Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်..

$
0
0
 
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်၊ ဦးဌေးကြွယ်တို့သည် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် လက်ပန်းတောင်းတောင်အရေးနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံေ ဆွးနွေးသည်။

လက်ပန်းတောင်းတောင်အရေးနှင့် စုံစမ်းရေးကော်မရှင်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် မိမိတို့ အဖွဲ့မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈ မျိုးဆက် ကျောင်းသားများက အဆိုပါ အရေးကိစ္စများဖြေရှင်းရာတွင် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။

 ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာတွေ့ဆုံခဲ့ပြီး လက်ပန်းတောင်းတောင် ကိစ္စရပ်များအပါအ၀င် နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်သည့် ကြေငြာချက်များကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် ထုတ်ပြန်ရန်ရှိကြောင်း ကိုဋ္ဌေးကြွယ်က ပြောသည်။

သတင်း 7Day Journal
 ဓာတ်ပုံ - 88 Generation Students
 လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။
(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင်
ဟောပြောစည်းရုံးလျှက်ရှိသည်။
(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်မျ
ားကို ဖော်ထုတ်ပြီး ရင်ဆိုင်
နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန်တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွ
လှုပ်ရှားသူများ၏သဘောထားဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည်
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ပြဿနာများဖြေရှင်းပြေလည်
ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၂

Viewing all articles
Browse latest Browse all 780

Trending Articles