Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို နိုင်ငံတော်အဆင့် တရားစွဲပါ.. ထို့အတူ လုံခြုံရေးစည်းပေါက်ခဲ့အောင် တာဝန်မဲ့လွန်းတဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုအားလည်း ရာထူးမှ ဖယ်ရှားပေးပါ...

$
0
0
အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို နိုင်ငံတော်အဆင့် တရားစွဲပါ.. 
ထို့အတူ လုံခြုံရေးစည်းပေါက်ခဲ့အောင် တာဝန်မဲ့လွန်းတဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုအားလည်း ရာထူးမှ ဖယ်ရှားပေးပါ..

ဒီယုံမြင်လို့ ဒီခြုံထွင်ဝါဒ ဖြန့်လုပ်ဆောင်နေတဲ့ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အမေရိကန် တပ်ဖွဲ့တွေ သင်ခန်းစာ ပေးခဲ့တဲ့ အဖြစ်အပျက် ၂ခုကို ပြန်မြင်ယောင်မိတယ်.။ မှတ်မိကြဦးမလားပဲ ၂၀၀၃ခုနှစ် အီရတ်စစ်ပွဲမှာ အမေရိကန်တပ်ဖွဲ့ ဘဂ္ဂဒက် မြို့သိမ်းတိုက်ပွဲ မစဉ်နွှဲခင်ကပေါ့..။ အီရတ်လေဆိပ်ကို သိမ်းပိုက်အပြီး ထိုစဉ်က အီရတ် ပြန်ကြားရေးဝန်ကြီး Muhammed Saeed (မြန်မာအခေါ် ဗိုလ်ကျော်ဆန်း)က အမေရိကန်တွေ လက်နက်ချ အဖမ်းခံနေပါတယ် ဆုတ်ခွာနေပါပြီးဆိုပြီး ဗြောင်လိမ်နေချိန်မှာ အရင်ဦးဆုံး အမေရိကန် တင့်ကား ၂စီးမြို့ထဲဝင်လာပြီး ရှာဖွေပစ်ခတ် တိုက်ခိုက်လိုက်တာကတော့ ဆဒမ်ဟူစိန်ရဲ့ ဘတ်ပါတီဋ္ဌာချုပ်ကို မဟုတ်ပဲ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကိုပါပဲ..။ ထိုစဉ်က အမေရိကန် တင့်ကားနှစ်စီး အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနကို သေသေချာချာကို ချိန်ရွယ် ပစ်ခတ်လိုက်ပြီး ပြန်ထွက်သွားတဲ့ သတင်းရုပ်သံကို ထုတ်လွှင့်ပြသခဲ့ပါတယ်..။

 ထို့အတူ ၂၀၀၁ခုနှစ်ကလည်း အာဖဂန်နစ္စတန်က အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနရဲ့ ရုံးခန်းကို အမေရိကန်လေတပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တာပါပဲ...။ ဒါဘာကို ပြသလဲဆိုတော့ ဝါဒဖြန့် သတင်းတွေ တောက်လျှောက် ဖော်ပြနေတဲ့ အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနဟာ ရန်သူထက် အရေးကြီးလို့ တမင်ဝင်တိုက်ပြလိုက်တာပါပဲ..။

ယခုတဖန် အယ်လ်ဂျာဇီယာ သတင်းဋ္ဌာနဟာက ယနေ့ရခိုင်အရေးမှာလည်း ဘင်္ဂလီတွေ Genocide မျိုးဖြုတ်သတ်ခြင်း ခံနေရပါတယ် ဆိုပြီး မြန်မာအစိုးရ ကန့်ကွက်တဲ့ကြားက မဟုတ်မမှန် သတင်းမှတ်တမ်း ထုတ်လွှင့်သွားခဲ့တာပါပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့ အယ်လ်ဂျာဇီယာသတင်းဋ္ဌာနပဲ ဖြစ်ဖြစ် ရိုဟင်ဂျာဇီယာ သတင်းဋ္ဌာနပဲ ဖြစ်ဖြစ် မဟုတ်မမှန် လုပ်ကြံတင်ပြမှုကို ကန့်ကွက်ရမှာပါ..။ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုအတွက် နိုင်ငံတော်အဆင့် ကမ္ဘာသိ တရားစွဲနိုင်အောင် ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်..။ ပြည်သူတွေ အနေနဲ့ OIC အရေးမှာ နိုင်ငံအနှံ တညီတညွတ်တည်း ကန့်ကွက်ကြောင်း ညီညွတ်မှုကို ပြခဲ့ပြီးပါပြီ..။ အစိုးရအနေနဲ့ အယ်လ်ဂျာဇီယာသတင်းဋ္ဌာနကို နိုင်ငံတကာ ခုံရုံးမှာ တရားစွဲနိုင်ဖို့ လုပ်ဆောင်ပြရမှာပါ...။

ထို့အတူ ယနေ့ လက်ပံတောင်အရေးမှာ ကိုယ့်ပြည်သူနဲ့ သံဃာတော်တွေကို အလွန်အကျွံ အကြမ်းဖက် နှိမ်းနင်း လုပ်ဆောင်ခဲ့ပြီး တိုင်းတပါး အယ်လ်ဂျာဇီယာသတင်းဋ္ဌာနမှ ယခုလို လွယ်လွယ်ကူကူ သတင်းမှတ်တမ်း ရယူနိုင်အောင် လုံခြုံရေးစည်းပေါက်ခဲ့တဲ့ အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ တာဝန်ရှိသူများအားလည်း ရာထူးမှ ဖယ်ရှားအရေးယူပေးဖို့ တောင်းဆိုပါတယ်..။

ဒီမိုဝေယံ

Viewing all articles
Browse latest Browse all 780

Trending Articles