Quantcast
Channel: ဒီမိုဝေယံ
Viewing all articles
Browse latest Browse all 780

၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ"...

$
0
0
၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ညနေ ၃း၀၀နာရီက ကျင်းပရာ "မစ္စတာ ကွင်တာနား ပြောကြားခဲ့သော နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို ၈၈ အနေဖြင့် မည်သို့မြင်ပါသနည်း"ဟု အလင်းတန်းဂျာနယ်မှ မေးမြန်းရာ မင်းကိုနိုင်က " နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသော ဥပဒေကို အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ပြဌာန်းသင့်သည် " ဟု ဖြေကြားခဲ့သည်။
၈၈မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် News Watch ဂျာနယ်မှ မေးမြန်းရာ "ရခိုင်ရောက်သည့်အခါ ဘင်္ဂါလီများထံသို့ ရောက်ခဲ့ပါသေးသလား"ဟု ဆိုသည့်အမေးကို ကိုကိုကြီးမှ "၎င်းတို့အနေဖြင့် ရောက်ရှိခဲ့ကြောင်း၊ မောင်တောတွင် ၉၇%မှာ ဘင်္ဂါလီများဖြစ်ကြပြီး၊ ဘူးသီးတောင်တွင် နေထိုင်သော ၉၅%မှာ ဘင်္ဂါလီများဖြစ်ကြောင်း" ပြောကြားသည်။

ဘူးသီးတောင် မောင်တောရှိ ဒုက္ခသည်များမှာ ရခိုင်များဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ ရခိုင်ဒုက္ခသည်စခန်းများနှင့် မွတ်စလင်ဒုက္ခသည် စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာရှိ ကမန်တိုင်းရင်းသားများ၊ ကမန်မဟုတ်သော မွတ်စလင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊​ အမှတ် ၆ ရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ယနေ့ (သြဂုတ်လ၊ ၅ ရက်) ညနေ ၃း၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်း၌ ကျင်းပရာ မမီးမီးမှ ခရီးစဉ်အတွေ့အကြုံများကို ရှင်းလင်းပြောပြစဉ်။
၈၈မျိုးဆက်ကျောင်းသားများ ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" တွင် ဗီးနပ်စ် ဂျာနယ်မှ " ရိုဟင်ဂျာကိစ္စသည် နိုင်ငံတကာတွင် လူ့အခွင့်အရေး ကိစ္စဖြစ်နေကြောင်း၊ ၈၈အနေဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ မည်သို့မြင်ပါသနည်း" ဆိုသည့်အမေးကို မင်းကိုနိုင်က ပြန်လည်ဖြေကြားရာတွင် "ကျွန်တော်တို့ ကိုယ်တိုင်လည်း လူ့အခွင့်အရေးအတွက် အမြဲတိုက်ပွဲဝင် နေရဆဲဖြစ်ကြောင်း၊ ရခိုင်ဒေသကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့်တခုတည်းမှ ကြည့်၍ မပြည့်စုံကြောင်း၊ သမိုင်းကြောင်းနှင့် ချီ၍ ရှင်းရမည့်ကိစ္စများ၊ ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်မှုများအပါအ၀င် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရမည့် စဉ်းစားစရာများရှိကြောင်း၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဆန်ဆန် ဖန်တီး၍ နောက်ကွယ်မှ အကြံအစည်များ ရှိနေသလို ၀ါဒဖြန့်ချီမှုများလည်း ရှိနေသည်ကို ဂရုပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး တိုင်းရင်းသား အခွင့်အရေးများနှင့် အခြားရှုထောင့်များကလည်း ကြည့်ကြရမည် ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည် ထိုမေးခွန်းကို ကိုကိုကြီးက ဖြည့်စွက် ဖြေကြားရာတွင် လူသားချင်းစာနာသည့် ရှုထောင့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရှုထောင့်၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာရှုထောင့် တို့မှလည်း ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။



Viewing all articles
Browse latest Browse all 780

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


TTA Oreo Gapp Installer


ချစ်စရာ့ မြန်မာ့ဓလေ့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ