Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

၁၂ ရက် ၁၂ လ ၂၀၁၂ခုနှစ် သံဃာတော်များ၏ လက်ပံတောင်းတောင် အကြမ်းဖက်ခံရမှုအရေး "တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း"

$
0
0
ရန်ကုန်မြို့မှ သံဃာတော်များ 
အလံပြဘုရားလမ်းအတိုင်းဆန္ဒထုတ်ဖော်နေသော သံဃာတော်အပါး ၆၀၀ခန့်သည် ဆူးလေဘုရားသို့ ဆက်လက်ချီတက်နေကြောင်းသိရသည်။
၁၂ ရက် ၁၂ လ ၂၀၁၂ ရန်ကုန်မြို့မှ သံဃာတော်များ
၁၂ ရက် ၁၂ လ ၂၀၁၂ မန်း သံဃာတော်များ ဆန္ဒထုတ်ဖော် 
 ယနေ့ နေလည် ၁ နာရီ အချိန်ခန့် တွင် သောင်းဂဏန်းခန့် ရှိသော သံဃာတော် များက လက်ပံတောင်း အရေး အတွက် ဆန္ဒထုတ်ဖော် ခဲ့ပြီး ဗမာနိုင်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ မှ ပါဝင် ဆန္ဒထုတ် ဖော်ခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ မြ န်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင် ကော်မတီကို ၁၀ ရက် ၁၂ လ ၂၀၁၂ တွင် ဖွဲ့ စည်းခဲ့ပြီး လက်ပံတောင်း တောင် အရေးအတွက် အချက် ၃ ချက်တောင်းဆိုခဲ့သည်။ အဆိုပါ အချက် ၃ ချက်မှာ
 (၁) နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ က ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ၀န်ချတောင်းပန်ရန်။ ( ၂) အကြမ်းဖက် ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ် အရေးယူပေးရန် ( ၃ ) ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် စသည့် အချက်သုံးချက် ကိုတောင်းဆိုခဲ့ပြီး ၁၂ ရက် ၁၂ လ ၂၀၁၂ ရက်နေ့ နေ့ လည် ၁၂ နာရီတွင်နောက်ဆုံးထားပြီး လိုက်လျောပေးရန် တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း မရှိသဖြင့် ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပခုက္ကူ သံဃာများ ဆန္ဒထုတ်ဖော်မှု"
  
လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက် နိမ်နင်းသည့် ကိစ္စအား ကန့်ကွက် ရှုံ့ချသည့်အတွက် ယနေ့ နေလည် ၁၂ နာရီ အချိန်ခန့် တွင် ပခုက္ကူ သံဃာများ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကြပါသည်။ သံဃာတော်များ သည် သာသနာ အလံများ၊ မီးသင့်ခံရသော သံဃာတော်များဧ။်ဓာတ်ပုံများ ကိုဆောင်ပြီး ငြိမ်းချမ်းစွာဖြင့်မြို့မလမ်း တလျှောက် စီတန်းလှည့်လှည်ပြီး မေတ္တာသုတ်များ ရွတ်ဖတ်တော်မူကြပါသည်။

ကိုကိုဇေ(ပခုက္ကူ)
"တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်း"

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ဆန္ဒထုတ်ဖော်ခြင်းဖြင့် ယနေ့ နေ့လည်တစ်နာရီတွင် သံဃာတော်များ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး တောင်းဆိုချက်များကို မလိုက်လျောသဖြင့်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ် ကြောင်း
ဂဠုန်နီဆရာတော်မှ မိန့်ကြားသည်။ ဦးပွားဘုရားအတွင်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၁၀ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး အောက်ပါအချက်များကို ကြေညာတောင်းဆို ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဥိးဆောင်ကော်မတီ ကြေညာချက်အမှတ် ၁/၂၀၁၂

၁။ အောက်မြန်မာနိုင်ငံသံဃာတော်များနှင့်အထက်မြန်မာနိုင်ငံသံဃာတော်များပူးပေါင်းပြီး မြန်မာနိုင်ငံလုံးဆိုင် ရာ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ၁၀.၁၂.၂၀၁၂ရက်နေ့ တွင်ဖွဲ့စည်းလိုက်သည်။

၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသာ သာသနာနှင့်ပြည်သူတို့၏ အကျိုးကို မျှော်ကိုးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူများကို လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ များ ပြင်းထန်စွာ ရရှိခဲ့ပါသည်။
ထို့အပြင် သံဃာတော် အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှမိမိနိုင်ငံအတွင်း အထွဋ်အမြတ်ထား ကိုးကွယ်လျှက်ရှိသော သံဃာတော်များကို မီးလောင်ဗုန်းဖြင့် လူမဆန်စွာ မီးလောင်တိုက် ချေမှုန်းမှုကို ရှုတ်ချသောအားဖြင့် တစ်ညီတစ်ညွတ်ထဲ ပူးပေါင်းပါဝင်ကြရန် အလေးအနက်တိုက်တွန်းလိုက်သည်။

၃။ မြန်မာနိုင်ငံ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အောက်ပါအချက်များ ကို တောင်းဆိုလိုက်သည်။
(က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့မှ ထိခိုက်ဒဏ်ရာ ရကြသူများနှင့် သံဃာထုတစ်ရပ် လုံးကို ၀န်ချတောင်းပန်ရန်၊
(ခ) အကြမ်းဖတ်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်။ (ဂ)ကြေးနီစီမံကိန်းနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် အထက်ပါတောင်းဆိုချက် ၃ချက်ကို ၁၂.၁၂.၂၀၁၂ရက်နေ့နေ့လယ် ၁၂နာရီ တွင် နောက်ဆုံးထားလိုက်လောခြင်းမရှိပါက မြန်မာနိုင်ငံတစ်ဦးလုံးရှိ သံဃာတော် များနှင့် ပြည်သူလူထုများပူးပေါင်းပြီး အထွေထွေသပိတ်ကြီး ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။

သတင်း၊ ဓါတ်ပုံ - ဖိုးလပြည့်
 
 ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်မှ လည်း ယနေ့  ဒီဇင်ဘာလ ၁၂ ရက် မန်း ဆန္ဒ ထုတ်ဖော် မှုတွင် ပါဝင်ခဲ့ကြသည်...။

သတင်းများ.. ပေါ်ပြူလာဂျာနယ်..

Viewing all articles
Browse latest Browse all 780

Trending Articles