပွား
By Popular Myanmar News Journal
ရန်ကုန်-ဇူလိုင်၈

မရမ်းကုန်းမြို.နယ် (၁)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့်သမိုင်းလမ်း ထောင့်ရှိ ဘုရင်နောင်ဂုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း တံတားတိုင်အမှတ်(၂)ပြိုကျမှု ယနေ့ညနေ လေးနာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲသည်။ ထိုသို့ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ တံတားတိုင်အား သံချောင်းများ အသုံြး့ပု ၍ အခြားတံတားတိုင်တစ်ခုဖြစ်သော တိုင်အမှတ်(၃)နှင့် ချိတ်ဆက်ရန်ဆောင်ရွက်စဉ် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေး အင်ဂျင်နီယာတစ်ဦးကပြောသည်။

 တံတားပြိုကျမှုဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးဖြစ်သော မိဘဂုဏ်အပေါင်ဆိုင်မှ ပိုင်ရှင်ဖြစ်သူက ညနေလေးနာရီခွဲလောက်မှာ တံတားတိုင်က တအိအိပြိုကျလာတာပဲ။ စပြိုတဲ.အချိန်မှာကားတွေနဲ့ လူသွားလူလာရှင်းနေလို. ထိခိုက်ဒဏ်ရာရ တာတော့မရှိဘူး။

ဒါပေမဲ.တံတားတည်ဆောက်နေတဲ. ဆောက်လုပ်ရေး အလုပ်သမားနှစ်ယောက်ကတော့ ပြိုကျတဲ. သံတိုင်တွေနဲ့ အတူတွဲလောင်ကြီးဖြစ်နေပြီး တစ်ယောက်ခြေထောက်ကို ထိသွားတယ်။ နောက်တစ်ယောက်ကတော့ လက်နဲ.ခြေထောက်မှာ ပွန်းပဲ.ဒဏ်ရာတွေရသွားတယ်ဟု ပြောသည်။

Viewing all articles
Browse latest Browse all 780

Trending Articles