Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

မတရားလာဘ်ငွေ တောင်းခံခြင်း ခံနေရသည့် ကုမ္မဏီများဆိုင်ရာအခွန်ရုံး အရာထမ်းများမှ (တိုင်ကြားစာ)

$
0
0
ကျွန်တော်များ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္မဏီများဆိုင်ရာအခွန်ရုံးတွင်၊ ဌာနတွင်းစာရင်းစစ်အဖွဲ့ဖြစ်သော စစ်ဆေရေးနှင့် အကျိုးဆောင်ဌာနခွဲမှ နှစ်ပတ်လည် စာရင်းစစ် လာရောက်မည်ဖြစ်ရာ ဌာနမှုးနှင့် ဒုညွှန်မှုး၊ လက်ထောက်ညွှန်မှုးများ၏ အစည်းဝေးဆုံးဖြတ်ချက်အရ၊ ဒုဉီးစီးမှုးတစ်သိန်း၊ ဦးစီးအရာရှိ တစ်သိန်းခွဲ ခွဲတမ်းပေးရန် ဆုံးဖြတ်သဖြင့် လစာထုတ်သည့်နေ့တွင် ဌာနစု၊ ၆စု ရှိအေအိုများမှ အပြီးတောင်း၍အိမ်သို့ လစာမပါဘဲ၊ မတရားတောင်းသော စာရင်းစစ်ကြေးပေးခဲ့ရပါသည်။

ကျွန်တော်တို့ ဋ္ဌာနတွင် အရာရှိ စုစုပေါင်း တရာကျော်ရှိရာ ယခုကောက်ခံသော     ကျပ်သိန်းတစ်ရာကျော်အား လာဘ်ပေးရန် ကောက်ယူခြင်းဖြစ်ပါသည်။ သန့်ရှင်းကောင်းမွန်သော အစိုးရအဖွဲ့ တည်ဆောက်နေချိန်တွင် ယခုကဲ့သို့ ဝန်ထမ်းအရာထမ်း အချင်းချင်း အနိုင်ထက် 
စီးနင်းမလုပ်သင့်ပါ။ ကုမ္မဏီအခွန်ရုံးမှာ နာမည်ကြီးသော်လည်း အခြားဝင်ငွေ
ပြောပလောက်အောင် မရှိပါ။ ဆေးဖိုး၊ ကွမ်းဖိုးသာရပါသည်။ စာရင်းစစ်အဖွဲ့များ အသိဖြစ်ပါသည်။ 

ရန်ကုန်တိုင်းတွင်းရှိ မြို့နယ်ကြီးများဖြစ်သော၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊မရမ်းကုန်း၊ လသာ၊ တောင်ဉက္ကလာ၊ တာမွေ၊ အစရှိသော အိမ်ခြံမြေစည်းကြပ်ရသော မြို့နယ်ကြီးများ ကဲ့သို့ 
အခွန်ထမ်း ငွေဖြူမလုံလောက်၊ မရှိသည့်သူများအား သူတို့ငွေဖြူအဟောင်းများနှင့် အစားထိုးပြီး၂၀ရာခိုင်နှုံး၊တံဆိပ်ခေါင်းခွန်အား  ၇ ရာခိုင်နှုန်းနှင့် လုပ်၍ သိန်းရာချီတောင်းပြီး ဝင်ငွေကောင်း သုံးဖြုန်းနိုင်သော အခွန်မှုးများ အချို့ စာရင်းရှိသော်လည်း ထိုသူများနှင့် နှိုင်းယှဉ်ကာ ကျွန်တော်များအဖို့ ဝန်ထုတ်ဝန်ပိုးကြီး ထမ်းရသကဲ့သို့ ဖြစ်သွားကာ ခံစားရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးမှ 
ထိန်းသိမ်းပေနိုင်ရန် တင်ပြအပ်ပါသည်။ ညွှန်ကြားရေးမှုးချုပ်နှင့် စည်းကြပ်မှုဗဟိုအဖွဲ့ ညွှန်မှုးတို့မှာလဲ
 ရာခိုင်နှုံးစားသူများ ဖြစ်နေသောကြောင့် ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။ 

ယခုတင်ပြချက်များအား ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီမှ ဝင်ရောက်စီစစ်ပါက အခြေအနေ အရပ်ရပ်အား ပို၍သိရှိရပါမည်ဖြစ်ကြောင်း ထပ်ဆင့်တင်ပြပါသည်ခင်ဗျား။   

 မတရားလာဘ်ငွေ တောင်းခံခြင်း ခံနေရသည့်    
ကုမ္မဏီများဆိုင်ရာအခွန်ရုံး အရာထမ်းများ
                                                         

Viewing all articles
Browse latest Browse all 780

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


TTA Oreo Gapp Installer


ချစ်စရာ့ မြန်မာ့ဓလေ့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ