Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..

$
0
0
 အောင်ဘန်းမြို့ ရိုးမဘဏ် ဖောက်ထွင်းခံရမှု ညတွင်းချင်းဖမ်းမိ..

ဖေဖော်ဝါရီ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်ခန့်က အောင်ဘန်းမြို့ရှိ ရိုးမဘဏ်ခွဲ ဖောက်ထွင်းခံခဲ့ရကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရှိရသည်။

 ဖြစ်ပွားပုံမှာ ၅ရက်နေ့ နံနက် ၂း၀၀နာရီအချိန်တွင် အောင်ဘန်းမြို့နေ (ဘ) ဦးအောင်မင်းစိန် ၏သားဖြစ်သူ ၊မောင်အောင်ဇာနည်ဦး အသက်၁၉ နှစ်သည် ရိုးမဘဏ် အနောက်ဘက် ပေါက်မှတဆင့် ကျော်ဝင်ပြီး အတွင်းရှိဆွဲတံခါးအား အသင့်ပါလာသော သံဖြတ်ကတ်ကြေး ၊ ဓါးတို့ဖြင့် ဖျက်ပြီး ၀င်ရောက်ခဲ့ကာ၊ မှန်တံခါးအား ထုခွဲပြီး ဘဏ်အတွင်း သို့ရောက်ရှိခဲ့ကြောင်း ၊ ငွေလွဲကောင်တာ ထည်းဝင်ပြီး ငွေကြေးရှာဖွေရာ ဘာမျှမတွေ့သဖြင့် အံဆွဲတွင်းရှိ ငွေ ၁၇၀၀၀ ကျပ်သာတွေ့သဖြင့်ယူဆောင်ပြီး ဘဏ်အပြင်သို့ပြန်ထွက်လာခဲ့ကြောင်း၊ အပြင်ဘက်ရှိ ဘဏ်ညစောင့်ဖြစ်သူ ဦးထွေးမြင့်အား အား ဓါးဖြင့်ထောက်ကာ ခြိမ်းခြောက် ပြီး မီးခံသေတ္တာ သော့ တောင်းယူကြောင်း ၊ ထိုသို့တောင်းယူနေစဉ်အတွင်း ဦးထွေးမြင့်က အော်ဟစ်အကူညီတောင်းခံသဖြင့် အပြင်မှ ပတ္တာရောင်လည့်နေသည့် နယ်ထိန်း ဒုရဲအုပ်ညီညီထွန်း နှင့်အဖွဲ့ရောက်ရှိလာကြောင်း ၊ ဓားဖြင့်ထောက်သည့် ဘဏ်ဖောက်ဝင်လာသူမှာ အော်ဟစ်စဉ်ကတည်းက ထွက်ပြေးသွား သဖြင့် အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်း နှင့်ရပ်ကွက်နေပြည်သူများ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ပူးပေါင်းလိုက်လံ ရှာဖွေကြရာ အောင်ဘန်းမြို့၊ ပြည်ထောင်စု လမ်းမကြီးဘေး ၊တံတားအောက်ရှိ ၊ ရေပြွန်ကြီးအောက်တွင် လက်ရဖမ်းဆီးရရှိခဲ့မိကြောင်း အောင်ဘန်းမြို့ မှ တာဝန်ရှိသူအဖွဲ့အစည်းများ၏ ပြောပြချက်အရ သိရှိရသည်။

 ယင်းဖောက်ထွင်းမှု ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အောင်ဘန်းမြို့ ရီုးမ ဘဏ်လက်ထောက်မန်နေဂျာ ဒေါ်စန္ဒာကို က အောင်ဘန်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ အောင်ဘန်းမြို့ ရဲစခန်းမှ ပြစ်မှုပုဒ်မ ပ- ၂၆/၁၃ ၊ ပုဒ်မ၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ပြစ်မှုကျူးလွန်သူသည် အသက် (၁၉) နှစ်သာရှိသေးပြီး  တောင်ကြီးမြို့၊
 အေးသာယာ မြို့သစ်တွင် ဖွင့်လှစ်ထားသည့် ဂျီတီစီ နည်းပညာ တက္ကသိုလ်တွင် စက်မှုဘာသာရပ် သင်ကြားတက်ရောက်နေသည့်  ပထမနှစ် ကျောင်းသားတစ်ဦး ဖြစ်ကြောင်း အောင်ဘန်းမြို့ခံများကပြောသည်။

 သတင်း... ဂျွန်ချစ်ငြိမ်း(တောင်ကြီး)

ရတနာပေးပို့သည်..။

Viewing all articles
Browse latest Browse all 780

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)