ဒီမိုဝေယံမှတဆင့်နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ ထံသို့ အိတ်ဖွင့်ပေးစာ
သို့
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ကျွန်တော်တို့သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ ကျောင်းဆင်း သူနာပြုနှင့် ဆေးဘက်ပညာသယ် များဖြစ်ကြပါသည်။ ကျွန်တော်တို့ သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်
စစ်ပညာနှင့် သက်ဆိုင်ရာပညာရပ်တို့အား အခြားသောတပ်မတော်မှဖွင့်လှစ်ထား သည့် တက္ကသိုလ်များနည်းတူသင်ယူတက်မြော
ထို့နောက်တာဝန်ပေးအပ်ခြင်းခံရေ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ကျွန်တော်တို့သည် ထိုသို့နိုင်ငံတော်မှချီးမြှော
သို့သော် ကျွန်တော်တို့ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် မှ ကျောင်း ဆင်းသူနာပြုနှင့် ဆေးဘက်ပညာသည်တို့သည် တပ်မတော်၏ တပ်မတော်သားတစ်ဦး အလိုက်ရရှိကြသော အဆင့်သက်မှတ်ချက် တစ်ခုကို မရှိသေးပဲ နိုင်ငံတော်၏တာဝန်များ ကို ထမ်းဆောင်လာခဲ့ကြ သည်မှာ ကျောင်းဆင်းအမှတ်စဉ် ( ၁၀ ) ထိ တိုင်ရှိခဲ့ပြီဖြစ်ပါ သည်။ လူသားတိုင်း၊ တပ်မတော်သားတိုင်း ရည်မှန်းချက်ကိုယ်စီ၊ မျော်လင့်ချက်ကိုယ် စီဖြင့် တာဝန်ထမ်းဆောင်ကြိုးပမ်းနေချိန်
တပ်မတော်၏တူညီဝတ်စုံဝတ် တပ်မတော်သားများဖြစ်သည့်အားလျှေ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ယခုအခါတွင် ကျွန်တော်တို့ကျောင်းဆင်းများမှ
(ဒုတိယတန်း )၊ ဓါတ်ခွဲကျွမ်းကျင် (တတိယတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ပထမတန်း )၊ ဓါတ်မှန်ကျွမ်းကျင်( ဒုတိယတန်း ) ဓါတ်မှန်ကျွမ်းကျင် ( တတိယတန်း )၊ ကာယကုကျွမ်းကျင် (ပထမတန်း)၊ ကာယကု ကျွမ်းကျင် ( ဒုတိယတန်း )၊ ကာယကုကျွမ်းကျင် ( တတိယတန်း ) ဟူသော သက်ဆိုင်ရာပညာရပ်အလိုက် အရပ်ဘက်အခေါ်အဝေါ် အဆင့်သတ် မှတ်ချက်သာ ပေးအပ်ထား ခံရပါသည်။
ထိုသို့ တပ်မတော်၏ အဆင့်သက်မှတ်ချက် မရှိ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျာ
ထိုထက်မက များလှစွာသော အဆင်မပြေမှုများဖြင့် ကျွန်တော်တို့ကျောင်းဆင်း များမှာ နေ့စဉ်ကြုံတွေ့ရလျှက်ရှိနေရပါ
တပ်မတော်တွင်တာဝန်ထမ်းဆောင်နေေ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
တပ်မတော်တွင် တပ်သားအဆင့်မှသည် ကာကွယ်ရေးဦးစီးချုပ်ထိ အဆင့်ဆင့်ရှိနေသော် လည်း ကျွန်တော်တို့ ကျောင်းဆင်းများမှာ မည်သည့်အဆင့် ဆိုသည်ကို ယနေ့ထိတိုင် တရားဝင် သတ်မှတ် ပြဋ္ဌာန်းပေးခြင်းမရှိသေး
ထို့ပြင်လည်း သက်ဆိုင်ရာဘွဲ့ အလိုက် မဟာသိပ္ပံဘွဲ့အထိ အောင်မြင်ပြီးဆုံးပါက အရေးပေါ်ပြန်တမ်းဝင်ခန့်အပ်နိုင်
သို့သော် ကျွန်တော်တို့ကျောင်းဆင်းများမှ
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
ကျွန်တော်တို့၏ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ၀င်ခွင့်ကြော်ငြာများ ဖော်ပြရာတွင် ယခင်က အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄) ထိ သတင်းစာကြော်ငြာများတွင် ဒုဗိုလ်လစာနှင့်အညီ လစာနှုန်းထားများ ပေးအပ်မည်ဟု ခေါ်ဆိုခံခဲ့ရသော်လည်
နိုင်ငံတော်သမ္မတကြီး၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခင်ဗျား
သို့ဖြစ်ပါ၍ ကျွန်တော်တို့သည် တပ်မတော်တစ်ရပ်လုံးနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်း ခံစားခွင့်ရရှိကာ တပ်မတော်သားတိုင်းရရှိနေကြသော စစ်ဘက်ဆိုင်ရာ မည်သည့် အဆင့်သက်မှတ်ချက်တစ်ခုကိုမဆို ခံစားခွင့် ရရှိလိုပါသည်ခင်ဗျား။ ထိုသက်မှတ်ပေးမည့် အဆင့်နှင့်အညီလည်း ခံစားခွင့်ရရှိလိုပါသည်ခင်ဗျား။ လူသားတိုင်းတွင် အခွင့်အရေး၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ တန်းတူထားနိုင်၊ တန်းတူရှိနိုင်သကဲ့သို့ တပ်မတော်သားတစ်ဦးတွင်လည်း ရည်မှန်းချက်၊ မျှော်မှန်းချက် နှင့် အခွင့်အရေးများ တန်းတူထားနိုင်၊ ရှိနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်တစ်ရပ်လုံး နှင့်အတူ တူညီစစ်ဝတ်စုံကို ၀တ်ဆင် ရသကဲ့သို့၊ အခြားသောတပ်မတော်သားများနည်း တူ တာဝန်ထမ်းဆောင် ရသကဲ့သို့၊ အခြားသော ကျောင်းဆင်းများ၊ တပ်မတော်သားများ နည်းတူ သင်တန်းများ သင်ယူတက်မြောက်ခဲ့ရသကဲ့သို့ပင် အားလုံးသောတပ်မတော်သားများကဲ့ သို့ပင် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်မှ အသိအမှတ်ပြုသော " သား " တစ်ဦးအဖြစ် တပ်မတော်၏ သင့်လျှော်သော စစ်ဘက်ဆိုင်ရာအဆင့်တစ်ခုအား သက်မှတ် ပေးနိုင်ပါရန် ရိုသေလေးမြတ်စွာဖြင့် ဦးတိုက် တင်ပြအပ်ပါသည်ခင်ဗျား..
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ ကျောင်းဆင်း သူနာပြုနှင့် ဆေးဘက် ပညာသယ်များ